Wednesday, August 8, 2012

အိုလံပစ်ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ သြဂုတ် ၉၊ ၁၁ တွင် ယှဉ်ပြိုင်ကစားမည်


အိုလံပစ်ဘောလုံးပြိုင်ပွဲ အမျိုးသမီးဖိုင်နယ်ပွဲစဉ်အဖြစ် အမေရိကန်နှင့် ဂျပန်အသင်းပွဲစဉ်ကို သြဂုတ် ၉ ရက်နေ့တွလည်းကောင်း၊ အမျိုးသားဖိုင်နယ်ပွဲစဉ်အဖြစ် ဘရာဇီးလ်နှင့် မက္ကစီကိုအသင်း ပွဲစဉ်ကို သြဂုတ် ၁၁ ရက်တွင်လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ကစားမည်ဖြစ်
Posted on Aug 09 12 - 09:29 PM
အိုလံပစ်ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ သြဂုတ် ၉၊ ၁၁ တွင် ယှဉ်ပြိုင်ကစားမည်
လန်ဒန်အိုလံပစ် ဘောလုံးပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၆၊ ၇ ရက်များတွင် ယှဉ်ပြိုင်ခဲ့သည်။ သြဂုတ် ၆ ရက်တွင် ယှဉ်ပြိုင်သည့် အမျိုးသမီးပွဲစဉ်များတွင် ဂျပန်အသင်းက ပြင်သစ်ကို ၁-၂ ဂိုးဖြင့်လည်းကောင်း၊ အမေရိကန်က ကနေဒါကို အချိန်ပိုတွင် ၃-၄ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်သွားသည်။ သြဂုတ် ၇ ရက်တွင် ယှဉ်ပြိုင်ကစားသည့် အမျိုးသားဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မက္ကစီကိုက ဂျပန်အသင်းကို ၃-၁ ဂိုးဖြင့်လည်းကောင်း၊ ဘရာဇီးလ်က တောင်ကိုရီးယားကို ၃-၀ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသွားသည်။



(တောင်ကိုရီးယားကို ၃ ဂိုးပြတ်အနိုင်ယူပြီး ဖိုင်နယ်သို့တက်ရောက်သွားသည့် ဘရာဇီးလ်အသင်း ကစားသမားများ အောင်ပွဲခံစဉ်)

အိုလံပစ်ဘောလုံးပြိုင်ပွဲ အမျိုးသမီးဖိုင်နယ်ပွဲစဉ်အဖြစ် အမေရိကန်နှင့် ဂျပန်အသင်းပွဲစဉ်ကို သြဂုတ် ၉ ရက်နေ့တွလည်းကောင်း၊ အမျိုးသားဖိုင်နယ်ပွဲစဉ်အဖြစ် ဘရာဇီးလ်နှင့် မက္ကစီကိုအသင်း ပွဲစဉ်ကို သြဂုတ် ၁၁ ရက်တွင်လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ အမျိုးသမီးပွဲစဉ် တတိယနေရာလုပွဲကို သြဂုတ် ၉ ရက်တွင်လည်းကောင်း၊ အမျိုးသားပွဲစဉ် တတိယနေရာလုပွဲကို သြဂုတ် ၁၀ ရက်တွင်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

No comments:

Post a Comment