Monday, August 6, 2012

လိုင်းကားတွေတော့ကောင်းတော့မည်

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးဌာနနှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့အခြေစိုက် ဂျပန်ကားကုမ္ပဏီတို့အကျိုးတူပူးပေါင်းပြီး အဝေးပြေးယာဉ်များနှင့် အများပြည်သူသုံးမော်တော်ယာဉ်(City Bus)အစီးရေ ၃,၀၀၀ တင်သွင်းသွားမည်.............
7 Day News

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးဌာနနှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့အခြေစိုက် ဂျပန်ကားကုမ္ပဏီတို့အကျိုးတူပူးပေါင်းပြီး အဝေးပြေးယာဉ်များနှင့် အများပြည်သူသုံးမော်တော်ယာဉ်(City Bus)အစီးရေ ၃,၀၀၀ တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းကုမဏီဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်အောင်မြင့်က ပြောသည်။
ဂျပန်ကုမ္ပဏီနှင့် ကုန်းလမ်းပို့ဆောင်ရေးဌာနတို့ပူးပေါင်းဆောင်ရွက်ရာတွင် ဌာနကမြေနေရာပံ့ပိုးပေးပြီး ကုမ္ပဏီက န
ည်းပညာ၊ငွေကြေးနှင့်စီမံခန့်ခွဲသည့်နည်းစနစ်တို့ဖြင့်ဆာင်ရွက် သွားမည်ဖြစ်ပြီး အကျိုးခံစားခွင့်အနေဖြင့် ဌာနက ၄၀ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၆၀ရာခိုင်နှုန်းစီရရှိမည်ဖြစ်သည်။
ဂျပန်ကုမ္ပဏီသည် ဌာနကလုပ်ကိုင်လျက်ရှိသည့် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ၊တက္ကစီပြေးဆွဲခြင်း နှင့် မော်တော်ယာဉ် ပြေးဆွဲခြင်းလုပ်ငန်းများတွင် တင်သွင်းလာသည့်ကားများကို ပြေးဆွဲသွားမည်ဖြစ်သည်။

No comments:

Post a Comment