Thursday, March 1, 2012

ျေန့စဉ်ထုပ် မိုးမခ သတင်းများ

ဖေဖော်ဝါရီ ၂၉ သတင်းများ
မိုးမခက စုစည်းသည်
ကာတွန်းနေမျိုးအေး - အနိုင်လိုချင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး
မိုးမခ
ဦးခင်ညွန့်ကို ဦးခင်ရွှေ ကျေးဇူးဆပ်
By featured, ခင်ဦးသာ ဧရာဝတီ
ကြံ့ခိုင်ရေးပါတီ ဖွံ့ဖြိုးရေးလုပ်ငန်းများ ယာယီနား
By featured, ဧရာဝတီ on February 29 ဧရာဝတီ  
ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော် ဖြစ်သင့်ဟု NLD ပြော
By featured, ရန်ပိုင် on February 29, ဧရာဝတီ
သဘောတူညီချက်ရရန် တပ်ရုပ်သိမ်းရေး အဓိကကျကြောင်း KIO ပြော
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၉     မဇ္ဈိမ  
တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၉    မဇ္ဈိမ  
ရှမ်းပြည်တောင်ပိုင်းတွင် ဝမ်းရောဂါနှင့် ဝက်သက်ရောဂါ ဖြစ်နေဆဲ
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၉   မဇ္ဈိမ   ဘုရားသုံးဆူ ဝင်းကရွာမီး ဘတ်သန်း ၇၀ ကျော် ဆုံးရှုံး
ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၉  
အမဲသားဈေးကျရေး တောင်းဆိုသူ ၁၆ ဦး တရားစွဲခံရ
Published on February 29, 2012 by အေးနိုင် · DVB
ဟိုတယ်ဝန်ထမ်းအမျိုးသမီးကို ဂျပန်ပါးရိုက်မှု အပြန်အလှန် တရားစွဲဆို
Published on February 29, 2012 by ရွှေအောင် ·  DVB
ပြောင်းလဲ နေတဲ့ ကျနော်တို့ကမ္ဘာကြီး၊ ဆော်လမွ န်ငါးများ ပြန်နိုင်ပါတော့မလား
Published on February 21, 2012 by ဒေါက်တာညို ·  DVB
ဒီဗွီဘီ ပြည်တွင်းသတင်းထောက်များ တရားဝင် ရပ်တည်ခွင့်ရရေး ဦးကျော်ဆန်း စဉ်းစားပေးမည်
DVB အင်တာဗျူး ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂
==================================
ဦးခင်ညွန့်ကို ဦးခင်ရွှေ ကျေးဇူးဆပ်
By featured, ခင်ဦးသာ ဧရာဝတီ
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ၎င်း၏ လူမှုရေး လုပ်ငန်းများ၌
ကူညီဆောင်ရွက် ပေးသွားမည် ဟု ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ က ပြောသည်။
၂၀၀၂ ခုနှစ် ဧပြီလအတွင်း ရန်ကုန်တွင် ကျင်းပသော အာဆီယံ ဘဏ္ဍာရေး ၀န်ကြီးများ
အစည်းအဝေး ဖွင့်ပွ္ပဲ၌ တွေ့ရသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်(ဓာတ်ပုံ - Reuters)
“သူကလည်း လူမှုရေး ၀ါသနာပါတယ်၊ သူ့မှာ ဘာမှမရှိတော့ဘူး၊ အကုန်အသိမ်းခံလိုက်ရတယ်၊
သူအကျဉ်းကျနေတုန်းက သစ်ခွ စိုက်ပြီးတော့ ရုန်းကန်ခဲ့ရတယ်၊ ဒီလို ပုဂ္ဂိုလ် တယောက်က
ဒီလိုမျိုး ရုန်းကန်နေရတာ မသင့်တော်ဘူးဆိုပြီး ကူညီနိုင် သလောက် ကူညီပေးဖို့ သဘောပါ”ဟု
ဦးခင်ရွှေ က ဧရာဝတီကို ပြောဆိုသည်။ဦးခင်ညွှန့်အား ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ၎င်းအပေါ် ကျေးဇူးရှိခဲ့၍ မဟုတ်ကြောင်း၊
ဦးခင်ညွှန့်သည် နိုင်ငံအတွက် တတ်နိုင်သည့် အတိုင်းအတာတခုအထိ ဆောင်ရွက်ခဲ့သူဖြစ်၍
ကျေးဇူးပြန်ဆပ်ရခြင်းဖြစ်သည်ဟု ဦးခင်ရွှေ က ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ တည်ထောင်ထားသည့် မြရိပ်ညို ဖောင်ဒေးရှင်း၌
ကူညီဆောင်ရွက်ပေးရန် ဦးခင်ညွှန့်အား ကမ်းလှမ်းခဲ့ရာ လက်ခံကြောင်း၊ ဦးခင်ညွှန့်
ကိုယ်တိုင်လည်း ရွှေမှော်ဝန်း အမည်ရှိလူမှုရေးအဖွဲ့တခု တည်ထောင် ၍ ဆောင်ရွက်နေကြောင်း
သိရသည်။
“ဒီလိုကူညီပေးတဲ့ အတွက် လစာဘယ်လောက်ဆိုတာမျိုး ကန့်သတ်ထားတာ မရှိပါဘူး၊ သူလို
အပ်တာမှန်သမျှကို ၀ိုင်း လုပ်ပေး သွားဖို့ ရှိတယ်၊ ဆရာသမား တယောက်ကို ပြန်
ကျေးဇူးပြုတာပါ၊ ဗမာ့ ထုံးတမ်းအရပေါ့လေ၊ အတိုင်းအတာနဲ့ ပြော လို့မရပါဘူး”ဟု ဦးခင်ရွှေက
ဆက်ပြောသည်။
ဦးခင်ညွှန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း၌ နာယက အဖြစ် ခန့်အပ်၍ တလလျှင် အမေရိကန် ဒေါ်လာ
၅၀၀၀ ချီးမြှင့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဦးခင်ရွှေ က
ငြင်းဆိုသည်။
ဦးခင်ညွှန့် တည်ထောင်ထားသည့် ရွှေမှော်ဝန်း လူမှုရေး ဖောင်ဒေးရှင်း၌ အလှုငွေ ကျပ်သိန်း
၅၀၀ ပါဝင် ထည့်ပေးထားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်
မြရိပ်ညိုဖောင်ဒေးရှင်း အတွက် ကျပ် သိန်း တသောင်း မ တည် ထားကြောင်း၊ ၎င်းသည်
တနှစ်လျှင် ကျပ် သိန်းပေါင်း၂ သောင်းမှ ၃ သောင်းအထိ လှူဒါန်းနေပြီး ဘုရားအဆူ၂၀၀ကျော်
တည်ထားပြီးကြောင်းလည်း ဦးခင်ရွှေက ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်သည် အမိန့်မနာခံမှု၊
အဂတိ လိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် ထောင်ဒဏ် ၄၄ နှစ်အပြစ်ပေးခံခဲ့ရပြီး
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ၎င်းဖမ်းဆီးခံရပြီးနောက်
ထောက်လှမ်းရေးအဖွဲအား ဖျက်သိမ်းခဲ့ပြီး ထောက်လှမ်းရေး အဖွဲ့ဝင် အများအပြား
နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။
ဦးခင်ညွန့်သည် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ် သည်။ လွတ်မြောက်သည့်နေ့တွ င် ပြည်တွင်း ပြည်ပ
မီဒီယာသမားများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်ကလည်း လူမှုရေး လုပ်ငန်းများ
လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။“နိုင်ငံရေးတော့ လုပ်ဖို့ မရှိသေးဘူး၊ လူမှုရေးတွေပဲ လုပ်သွားမယ်”ဟု ဦးခင်ညွှန့် က ဆိုသည်။
ဦးခင်ညွှန့်နှင့် ထောက်လှမ်းရေးအဖွဲ့သည် တာဝန်ယူစဉ်ကာလ၌ တန်ခိုးသြဇာ ကြီးထွားခဲ့ပြီး
နိုင်ငံရေး လှုပ်ရှားသူများ၊ ကျောင်း သား ကျောင်းသူ အများအပြားကို ဖမ်းဆီး၍ နှစ်ရှည်
ထောင်ဒဏ်ချမှတ် အပြစ်ပေးခဲ့မှုများ ပြုလုပ်ခဲ့သည်။
ဦးခင်ရွှေသည် ဦးခင်ညွန့် အပါအ၀င် ယခင် န၀တ၊ နအဖ စစ်အစိုးရ အဖွဲ့၏ ဗိုလ်ချုပ်ကြီးများနှင့်
နီးစပ်သည့် စီးပွားရေး လုပ် ငန်းရှင်တဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်လည်း ခမည်း၊ ခမက် တော် စပ်သည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွား
လုပ်ငန်း စသည့် စီပွားရေး လုပ်ငန်းများ လုပ်ကိုင်နေပြီး စက်ရုံ၊ အလုပ်ရုံများ
တည်ဆောက်ရန်အတွက် လယ်ယာမြေသိမ်းယူမှု များကို ရန်ကုန်တိုင်းနှင့်မွန်
ပြည်နယ်များတွင် လုပ်ဆောင်နေရာ ဒေသခံပြည်သူများက မကျေနပ်၍ သက်ဆိုင်ရာ
တာဝန်ရှိသူများထံ တိုင်ကြားမှုများနှင့် လည်း ရင်ဆိုင်နေရသည်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အတွင်းမှ လယ်မြေ ဧက ၁၀၀၀ ကို ဇေကမ္ဘာ ကုမ္ပဏီက
သိမ်းယူထားသည့်အတွက် မိမိတို့ လယ်မြေများ ပြန်လည် ရရှိရေး အတွက်ဟုဆိုကာ
လယ်သမား ၇၀ ၀န်းကျင်က တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်းလည်း ဧရာဝတီ ကို
ပြောဆိုထားသည်။
ကြံ့ခိုင်ရေးပါတီ ဖွံ့ဖြိုးရေးလုပ်ငန်းများ ယာယီနား
By featured, ဧရာဝတီ on February 29 ဧရာဝတီ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က လုပ်ကိုင်နေသော လမ်းခင်းခြင်း၊
လျှပ်စစ်မီးသွယ်တန်းပေးခြင်းအပါ အ၀င် ဖွံ့ဖြိုးရေးလုပ်ငန်းများကို
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များတွင် ယာယီ ရပ်နားလိုက်ကြောင်း သိရသည်။
၂၀၁၀ သြဂုတ်လအတွင်းက ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီရုံးဖွ င့်ပွဲ နှင့် တက်ရောက်လာကြသူများ
(ဓာတ်ပုံ - ဧရာဝတီ)
ထိုလုပ်ငန်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်သည်ဟု ပြောဆိုထင်မြင် မခံရစေရန် နှင့်
ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကို လေးစား လိုက်နာသောအားဖြင့် ရပ်နားလိုက်ခြင်းဖြစ်သည်ဟု
ရန်ကုန်တိုင်း ကြံ့ခိုင်ရေး ပါတီမှ တာဝန်ရှိသူတဦး က ပြောသည်။“ကြားဖြတ် ရွေးကောက်ပွဲကာလ နီးကပ်လာလို့ ဒီလုပ်ငန်းတွေ ခဏရပ်လိုက်တာပါ။
ပြည်သူတွေကို မဲဆွယ်တယ်၊ မဲဝယ်တယ်လို့
ပြောမှာတွေရယ် ကြောင့်ပါ”ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးလျှင် ရွေးကောက်ပွဲ
မဲဆွယ်စည်းရုံးရေး စရိတ် ကျပ် သိန်း ၁၀၀ အထက် မသုံးရန် ပြဋ္ဌာန်းထားသည်။
“လမ်းခင်းတာတို့လို ဖွံ့ဖြိုးရေးလုပ်ငန်းတွေက ပါတီကနေ အကုန်အကျခံပြီး လုပ်ပေးတာပါ။
ပါတီကလုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ က သိန်း ရာထောင်ချီကုန်တယ်။ ဥပဒေအရ
အများပြောစရာ ဖြစ်မှာစိုးတာကြောင့် လူကြီးတွေက လုပ်ငန်းတွေ ခဏရပ်ထားဖို့ ညွှန်
ကြားတယ်”ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူက ဆက်ပြောသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ ရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း သက်ဆိုင်ရာမဲဆန္ဒနယ်များတွင်
ကြံ့ခိုင်ရေးပါတီမှ လွှတ်တော် ကိုယ် စားလှယ် အနိုင်ရရှိလျှင် လမ်းခင်းပေးမည်၊ အိမ်
ဂရန်ထုတ်ပေးမည်၊ ငွေကြေး ဆုချမည်၊ လျှပ်စစ်မီး သွယ်တန်း ပေးမည်ဟု အစရှိ
သော မက်လုံးများပေးကာ မဲဆန္ဒရှင် ပြည်သူများကို မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည်ဟု
စုံစမ်းသိရှိရသည်။
ကြံ့ခိုင်ရေး ပါတီသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွ င်းက ရန်ကုန်မြို့
မရမ်းကုန်းမြို့နယ်၌ အိမ်ဂရန်များ ချထားပေးမည် ဟု ဆိုပြီး ကြားဖြတ် ရွေးကောက်ပွဲ
အတွက်တရားမ၀င် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခြင်းများ ရှိခဲ့သည်။
မရမ်းကုန်းမြို့နယ် ရပ်ကွက်အားလုံးတွ င် အိမ်ဂရန်များရရှိရန် ဆောင်ရွက်ပေးမည်ဟုဆိုပြီး
အိမ်အရောင်းအ၀ယ်စာချုပ်၊အိမ်ထောင် စု စာရင်း၊ အိမ်ပိုင်ရှင်၏
နိုင်ငံသားစိစစ်ရေးကတ်အပါအ၀င် လိုအပ်သောအချက်အလက် စာရွက်စာတမ်းများကို
တောင်းခံကြောင်း၊ ဒီဇင်ဘာ၂၁ ရက်နေ့မှ၂၂ ရက်နေ့အထိ ရပ်ကွက် ကြံ့ခိုင်ရေးပါတီရုံးတွင်
လာလျှောက်ကြရန်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံနှိုးဆော်ကြကြောင်း
ဒေသခံများက ပြောဆိုထားသည်။
၂၀၁၀ ရွေးကောက်ပွဲတွ င် ကြံ့ခိုင်ရေး ပါတီသည် လမ်းခင်းခြင်း၊ ငွေထုတ်ချေးများဖြင့်
မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲ ရယူခြင်း များ အပါအ၀င် ဥပဒေနှင့်မညီသော နည်းလမ်းများဖြင့်
ရွေးကောက်ပွဲအနိုင်ရခဲ့ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီများက တရားဝင်
ထုတ်ပြန်ပြောဆိုခဲ့ကြသည်။
ယခင်ပြည်သူပိုင် အဆောက်အအုံ၊ လုပ်ငန်းများကို ပါတီပိုင်အဖြစ် သိမ်းယူ ထားကြောင်း၊
လမ်းခင်းခြင်းကဲ့သို့သော လုပ်ငန်းများကိုလည်း နိုင်ငံပိုင် ဘဏ္ဍာ ငွေကြေးများနှင့်လုပ်ကိုင်ခဲ့ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီကြီးတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ နိုင်ငံပိုင်၊ ပြည်သူပိုင် ငွေကြေး၊ အဆောက်အအုံနှင့်
ပစ္စည်းများကို ရယူသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်နိုင်သည်ဟု
ပြဋ္ဌာန်းထားသည်။
ကြံ့ခိုင်ရေး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ပါတီက
ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးပြုနေသော ငွေကြေးများသည် ပါတီပိုင် လုပ်ငန်းများနှင့်
လုပ်ငန်းရှင်များထံမှ ရရှိသော ငွေကြေးများဖြစ်သည်ဟု၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်တွင်း
သတင်း မီဒီယာ တချို့နှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ကြံ့ခိုင်ရေး ပါတီသည် ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၄၈
နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။
ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော် ဖြစ်သင့်ဟု NLD ပြော
By featured, ရန်ပိုင် on February 29, ဧရာဝတီ
တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သည့် အမျိုးသားနိုင်ငံရေး
ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်သင့် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ
ဝင်ရောက်အရွေးခံမည့် ဦးဖြိုးမင်းသိန်းက ယနေ့သွားရောက်သည့် ကြားဖြတ် ရွေးကောက်ပွဲ
မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွ င် ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ်တွင်
ဦးဖြိုးမင်းသိန်း(လက်မြှောက် ထားသူ) ကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
“ဒီမိုကရေစီပြောင်းလဲ ရေးမှာ တပ်မတော်ပါဝင်ရမယ်၊ ဘယ်ပါတီ ဘယ်အဖွဲ့
အစည်းကမှလက်နက်နဲ့ အာဏာမသိမ်းနိုင်အောင် ကာ ကွယ်စောင့်ရှောက်သင့်တယ်၊
အာဏာမှာဝင်ရောက်ပါဝင်ခြင်းဟာ တပ်မတော်အခန်းကဏ္ဍကို မှေးမှိန်စေတယ်”ဟု
ဦးဖြိုးမင်းသိန်း ကပြောသည်။
ယနေ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်သွားရောက်သော ဦးဖြိုးမင်းသိန်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်သည် တပ်မ ၁၁
အပါအ၀င်၊ တပ်ရင်းတပ်ဖွဲ့ ၃၆ ဖွဲ့ခန့်ရှိပြီး မင်းကုန်းတွင် တပ်မတော် လေ့ကျင်ရေးကျောင်းနှင့်
ဖောင်ကြီးတွင် ဗဟိုဝန်ထမ်းလေ့ကျင့် ရေးကျောင်း အခြေစိုက်ရာ ဒေသဖြစ်သည်။လက်ရှိအခြေအနေတွင် တပ်မတော်သားအများစု၏ ဘ၀မှာ ဆင်းရဲ နွမ်းပါးကြောင်း၊
၎င်းတို့ဘ၀များကို အကာအကွယ် ပေးရန်လို ကြောင်း၊ မိမိတို့ အနိုင်ရလျှင်
တပ်မတော်သားများနှင့် မိသားစုများ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရန် အတတ်နိုင်ဆုံး
အကောင်အထည် ဖော်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း ဆိုသည်။
လှည်းကူးမြို့နယ် မဲပေးနိုင်သူ ဦးရေ ၁သိန်း ၃သောင်းခန့်ရှိရာတွင် အများစုမှာ
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများဖြစ်သော်လည်း အလုပ်လက်မဲ့နှုန်းထားမှာလည်း
မြင့်မားနေသည့်အတွက် ဒေသတွင်း ဖွံဖြိုးရေးနှင့် ကျန်းမာရေး၊ ပညာရေး တိုးတက်စေရန်နှင့်
ကရင်၊ ရှမ်း တိုင်းရင်းသားများလည်း များပြားသည့်အတွက် တိုင်းရင်းသားစည်းလုံးရေး
တို့ကိုလည်း ဦးစားပေး လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဦးဖြိုးမင်းသိန်းနှင့် NLD ပါတီဝင်အင်အား ၄၀၀ ခန့်သည် မနက်ဖြန်မှ စတင်ကာ မတ်လ ၁၁
ရက်နေ့အထိ ဒေသတွင်းရှိ ရွာပေါင်း ၁၁၉ ရွာနှင့် ရပ်ကွက်ကြီး ၅ ရပ်ကွက်သို့လည်း ကားများဖြင့်
လှည့်လည်ပြီး စည်းရုံးလုပ်ငန်းများ လုပ်ဆောင်မည်ဟု သိရသည်။
လှည်းကူးမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)မှ
မြို့ခံတဦးဖြစ်သည့် ဒေါက်တာအောင်မြတ်သူ က ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး“လှည်းကူးသားမှ
လှည်းကူးကို ချစ်မည်”ဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးရေးဆင်းနေသည်။
အလားတူ တပ်မ ၅၅ အခြေစိုက်ရာ ရှမ်းပြည်တောင်ပိုင်း ကလောမြို့မှ NLD ပါတီ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်
ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာ ဒေါ်သန်းငွေကလည်း တပ်မတော်၏ အခန်းကဏ္ဍမှာ
အရေးကြီးသည့်အပြင် တပ်မတော်သားများ ၏ မိသားစုဘ၀မြှင့်တင်ရေးမှာလည်း
အရေးကြီးကြောင်း ပြောသည်။
“တပ်ထဲမှာ ပြောင်းလဲချင်တဲ့သူတွေ များတယ်၊ ကလောမှာလုပ်တဲ့
ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကဆို ကြိုတင်မဲ ယူတဲ့သူတွေကသာ ကြံ့ဖွံ့ကရတာ၊
ကြိုတင်မဲယူမထားတဲ့ တပ်တွင်းမိသားစုတွေက ကြံ့ဖွံ့ကိုမပေးဘူး၊ တခြားအဖွဲ့ကိုပေးတယ်”ဟု
၎င်းက ဆိုသည်။
ယခုရွေးကောက်ပွဲတွင် ကြိုတင်မဲ များ ရယူခြင်းမရှိဘဲ သမာသမတ်ကျကျ ပြုလုပ်မည်ဆိုလျှင်
တပ်မတော်အတွင်းရှိ အများစုက NLD ပါတီကို မဲထည့်မည်ဖြစ်ကြောင်း ဒေါက်တာ
ဒေါ်သန်းငွေက ဆက်ပြောသည်။
ဒေါက်တာ ဒေါ်သန်းငွေ ၀င်ရောက်အရွေးခံမည့် ကလောမြို့နယ် မဲဆန္ဒနယ်သည်
ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ လက်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဦးတင်နိုင် သိန်း ၏
မဲဆန္ဒနယ်ဖြစ်သည်။
ကလောမြို့နယ် မဲဆန္ဒနယ်တွင် ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ဘော်ဆိုင်းမြို့ တို့ပါဝင်ပြီး ပအို့၊
ဓနု၊ ပလောင်၊ ရှမ်း စသည့် တိုင်းရင်းသား လူမျိုးများ နေထိုင်၍ ခြံစိုက်ပျိုးခြင်းနှင့် သနပ်ဖက်
လုပ်ငန်းကို လုပ်ကိုင်သူများပြားသည်။
စိုက်ပျိုးရေးကိုသာ အဓိကထားရသည့်အတွက် ဒေသဖွံ့ဖြိုးရေးအတွက် သဘာဝ
ထင်းရှူးတောများနှင့် တောတောင် များကို အမှီပြု လုပ်ကိုင်သည့်
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ၊ တခြားသော ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန်
ဆန္ဒရှိကြောင်း၊ ကျန်း မာ ရေးနှင့် ပညာရေးကိုလည်း မြှင့်တင်လိုကြောင်း ဒေါက်တာ
ဒေါ်သန်းငွေက ဆက်လက်ပြောသည်။
ဒေသခံများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်တွဲ ၍
သိရှိကြသည်ဟုလည်း ၎င်းက ဆိုသည်။
“ဘော်ဆိုင်းမှာဆို ဟိုးတုန်းက ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို အိမ် တော်တော် များများမှာ
တွေ့ရတယ်”ဟု ဒေါ်သန်းငွေက ပြော သည်။
ကလောမြို့နယ်တွင် NLD ပါတီနှင့် ယှဉ်ပြိုင်ရမည့် ပါတီများမှာ ကြံ့ခိုင်ရေး ပါတီ၊ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ(SNDP) ခေါ်
ကျားဖြူပါတီနှင် ပအို့အမျိုးသားများ ပါတီ(PLO) တို့ဖြစ်သည်။
မနက်ဖြန် နံနက် ၈ နာရီခွဲ ခန့်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဟဲဟိုး၊
အောင်ပန်း၊ ကလောမြို့များတွင် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ လာရောက်လုပ်ကိုင်မည်
ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် တောင်ကြီး၊ ဟဲဟိုး၊ ညောင်ရွှေ၊ ရွှေညောင်၊ ရပ်စောက်၊
ရွာငံ၊ ဘော်ဆိုင်း စသည့်ဒေသများမှ ပြည်သူလူထု က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊
ရပ်ဝေးမှလာရောက်မည့် သူများအတွက် ဒေသခံများက ကောက်ညှင်းပေါင်း၊ ထမင်း၊
သောက်ရေသန့် များကို ပြင်ဆင်ထားကြောင်း သိရသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သည် လစ်လပ်နေရာ ၄၈
နေရာအားလုံး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီကလည်း ထိုနေရာ အားလုံး
ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။သဘောတူညီချက်ရရန် တပ်ရုပ်သိမ်းရေး အဓိကကျကြောင်း KIO ပြော
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၉     မဇ္ဈိမ
ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား နိုင်ငံရေး
တွေ့ဆုံဆွေးနွေးရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးရန်အတွက် KIO နယ်မြေအတွ င်း
ဝင်ရောက်နေသော အစိုးရတပ်များကို ရုပ်သိမ်းပေး ရန် လိုအပ်ကြောင်း KIO က
ပြောကြားလိုက်သည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏
စည်းဝေးပွဲအပြီး အင်္ဂါနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် သတင်းစာ
ရှင်းလင်းပွဲတရပ်တွင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာက ယင်းသို့
ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ဒီတခေါက် ပဏာမ သဘောတူညီချက်အနေနဲ့ လက်မှတ်ထိုးကြမယ် ဆိုလို့ရှိရင်
ဒီပစ်ကြခတ်ကြတာ ရပ်ဆိုင်းသွားဖို့ အစိုးရတပ်တွေ ကျနော်တို့ ဧရိယာတွေမှာ ဝင်နေတာ၊
နေရာလုနေတာတွေ ရုပ်သိမ်းပါ”ဟုဒေါက်တာလဂျာက ပြောသည်။
အကယ်၍ အစိုးရတပ်များ ရုပ်သိမ်းပေးမည်ဆိုပါက KIO နှင့် မြန်မာအစိုးရအကြား ၁၉၉၄
ခုနှစ်ကတည်းက အပစ်ရပ် လက်မှတ်ထိုးထားပြီး ဖြစ်သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုများ
လုပ်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ဒီဟာတွေသာ ရုပ်သိမ်းရင် လက်မှတ်ထိုးစရာ မလိုဘူး။ နိုင်ငံရေး စ ဆွေးနွေးမယ်။ စားပွဲ ပြင်ဖို့ပဲ
ရှိတယ်” ဟု ဒေါက်တာလဂျာက ဆက်ပြောသည်။
KIO အနေနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ ဇန်နဝါရီလက ပဏာမ
တွေ့ဆုံခဲ့ကြရာတွ င် သဘောတူညီမှု မရသေးသလို ထပ်မံ တွေ့ဆုံရန်အတွက်လည်း
အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ ခရီးလွန်နေသည်ဟု ဆိုသဖြင့် တွေ့ဆုံမည့် ရက်ကို
စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု KIO အသိုင်းအဝိုင်းမှ သိရသည်။
လတ်တလောတွင် KIO ၏ အဓိကကျသော တပ်မဟာ ၅ နှင့် တပ်မဟာ ၃ လှုပ်ရှားရာ
မိုးမောက်မြို့နယ်ခွဲ၊ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နယ်မြေများတွင် အစိုးရ တပ်အင်အား အနည်းဆုံး
၁,ဝဝဝ ကျော်က လှုပ်ရှားသွားလာနေဆဲဖြစ်သည်ဟု အမည်မဖော်လိုသည့် KIO အရာရှိတဦးကပြောသည်။
“လိုင်ဇာဝန်းကျင် နမ်ဆန်ယန်၊ လဂျားယန်၊ ဆဒုံး၊ လွယ်ဂျယ်၊ ဇင်လွ မ်ဘက်ရော ခလရ
တပ်ရင်းတွေ အများကြီးပဲ။ အစုံပဲ။ တပ်မ ၉၉၊ စကခ လက်အောက်ခံတပ်တွေ အကုန်ရောပြီး
လှုပ်ရှားနေတယ်။ တပ်မဟာ ၃ နယ်မြေ လက်အောက်ခံ တပ်ရင်း ၁၅၊ ၁၂၊ ၁၆၊ ၂၇
နယ်မြေတွေမှာဆိုရင် အင်အား ၆ဝဝ လောက် ရှိမယ်။ တပ်မဟာ ၅ နယ်မြေဘက်မှာ ၄ဝဝ၊ ၅ဝဝ
လောက် ရှိမယ်။ ဒါက အနည်းဆုံး။ ဒီထက် ပိုများမယ်”ဟု အဆိုပါ အရာရှိက မဇ္စျိမကို
ပြောသည်။
ထို့အပြင် အစိုးရ၏ စစ်တင်အင်အား ၅ဝဝ ခန့်က မြစ်ကြီးနား-ပူတာအို ကားလမ်းအတိုင်း
မြစ်ကြီးနားမြို့မှ မြောက် ဘက်သို့ ပြီးခဲ့သည့် ပတ်က ထိုးစစ်ဆင်လာပြီးနောက် အင်္ဂါနေ့
ညနေပိုင်းတွင် ယင်းဒေသသို့ စစ်ယာဉ်တန်းများ တက်သွားသည်ကို တွေ့ရကြောင်း မြစ်ကြီးနား
မြို့ခံတဦးက ပြောပြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ ၄၊ တပ်မဟာ ၃ ၊ တပ်မဟာ ၅ နယ်မြေ အချို့တို့တွင်
အစိုးရတပ်ဘက်မှ ဝင်ရောက်အခြေချကာ တပ်စွဲထားမှုများ ရှိနေသည်ဟုလည်း KIO က
ဆိုသည်။
၁၉၉၄ မှစ၍ KIO နှင့် အစိုးရ အပစ်ရပ်စဲနိုင်ခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ဇွ န်လ ၉ ရက်နေ့မှ
စတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားပါတီ၊ မွန်ပြည်တစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း
တပ်မတော်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့မှာ အပစ်အခတ်
ရပ်စဲရေးအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပဏာမ သဘောတူ
လက်မှတ်ရေးထားပြီး ဖြစ်သည်။
တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၉    မဇ္ဈိမ
ချင်းမိုင် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ
အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးကော်မတီက ကြာသာပတေးနေ့တွ င် ဆုံးဖြတ်ချက်ချ မည်ဟု အလုပ်သမားများကို
ကူညီပေးနေသည့် ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။
လှိုင်သာယာမြို့နယ် အလုပ်သမားရုံးတွင် ခုံရုံးဖွဲ့ကာ အလုပ်ရှင် အလုပ်သမား
သက်သေခံချက်များ တင်သွင်းခြင်း၊မေးမြန်စစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်းများကို ဝါဏိဇ္ဇပဋိပက္ခ
ခုံရုံးကော်မတီက ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့သည်။
"မနက်ဖြန်တော့ အမိန့်ချဖြစ်လိမ့်မယ်လို့ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီ ဥက္ကဋ္ဌ ဦးစောစိုးတင့်
ကနေပြီးတော့ညွှန်ကြားတယ်ဗျာ။ ကျနော်တို့က အဲဒီအမိန့် ဘာများဖြစ်လာမလဲလို့
စောင့်နေတယ်။ ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု
ကိုဖိုးဖြူက ပြောသည်။
ဗုဒ္ဓဟူးနေ့ စစ်ဆေးကြားနာမှုကို အလုပ်သမား ကိုယ်စားလှယ် ၄၅ ဦး အပါအဝင်၊
ရှေ့နေများဖြစ်သည့်ဒေါ်အေးအေးကြည်၊ ဒေါ်အိဖြူလွ င်တို့ တက်ရောက်ခဲ့ပြီး
အလုပ်ရှင်ဘက်မှလည်း ရှေ့နေနှစ်ဦးနှင့် မန်နေဂျာများ၊ စာရင်းကိုင်တို့ တက်ရောက်
လျှောက်လဲခဲ့ကြသည်။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅ဝ ကျပ်၊ ရက်မှန်ကြေး ၈,ဝဝဝ
ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး
တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့တည်း က တောင်းဆိုထားသော်လည်း
အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွ င်
တင်သွ င်းလျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။
ထိုကာလအတွင်း အလုပ်သမားများ ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် အလုပ်
လုပ်နေကြသည်ဟု လည်း သိရသည်။
အလုပ်သမားများဘက်မှ တောင်းဆိုချက်များတွင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊
လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊
သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံးကျ
ထားပေးရန်တို့ကိုလည်း တောင်းဆိုထားကြသည်။
တိုင်ရီ စက်ရုံမှ အလုပ်သမားများသည် မိမိတို့၏ ဆုံးရှုံးနစ်နာမှုမျာကို တင်ပြတောင်းဆိုနိုင်ရန်ဗုဒ္ဓဟူးနေ့တွင် ၄၅ ဦး ခေါင်းဆောင်သည့် အလုပ်သမား ယာယီဦးဆောင်ကော်မတီကိုလည်း
အဖွဲ့ဝင် ၁၃၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။
အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်အတွက် အစိုးရသစ်မှ ၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင်
အလုပ်သမား ဥပဒေပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ ထပ်မံထွက်ရှိလာခြင်း
မရှိသေးသည့်အတွက် အလုပ်သမားများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း
နှောင့်နှေးနေသေးသည်။
အဆိုပါ အလုပ်သမားဥပဒေ၏ အသေးစိတ် ပြဋ္ဌာန်းချက်ဖြစ်သော နည်းဥပဒေ ထုတ်ပြန်ပြီးပါက
အလုပ်သမား သမဂ္ဂအဖြစ်ဖွဲ့စည်းကာ အလုပ်သမားများ အခွင့်အရေးများကို
တောင်းဆိုလာနိုင်မည်ဟုလည်း မျှော်လင့်နေကြသည်။
"အလုပ်သမားတွေက ဆုံးရှုံးတာ နစ်နာတာတွေကို သူတို့ ပြောရေးဆိုခွင့်လည်းမရှိဘူး၊
ရှေ့လည်း မထွက်ရဲဘူး။ သမဂ္ဂ အဖွဲ့အစည်းတွေ ရှိလာရင်တော့ တောင်းဆိုလို့ ရပြီပေါ့" ဟု
တိုင်ရီ စက်ရုံ အလုပ်သမား ခေါင်းဆောင်ဒေါ်မိုးဝေက ပြောသည်။
အလုပ်သမား အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း အခြေခံ အလုပ်သမားအဖွဲ့အစည်းတွင်
အနည်းဆုံး အလုပ်သမားဦးရေ ၃ဝ ဖြင့် ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှိ အလုပ်သမား ၁ဝ
ရာခိုင်နှုန်းမှ ထောက်ခံရမည်ဟု ပါရှိသည်။ အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အဆင့်၊ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟူ၍  ခွဲခြားထားသည်။
၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အလုပ်သမား ဥပေဒတွင် အခန်း ၁၄
ခန်းပါဝင်ပြီး၊ အပိုဒ် ၅၈ ပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါဥပဒေတွင် ဆန္ဒပြရန်အတွက်
ကန့်သတ်ချက်များလည်း ပါဝင်သည်။
အလုပ်သမားများအနေဖြင့် သပိတ်မှောက်လိုပါက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏
ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်သူဦးရေ၊ သက်ဆိုင်ရာ
အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့သို့ ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်ဟု ပါရှိသည်။
ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် သို့မဟုတ် ငွေဒဏ်
ကျပ်တသိန်း၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ပါရှိသည်။ရှမ်းပြည်တောင်ပိုင်းတွင် ဝမ်းရောဂါနှင့် ဝက်သက်ရောဂါ ဖြစ်နေဆဲ
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၉   မဇ္ဈိမ
ချင်းမိုင် (မဇ္ဈိမ) ။        ။ ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ၊ ကလော၊ ဆီဆိုင်နှင့်
ပင်လောင်းမြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၄ဝ ကျော်တွင် ကူးစက် ဝမ်းရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး
ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာအချို့တွင် လည်း ဝက်သက်ရောဂါကြောင့်
ကလေးငယ်များ သေဆုံးမှုရှိနေကြောင်း ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
အသက် ၅ နှစ်အောက် ကလေးများတွင် အများဆုံးဖြစ်ပွားနေသည့် Rota Virus ခေါ်သည့်
ကူးစက် ဝမ်းရောဂါသည် အဆိုပါ လေးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ဇန်နဝါရီလပိုင်းက
စတင်ကာ ဖေဖေါ်ဝါရီလကုန်ပိုင်းထိ ပျံ့နှံနေလျက်ရှိပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၀
ဦးကျော်ထိ ရှိနေပြီဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် တိုက်နယ် ဆေးရုံ
မှတ်တမ်းများအရ သိရသည်။
“အများဆုံးဖြစ်နေတာကတော့ ဖယ်ခုံနဲ့ ဆီဆိုင်မြို့နယ်တွေ မှာပါ။ ရောဂါ လက္ခဏာ ပြတာက
အရည်ဝမ်းတွေသွား တယ်။ အားအင်တွေ ချိနဲ့ကုန်တယ်။ ၅ နှစ်အောက်မှာ အဖြစ်များတယ်။
ကျနော်တို့အခေါ်အရတော့ Rota Virus ပေါ့။သေဆုံးတဲ့ ကလေးတွေကတော့ ဆေးရုံ၊
ဆေးပေးခန်းတွေနဲ့ ဝေးတဲ့နေရာက ကလေးတွေပါ” ဟု ပြည်နယ် ဦးစီးဌာန အရာရှိတဦးက
မဇ္ဈိမကို ပြောသည်။
ဖယ်ခုံမြို့နယ်အတွင်းက မိုးဗြဲ၊ လဲုင်းပေး၊ လဲုင်းခါး၊ နောင်တန် ကျေးရွာများ အပါအဝင် ရွာပေါင်း
၁၅ ရွာခန့်တွင်ဖြစ်ပွားနေလျက် ရှိသည်။ အလားတူ ပင်လောင်းမြို့နယ်ရှိ ထီရီး၊ ထီကျစ်၊ ခြဲုင်း
ကျေးရွာများ အပါအဝင် ရွာပေါင်း၁ဝ ရွာနှင့် ဆီဆိုင်မြို့နယ်တွင်လည်း ၁၅ ရွာကျော်
ဖြစ်ပွားနေသလို ကလောမြို့နယ်တွ င်လည်း ဖြစ်ပွားလျက် ရှိကြောင်း ဆီဆိုင်
မြို့နယ်ကျန်းမာရေးဌာန မှတ်တမ်းများအရ သိရသည်။
ဝမ်းရောဂါ ဖြစ်ပွားနေသည့် နေရာများသို့ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနအောက်ရှိ
ဆေးဝန်ထမ်းများ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ဆေးပေးခန်းများမှ
ဆေးအဖွဲ့များက ဖေဖေါ်ဝါရီလလယ်ပိုင်းမှ စတင် ကာ ရေတွင်းရေကန်များကို ပိုးသတ်ဆေး
ဖျန်းခြင်းများ လုပ်ဆောင်ခဲ့သလို ဒေသခံများအနေဖြင့် တကိုယ်ရေ သန့်ရှင်းမှု၊ ရေများ
ကျိုချက်သောက်သုံးရန်နှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရန် ဟောပြောမှုများကို စတင်
လုပ်ဆောင်ခဲ့သည်ဟု ပြည်နယ်ကျန်းမာရေးဌာနထံမှ သိရသည်။ဒေသခံများအနေဖြင့် ငွေကြေးအခက်ခဲကြောင့် ဆေးဝယ်သုံးစွဲနိုင်သူ နည်းပါးသလို ဆေးရုံ
ဆေးပေးခန်းများနှင့်လည်း အလှမ်းကွာဝေးသဖြင့် ကလေးငယ်အချို့မှာ အသက်
ဆုံးပါးခဲ့ရကြောင်း ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း အတွင်း
ဆေးဝါးအကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
“ရွာတွေက ဆေးပေးခန်းတွေနဲ့ ဝေးတယ်။ မြို့တက်ပြီး ဆေးဝယ်မယ်ဆိုတော့လည်း
ဝင်ငွေ တွေက မရှိကြဘူး။ တနေ့လုပ် တနေ့စား ရုန်းကန်နေရသူတွေဆိုတော့ဗျာ။ ရွာမှာရှိတဲ့
ဗိန္ဓော ဆေးတွေနဲ့ပဲ ဖြစ်သလို ကုနေကြတာ။ အမှန်ဆို ဒီလိုရောဂါတွေက ဆေးထိုး၊
ဆေးသောက်ရုံနဲ့ ပျောက်နိုင်တဲ့ရောဂါတွေ။ ကလေးတွေက မသေဆုံးသင့်ဘဲ
သေကြရတာ” ဟု သူက မဇ္ဈိမကို ပြောသည်။
ဆီဆိုင်မြို့နယ်အတွင်းက ပအိုဝ်းလူမျိုးအများစု နေထိုင်ရာ တွူးကျန့်၊ လွယ်တဖရီး ကျေးရွာမှ
ကလေးများတွင် ဝက်သက်ရောဂါ ကူးစက်နေပြီး တွူးကျန့် ရွာတွင် ကလေးငယ် ၃၄ ဦး
ဖြစ်ပွားပြီး ထိုအထဲမှ ဖေဖေါ်ဝါရီ ၂ဝ နှင့် ၂၁ ရက်နေ့က နှစ်ရက်အတွင်း ၅ နှစ်အောက်
ကလေးငယ် ၉ ဦး သေဆုံးခဲ့ကြောင်း ဆီဆိုင်မြို့နယ် ဆေးရုံကြီးထံမှ သိရသည်။ လွယ်တဖရီး
ရွာတွင်မူ ရောဂါဖြစ်ပွားသူ ၃ ဦးသာ ရှိကြောင်း သိရသည်။
“ကလေးတွေက ဝက်သက်ရောဂါနဲ့ သေတယ်ဆိုတာ သေပြီးမှပဲ အဲဒီရွာကလူတွေ
ပြောပြချက်အရ သိရတာ။ အဲဒီရွာ မှာ ဝက်သက်ရောဂါ ဖြစ်နေတာတော့ မှန်တယ်။ ဖြစ်တဲ့
ကလေးတွေရဲ့ အရေပြားပေါ်မှာ အနီစက်တွေ ဖြစ်တယ်။ ခက်တာက အဲဒီရွာတွေက
တိုက်နယ်ဆေးရုံတွေ ၊ ဆေးပေးခန်းတွေနဲ့ ဝေးတယ်ဗျ။ သေပြီးတဲ့ နှစ်ရက် နောက်ပိုင်း
တော့ ထပ်သေတာ မရှိပါဘူး” ဟု ကူးစက်ရောဂါကု ဆရာဝန်တဦး က မဇ္ဈိမကို ပြောသည်။
ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် တွူးကျန့် ကျေးရွာသို့ ဖေဖေါ်ဝါရီ ၂၅၊ ၂၆
ရက်နေ့များက ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးဝင်းဇော်လှိုင် ဦးဆောင်သည့်
ကျန်းမာရေးအဖွဲ့များက ကွင်းဆင်းလေ့လာခဲ့ကြပြီးဒေသခံများ အရေးပေါ် လိုအပ်နေသည့်
ဝက်သက် ကာကွယ်ဆေးများကို စီစဉ်ပေးခဲ့သလို ရောဂါကာကွယ်ရေး အတွက်လည်း
ဟောပြောမှုများ ပြုလုပ်ခဲ့သည် ဟုသိရသည်။
Rota Virus အမျိုးစား ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကြောင့် ကျန်းမာရေးအသိ နိမ့်ကျပြီး
ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများတွင်နှစ်စဉ် ကလေးငယ် ၅ သိန်းခန့် သေဆုံးနေရကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ထုတ်ပြန်ထားသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ် ဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၃ သန်းမှ ၅ သန်းထိရှိပြီး ထိုအထဲကမှ ၁
သိန်းမှ ၁ သိန်းနှစ်သောင်းခန့်သည် ဝမ်းရောဂါကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ဘုရားသုံးဆူ ဝင်းကရွာမီး ဘတ်သန်း ၇၀ ကျော် ဆုံးရှုံး
ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၉
စံခလပူရီ (မဇ္ဈိမ) ။       ။ ခန့်မှန်းတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၇၀ ကျော် (မြန်မာငွေ သန်းပေါင်း
၁,၈၀၀ ကျော်) ဆုံးရှုံး သည့် မီးလောင်ကျွမ်းမှုတခု ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့
အရှေ့တောင်ဘက် ၂၅ ကီလိုမီတာကျော်ရှိ ဝင်းက မွန်ရွာကြီးတွင် အင်္ဂါနေ့ည ၈ နာရီခန့်က
ဖြစ်ပွားခဲ့သည်။
လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုကြောင့် ဗုဒ္ဓဂါယာ စေတီကြီး
ဘုရားစောင်းတန်းရှိ ဆိုင်ခန်းပေါင်း ၃၆ ခန်းမှ မြန်မာ့ယွန်းထည်များ၊ မြန်မာ့လက်မှု
ပရိဘောဂများနှင့် အနုပညာလက်ရာမြောက် ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာဝတ်စုံများ၊
တူရိယာပစ္စည်းများ၊ ငွေထည် ကြေးထည်များ နာရီဝက်အတွင်း ပြာကျသွားခဲ့သည်။
မီးလောင်ချိန်သည် ဝင်းကရွာ ဘုရားပွဲချိန်နှင့် တိုက်ဆိုင်နေပြီး ပွဲ ကြည့်ပရိသတ်များနှင့်
ကြိတ်ကြိတ်တိုး စည်းကားနေသည့်အတွက် ဆိုင်ခန်းမှ ပစ္စည်းများ သယ်ထုတ်၍ မရနိုင်ခဲ့ပေ။
ဝင်းကရွာနှင့် နှစ်ကီလိုမီတာအကွာရှိ စံခလပူရီမှ မီးသတ်ကားများ လာရောက်
ငြှိမ်းသတ်သော်လည်း မီးအားပြင်းသည့်အတွက် အလျှင်အမြန် မငြိမ်းသတ်နိုင်ခဲ့ဘဲ
လေးနာရီခန့်ကြာမှ မီးကိုငြှိမ်းသတ်နိုင်ခဲ့သည်။
ဝင်းကရွာ ဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ၆ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပပြီး မွန်ရိုးရာ
လက်ဝှေ့ပွဲများ၊ မွ န်ပြည်နယ်မှ မွန်၊ မြန်မာဇာတ်ပွဲ များအပြင်၊ ထိုင်း ကျောင်းသူ
ကျောင်းသားများ၏ အနုပညာ ဖျော်ဖြေပွဲများနှင့် ထိုင်းတေးဂီတများဖြင့် အလွန်စည်ကားသည့်
ပွဲတော်တခု ဖြစ်သည်။
အိမ်ခြေ ၁,၅၀၀ ခန့် ရှိ ဝင်းကရွာကြီးသည် မီတာ ၄၅၀ ကျော် ရှည်သည့် ထိုင်းနိုင်ငံ၏ အရှည်ဆုံး
သစ်သားတံတားနှင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာပုံတူ စေတီတော်ကြောင့် ထင်ရှားပြီးမီးလောင်သွားသည့် ဈေးဆိုင်ခန်းများမှာလည်း ထိုင်းနိုင်ငံ အတွင်းမှ လာရောက် လည်ပတ်သည့်
ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားသားများကို အဓိကထား ရောင်းချကြသည်။
မီးလောင်ကျွမ်းမှုအပြီး ဝိဝေကာရာမ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ အာဏာပိုင်များ၊
ဘုန်းတော်ကြီးကျောင်း ထိန်းသိမ်းရေး တာဝန်ရှိသူများနှင့် ဈေးဆိုင်ခန်းပိုင်ရှင်များက
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေး ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစအချိန်က ပြည်တွင်းစစ်ဒဏ်ကို တိမ်းရှောင်ရန် ထိုင်းနိုင်ငံသို့
ဝင်ရောက်လာကြသည့် ဝင်းက ဆရာတော်ဘုရားကြီးနှင့် မြန်မာနိုင်ငံ အောက်ပိုင်းမှ
အိမ်ထောင်စု ၆၀ ခန့်ရှိ မွန်လူမျိုးများက ဝင်းကရွာကို တည်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ် ထွန်ဖာဖွန်
ရေကာတာ စီမံကိန်းကြောင့် ယခုဝင်းကရွာသစ်သို့ ပြောင်းရွှေ့ခဲ့သည်။
ရွာသစ်သက်တမ်းတလျှောက် ယခုမီးလောင်ကျွမ်းမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး၊
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရသည်။
အမဲသားဈေးကျရေး တောင်းဆိုသူ ၁၆ ဦး တရားစွဲခံရ
Published on February 29, 2012 by အေးနိုင် · DVB
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အမဲသားဈေး ကြီးမြင့်လွန်းနေတဲ့အပေါ် ကန့်ကွက် တောင်းဆိုသူ ၁၆
ဦးကို စည်ပင်သာယာက တရားစွဲဆိုထားပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အမဲသားဈေး ကြီးမြင့်မှုနဲ့ ပတ်သက်လို့ လေလံပွဲရှေ့မှာ
ဆန္ဒထုတ်ဖော်ခဲ့သူ ၁၆ ဦး ၀တ္တရား နှောင့်ယှက်မှုနဲ့ တရားရင်ဆိုင်နေရတာပါ။
သူတို့တွေက ပုသိမ်မြို့မှာ အမဲသားလေလံတွေကို တဦးတည်းက ၅ ခုကို ဆွဲယူပြီး စိတ်ကြိုက်
ဈေးတင်ခြင်း မဖြစ်သင့်ဟု ဆိုကာ ဒီလ ၂ ရက်မှာ ဆန္ဒ ထုတ်ဖော်ခဲ့တဲ့အတွက် ရဲက ဖမ်းဆီးပြီး
စည်ပင်သာယာက တရားစွဲတာပါ။
သူတို့ အဆိုအရ ပုသိမ်မြို့မှာ ရောင်းတဲ့ အမဲသားဈေးဟာ ပုသိမ်မြို့ နယ်နမိတ်အပြင် ၁၀မိနစ်ခန့်
ကားမောင်းရတဲ့ နေရာတွေမှာ အမဲသား ၁ ပိဿာ ကို ကျပ် ၃,၅၀၀ လောက်သာ ရှိပေမယ့်
ပုသိမ်မြို့နယ်တွင်းမှာ ၁ ပိဿာကို ၅,၅၀၀ ကျပ်ထိ ဈေးတင် ရောင်းချနေတာကြောင့် အများသူငါဝယ်မစားနိုင်ကြဘူးလို့ သိရပါတယ်။
မြို့တွင်းမှာ အလှူလုပ်တဲ့အခါ နွား ၁ ကောင် ကိုယ့်ဖာသာကိုယ် အသားဖော်တဲ့အတွက်
လေလံသမားကို ၁ ကောင်ကို ကျပ်ငွေ ၆၀,၀၀၀ အသားတင်ပေးရသလို အရေခွံတပြား
ကျပ်၂၀,၀၀၀ ခန့် တန်ဖိုးပါ ပေးရတာကြောင့် အလှူအတန်းတွေအတွက်လည်း
ခက်ခဲလာတယ်လို့ ဆိုပါတယ်။
မြို့ခံတချို့က ဈေးသက်သာတဲ့နေရာက ၁ ပိဿာ မပြည့်တတ်တဲ့ အမဲသား ၀ယ်ယူလာတာကို
လေလံဆွဲသူနဲ့ စည်ပင်ကသိရင် အမှုလုပ်ပြီး ထောင်ချတာကြောင့် ထောင်ကျသူတွေလည်း
ရှိတယ်လို့ ဆိုပါတယ်။
ဒီလို အဖြစ်အပျက်တွေကြောင့် ကိုချစ်အေး အပါအ၀င် ၁၆ ဦးက ဖေဖော်ဝါရီ ၂ ရက်နေ့က
လေလံပစ်တဲ့ ခြံဝင်း အပြင်ဘက်မှာ တန်းစီပြီး “အမဲသားဝယ်ဈေးက ၁,၇၀၀၊ ရောင်းဈေးက
၅,၅၀၀ ပြည်သူများမစားနိုင်” လို့ ရေးထားတဲ့ စာရွက်တွေကိုင်ဆောင်ပြီး ဆန္ဒ
ထုတ်ဖော်ခဲ့ပါတယ်။
ဒီနောက် သူတို့ကို ရဲက ခေါ်ယူစစ်ဆေးခဲ့ပြီး နောက်နေ့မှာ စည်ပင်သာယာက ၀တ္တရား
နှောင့်ယှက်မှုနဲ့ တရားစွဲဆိုခဲ့တယ်။
သက်ဆိုင်ရာက သူတို့ကို ခေါ်ယူစစ်ဆေးတုန်းက အသားဈေး ကွာဟတယ် ဆိုတာ ဟုတ်၊
မဟုတ် အကြိမ်ကြိမ် အသေအချာမေးခဲ့ပေမယ့် ကွင်းဆင်း စစ်ဆေးမှု မရှိဘူးလို့ သူတို့က
ပြောပါတယ်။
တရားစွဲဆိုခံရသူတွေဘက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့နေ ၅ဦး လိုက်ပါ
ဆောင်ရွက်ပေးတယ်လို့ ကာယကံရှင် အမှုသည်တွေက ပြောပါတယ်။
ဟိုတယ်ဝန်ထမ်းအမျိုးသမီးကို ဂျပန်ပါးရိုက်မှု အပြန်အလှန် တရားစွဲဆို
Published on February 29, 2012 by ရွှေအောင် ·  DVB
ရန်ကုန်မြို့ အော့ခစ် ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ဂျပန်အမျိုးသားတဦးက ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ပတ်သက်ပြီး အပြန်အလှန် တရားစွဲဆိုထားမှုကို ဒီနေ့ တရားရုံးက
ရုံးချိန်း ခေါ်ဆိုပြီး၊ မတ်လ ၁၄ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
ပုဇွန်တောင်မြို့နယ် တရားရုံးက အခုလို ချိန်းဆိုလိုက်တာဖြစ်ပြီး ဟိုတယ်ဝန်ထမ်း
မအေးအေးကြည်ဘက်က အခု တရားရုံးဟာ ဂျပန်လူမျိုးဘက်က ဘက်လိုက်မှု ရှိတဲ့အတွက်
တရားရုံးပြောင်းပြီး အမှုစစ်ပေးဖို့ တင်ပြခဲ့တယ်လို့ ဟိုတယ် တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ ဂျပန်အမျိုးသားက ပြင်ပက အမျိုးသမီး ၁ဦးကို ညအိပ်ဖို့
ခေါ်ယူလာတဲ့အပေါ်ကို ဧည့်ကြိုဌာန ကြီးကြပ်ရေးမှူး မအေးအေးကြည်က တားမြစ်ခဲ့တာကို
မကျေနပ်တဲ့ ဂျပန်အမျိုးသားက မအေးအေးကြည်ကို ကိုယ်ထိလက်ရောက်
စော်ကားခဲ့တဲ့အတွက် မအေးအေးကြည်က တရားစွဲဆိုထားပြီး ဂျပန်အမျိုးသားကလည်း
သူ့ကိုတားမြစ်မှုနဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ပြောင်းလဲ နေတဲ့ ကျနော်တို့ကမ္ဘာကြီး၊ ဆော်လမွ န်ငါးများ ပြန်နိုင်ပါတော့မလား
Published on February 21, 2012 by ဒေါက်တာညို ·  DVB
နွေရာသီကျောင်းပိတ်ရက်တနေ့ပါ။ အဲဒီနေ့က အမေ ဘုန်းကြီးကျောင်း ဥပုသ်သွားစောင့်တယ်။
အဖေနဲ့ကျနော်တို့ ခြံထဲဆင်းပြီး အလုပ်လုပ်ကြတယ်။
တကယ်တော့ ကျနော်က ဘာမှသိပ်မလုပ်ပါဘူး။ အဖေကသာ အဓိက ခြံရှင်းလင်းရေးတွေ
လုပ်တယ်။ သစ်ပင်အောက်က သစ်ရွက်တွေကို ကျနော်လှဲတယ်။ အဖေက
သစ်ကိုင်းခြောက်တွေကို စုတယ်။ နောက်အဖေက တွင်းတခုတူးပြီး သစ်ရွက်တွေ ၊
မြက်ခြောက်တွေ ၊ သစ်ကိုင်းခြောက်တွေကို ပုံပြီးထည့်တယ်။
“အဖေမီးမရှို့ဘူးလား။” “ဟင့်အင်း၊ သစ်ဆွေးတွေဟာလည်း မြေဩဇာလုပ်လို့ရတာ ပဲ။”
ကျနော်တို့ မွန်ပြည်နယ်က လူတွေဟာ သစ်ဆွေးတွေကို မြေကြီးနဲ့အတူ မီးရှို့ကာ
မြေကျက်လုပ်ကြတယ်။ မြေကျက်ဆိုတာ မြေဩဇာပဲလို့ သူတို့ဆိုကြတယ်။ တကယ်လည်း
မြေကျက်ဆိုတာ အရွက်တွေကို မီးရှို့တဲ့အတွက် အဲဒီသစ်ရွက်တွေက လောင်ကျွမ်းပြီး
ထွက်လာတဲ့ ပြာအများစုဟာ Mineral (သတ္တုအောက်ဆိုဒ်) တွေ ဖြစ်တယ်။ သစ်ပင်အတွက်
အသုံးဝင်တယ်။ နောက်တခုက အပင်ကိုဖျက်တဲ့ပိုးတွေ ၊ ခြတွေဟာ မြေကြီး မီးဖုတ်လိုက်ရင်
သေကုန်တယ်။ ဒါကြောင့် မြေကျက်ကို မွန်ဒေသက လူတွေ ကြိုက်ကြတယ်။သို့သော် ဒီမြေကျက်ဖုတ်တဲ့အခါ မြေဆီလွှာတွေပျက်တယ်။ နိုက်ထရိုဂျင် ဒြပ်ပေါင်းတွေ
ပျက်စီးတယ်။ နိုက်ထရိုဂျင်ထုတ်ပေးတဲ့ ဘက်တီးရီးယားတွေလည်း သေတယ်။
မြေကြီးကိုပွစေတဲ့ တီကောင်တွေ တီဥတွေလည်း သေကြတယ်တဲ့။
ဒီတော့ သဘာဝမြေဆွေးလုပ်တဲ့နည်းကို သဘောကျတယ်လို့ အဖေက ပြောတယ်။
အဖေရဲ့ညီ (ကျနော်တို့ ဦးလေး) ဟာ စိုက်ပျိုးရေးအရာရှိပါ။ အဖေက ဦးလေးကို လေးစားပါတယ်။
ဦးလေးက ရန်ကုန်ရုံးချုပ်မှာ ရုံးထိုင်တယ်။ အဖေက ဦးလေး ဘီလူးကျွ န်းကိုလာရင် စိုက်ပျိုးရေးနဲ့
ပတ်သက်ပြီး ဆွေးနွေးတတ်တယ်။ ဦးလေးက သစ်တောပြုန်းတီးတဲ့အကြောင်းကို ပြောတယ်။
တောမီးတွေကြောင့် သဘာဝတွေ ပျက်တယ်ပြောတော့ အဖေက ရယ်တယ်။
အဖေက “တောမီးလောင်တာဟာ သဘာဝပဲ” လို့ ပြောတော့ ဦးလေး ခေါင်းညိတ်တယ်။
“အရင်ကတော့ ဟုတ်ပါတယ်။ တို့မသိတာတွေ အများကြီးပဲကွ။ မြစ်ရေကြီးတာလည်း
ချိန်ခွ င်ညှာထားတဲ့ သဘာဝပဲ” အဲဒီတုန်းက အဖေတို့ပြောတာကို ကျနော် ဘာမှ သိပ်ပြီး
နားမလည်ပါ။ အဖေ့ကို သဘာဝအကြောင်းမေးတော့ “သဘာဝဆိုတာ တို့နေ့စဉ်
တွေ့နေကြုံနေရတာတွေကို ချိန်ခွင်လိုညှိထားတာတွေကွ” လို့ ပြောပြတတ်တယ်။
အဖေ့ကို “တောမီးလောင်တာ သဘာဝပဲ” ဆိုတာကို ပြန်ရှင်းခိုင်းတယ်။
ရှေးအခါက သစ်တောတွေထဲမှာ အပင်တွေ များလာတယ်။ နောက်ထပ် တိုးပွားလာမယ့်
သစ်ပင်ငယ်လေးတွေအတွက် နေရာမရှိတော့ဘူး။ တပင်နဲ့ တပင် ပွတ်တိုက်တယ်။
ပွတ်တိုက်တဲ့အခါ အပူတွေ ထွက်လာတယ်။ မီးတွေ ပွင့်ပြီး အပင်တွေဟာ မီးလောင်လာတယ်။
ဒီတော့ တခါတခါမှာ တောတတောလုံး ကုန်သွားတဲ့အထိ လောင်သွားတယ်”
“ဆိုးတယ်နော်အဖေ။ သစ်ပင်တွေ အားလုံး ကုန်သွားရင် တောကြီး မဖြစ်လာတော့ဘူးပေါ့။”
“သစ်ပင်အားလုံး ကုန်မသွားဘူး သားရဲ့။ တချို့တော့ အသက်ရှင်ရပ်တည် ကျန်ရစ်တာပဲ။”
ကျနော် ခေါင်းညိတ်ပါတယ်။ ကျောင်းမှာ ကျနော်တို့ ဇီဝဗေဒဆရာက သဘာဝ မှာ
ရွေးချယ်တတ်တဲ့ တရားရှိတယ်လို့ ရှင်းပြခဲ့တယ်။ အသန်စွမ်းဆုံးသာလျှင်
အသက်ရှင်ရပ်တည်မယ့်သဘောကို ပြောတာပါပဲ။အဖေက ဆက်ရှင်းပြတယ်။ သစ်တောတွေ မီးလောင်တဲ့အခါ အချို့အပင်တွေက ပိုပြီး
သန်စွမ်းလာတယ်ကွ။ သူတို့ဟာ လွတ်လွတ်လပ်လပ် ကြီးထွားသန်စွမ်းခွင့် ရလာတယ်။
မြေဩဇာတွေလည်း အပိုင်ရရှိပြီး ကောင်းကောင်း သုံးလာနိုင်တယ်။
“အဖေပြောသလို မဟုတ်ဘဲ မီးဟာ တောက်လျှောက်မရပ်ဘဲ လောင်တာမျိုး မရှိဘူးလား။”
“ရှိတာပေါ့။ ဒါပေမယ့် တတောလုံးတော့ ပြောင်လေ့မရှိပါဘူး။ ဒီလို တောမီးလောင်ရင်
ပတ်ဝန်းကျင်မှာ မီးခိုးတွေနဲ့ လူတွေရော၊ တိရစ္ဆာန်တွေပါ ဒုက္ခရောက်တယ်”
“သဘာဝက ထူးဆန်းတယ်နော်”
“အေးကွ။ သဘာဝဆိုတာ သတ္တဝါတမျိုး၊ အပင်တမျိုးအတွက် မဟုတ်ဘူးကွ။
အားလုံးအတွက်ဘဲ။ မသင့်တော်တဲ့ သူတွေ ကမ္ဘာကြီးကနေ ပျောက်သွားတာပဲ။”
“ဦးလေးနဲ့ အဖေတို့ပြောသွားတဲ့ စကားတခုကို သတိရနေတယ်။ ရေကြီးတာ
သဘာဝတရားဆိုတာ ကျနော် သဘောပေါက်ပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုး ချိန်ခွင်ညှာက
ညှိထားတာလဲ။ ကျနော် ရုပ်ရှင်တွေထဲမှာ တွေ့ဖူးတယ်။ မြစ်ရေကြီးလာလို့ ကမ်းနားက အိမ်တွေ
ပြိုကျတယ်။ သစ်ပင်တွေ မြစ်ထဲ ပါသွားတယ်။ လူတွေ ၊ တိရစ္ဆာန်တွေလည်း
သေတာပဲမဟုတ်လား။
အေး၊ ဟုတ်တယ်လေ။ လူတွေက မြစ်ကမ်းကနေ ဝေးဝေးသွားကြရတယ်။ သူတို့ဟာ
မြစ်ကမ်းတွေ မပြိုအောင် ကျောက်တွေ ချတယ်။ သဲအိတ်တွေနဲ့ ကာကွယ်ကြတယ်ပေါ့။
ဒါပေမယ့် မြစ်ရေ တကယ်တမ်းတိုးလာရင် မတတ်နိုင်ကြဘူး။ ကမ်းတွေပြိုတယ်၊
ရေတွေလျှံတော့ တာပဲကွ။ ဥပမာ – အီဂျစ်က နိုင်းမြစ်ဆိုပါတော့။ နှစ်စဉ်လိုလို ရေကြီးတယ်။
ဒီတော့ဘာဖြစ်လဲ။ နိုင်းမြစ်ကမ်းဟာ မြေဩဇာ အင်မတန် ကောင်းတယ်။ စိုက်ပျိုးရေးအတွက်
အင်မတန် အရေးကြီးတယ်ကွ။
အဲဒီတုန်းကတည်းက အဖေပြောတဲ့ နိုင်းမြစ်ကို ကျနော် ကြားဖူးခဲ့ပါတယ်။ သဲကန္တာရထဲမှာ
ဖြတ်စီးသွားတဲ့ မြစ်ပတ်ဝန်းကျင်ဟာ စိုက်ပျိုးဖြစ်ထွ န်းတဲ့ဒေသကြီး ဖြစ်ခဲ့တယ်။
ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ မဲခေါင်မြစ်တို့ဟာ ကျနော်တို့
နိုင်ငံကို စိုက်ပျိုးရေး နိုင်ငံဖြစ်စေတဲ့ အချက်တခုပဲလို့ သဘောပေါက်ပါတယ်။ဥပမာ – မဲခေါင်မြစ်ဆိုပါတော့။ နိုင်ငံငါးနိုင်ငံကို ဖြတ်စီးသွားတယ်။
အဲဒီမြစ်ကို အမှီပြုနေသူတွေဟာ ၆၄ သန်းကျော်ရှိတယ်။ ကျနော်တို့ နိုင်ငံ လူဦးရေလောက်ပဲ
ဖြစ်တယ်။ သူတို့ဟာ မြစ်တခိုသာ မှီပြီးနေထိုင်ကြတယ်။ ဒါကြောင့်လည်း အရင်ခေတ်က
ရေကြည်ရာ မြက်နုရာ သွားရောက် ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဆိုကြတာပဲ။ ကျနော်တို့ ရဲ့
ဘိုးဘွားဘီဘင်တွေ ဒီလို နေကြတာပါပဲ။
အဖေရေ . . . အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းမှာ ရေကာတာ ဆောက်လိုက်တာကိုရော သိလား။”
အဖေက “သိတာပေါ့ . . . သားရယ်။ အာဆွမ်ဒမ်လို့ ခေါ်တယ်။ ကမ္ဘာ့ဘဏ်က ချေးငွေ
ဒေါ်လာဘီလီယံပေါင်းများစွာ ထုတ်ယူပြီး ဆောက်တာပဲ။ ကျွမ်းကျင်သူ ပါရဂူများက
ထောက်ခံပြီး အကောင်းဆုံး ဆောင်ရွက်ခဲ့တာပဲ သား။ အဲဒီဆည်ဟာ ကန္တာရအလယ်က
အိုအေစစ်လို အကြီးကြီးပေါ့ သား။” အဖေ မဆုံးမီလေးတင် အဖေ့ကို ကျနော် မေးဖူးတာပါ။
အဲဒီဆည်အကြောင်း ကျနော် ပြောချင်လို့ပါ။ “ပညာရှင် (Experts) တွေ မှားသွားတာ
အဖေသိလား။” “ဟုတ်လား . . . သား။ ဘယ်လိုဖြစ်တာလဲ ” “အဖေပြောသလို မြစ်အပေါ်က
ဆည်ဆောက်လိုက်တော့ မြစ်ရေတွေ နည်းသွားတယ်။ ရေမလျှံတော့ နိုင်းမြစ်ဝှမ်းမှာ သီးနှံ
ကောင်းကောင်း မစိုက်နိုင်ကြဘူး။ ရေဟာလည်း လိုသလောက် မတက်လာတော့
ရေပေးဝေမှုတွေ နှောင့်နှေးရတယ်။ မြစ်ထဲက ငါးတွေလည်း ဥမချနိုင်ကြဘူး။”
အဖေ့ကို နိုင်းမြစ်က ဆော်လမွန်ငါးတွေအကြောင်း ပြောပြခဲ့ပါတယ်။
“ဆော်လမွန်ငါးတွေ မြစ်ညာတက် ဥချလို့ မရတော့ဘူးပေါ့ အဖေရယ်။ သူတို့ပြန်စရာ
ဘယ်ရှိမလဲ။”
အဖေပြုံးတယ်။
“မင်းက ခင်ဝမ်းရဲ့ပရိသတ်ပဲကိုး။” အဖေ့ကို ကျွန်တော်ခေါင်းညိတ် ပြလိုက်ပါတယ်။
အဖေရေ လောကကြီးမှာ တခါတခါ မှားတာတွေရှိတယ်။ ဒါပေမယ့် သဘာဝနဲ့ ပတ်သက်ပြီး
မှားတာဆိုရင်တော့ ပြုပြင်ရခက်တယ်။ ယနေ့ အဖေမရှိတော့ပြီ။အဖေမရှိတော့ပေမယ့် အဖေပေးတဲ့ သဘာဝအသိတွေ ကျနော့်ကို ဖမ်းစားနေဆဲပါပဲ။
ကျိုတိုဆွေးနွေးပွဲ သဘောတူညီချက် . . .
ကိုပင်ဟေဂင် ဆွေးနွေးပွဲ . . .
နောက်ကင်ကွန်း ဆွေးနွေးပွဲ ..အဖြေရှာညှိနှိုင်းဖို့အတွက် အချိန်သိပ်မရှိတော့ဘူးလေ။
တကယ်တော့ အဖေတို့လက်ထက်က သဘာဝနဲ့ ယနေ့ သဘာဝ . . . ဘယ်လောက်
ကွာခြားနေပါသလဲ။ အားလုံးသိကြပါတယ်။ ကာဗွန်ခြေရာ ခံနေကြတယ်လို့ ဆိုတာပါပဲ။
ဒါပေမယ့် လေအေးစက်တွေဖွင့်ကာ စဉ်းစားနေကြတဲ့ အစည်းအဝေးခန်းမတွေက
သဘာဝပတ်ဝန်းကျင် အဖြေတွေ ထိရောက်ပါ့မလား။
အင်ဒိုနီးရှားမှာ တောမီးတွေ လောင်နေဆဲ ပါပဲ။
ကမ္ဘာကြီးပူနွေးလို့ မဲခေါင်မြစ်လည်း ရေနည်းလာသတဲ့။
ဆော်လမွန်ငါးများ ပြန်နိုင်ပါတော့မလား။
ဒီဗွီဘီ ပြည်တွင်းသတင်းထောက်များ တရားဝင် ရပ်တည်ခွင့်ရရေး ဦးကျော်ဆန်း စဉ်းစားပေးမည်
DVB အင်တာဗျူး ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂
ဒီမိုကရက်တစ်မြန်မာ့အသံက သတင်းထောက်တွေ ပြည်တွင်းမှာ တရားဝင်လာရောက်
သတင်းယူဖို့ မြန်မာအစိုးရက သဘောတူလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဒီဗွီဘီ ညွှန်ကြားရေးမှူးနဲ့ အယ်ဒီတာချုပ်
ဦးအေးချမ်းနိုင်နဲ့ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့ဒီနေ့နေပြည်တော်မှာ
တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီမှု ရခဲ့တာလို့ ဦးအေးချမ်းနိုင်က ပြောပါတယ်။
ဒါ့အပြင် ဒီဗွီဘီရုံးခွဲတွေ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွ င့်ပြုရေးကိစ္စနဲ့ ဒီဗွီဘီ
ပြည်တွင်းသတင်းထောက်တွေ တရားဝင် ရပ်တည်ခွင့်ရဖို့ ကိစ္စကိုတော့ အမြန်ဆုံးအလေးအနက် စဉ်းစားပေးမယ်လို့ဝန်ကြီးဦးကျော်ဆန်းက ပြောကြားတယ်လို့ သိရပါတယ်။
ဒီနေ့တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဦးအေးချမ်းနိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဒီနေ့ နေပြည်တော်ကို သွားပြီးတော့ အစိုးရ အဖွဲ့အစည်းတွေနဲ့ သွားပြီးတော့ တွေ့တယ်လို့
သိရပါတယ်။ ဘယ်သူတွေနဲ့ တွေ့ခဲ့ပြီး ဘာတွေဆွေးနွေးခဲ့သလဲ။
“ဒီနေ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရယ်၊ ပြန်ကြားရေးဌာန ညွှန်ချုပ် ဦးရဲထွဋ်၊
မြန်မာ့အသံက ညွှန်မှူး၊ ရုံးအဖွဲ့မှူး ဦးမြင့်ထွေးလည်း ပါပါတယ်။ အစည်းအဝေး လုပ်ပါတယ်။
အစည်းအဝေး လုပ်တဲ့အခါမှာ ကျနော်တို့ဘက်ကလည်း လိုအပ်တဲ့ အချက်တွေ
တောင်းဆိုခဲ့တာတွေ ရှိပါတယ်။ တချို့အချက်တွေကိုတော့ ၀န်ကြီးက သူစဉ်းစားပြီးမှ
ဆောင်ရွက်ပေးမယ် ပြောပါတယ်။ တချို့ အချက်တွေကိုတော့ တခါတည်း သဘောတူတဲ့
အချက်တွေ ရှိပါတယ်။”
အဓိက အကြမ်းဖျင်း သဘောတူခဲ့တာကို နည်းနည်းလောက် အသေးစိတ် ပြောပြပေးလို့ရမလား။
ဘယ်ကိစ္စတွေမှာ သဘောတူခဲ့တာလဲ။
“အသေးစိတ်ကိုတော့ သူတို့နဲ့ ပြန်ညှိပြီးတော့ ကျနော်တို့ သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။
အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ ပြည်တွင်းမှာ သတင်းပြန်လာယူဖို့ ကိစ္စပါ။၊ ကျနော်တို့
သတင်းထောက်တွေ တရားဝင် ပြည်တွင်းမှာ သတင်းပြန်လာယူဖို့ ကိစ္စမျိုးကိုတော့ ၀န်ကြီးက
သဘောတူပါတယ်။ ကျနော်တို့ ပုံမှန် သတင်းထောက် တဦး လာမယ့်အကြောင်း၊
လျှောက်လွှာတင်ဖို့၊ သတင်းထောက်က လျှောက်ဖို့၊ ပုံမှန် လုပ်ငန်းစဉ် အတိုင်း သွားရမှာပေါ့။
ဒါကို သဘောတူပါတယ်။”
ပြည်တွင်းမှာရှိတဲ့ ဒီဗွီဘီ သတင်းထောက်တွေကကော ဘယ်လိုပုံစံနဲ့ ရပ်တည်လို့ရမလဲ။
“အဲဒီကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ ၀န်ကြီးပြောတာတော့ တခြားဌာနတွေကလည်း ဒီလိုမျိုး
အလားတူ တောင်းဆိုထားတာ ရှိတယ်။ သူတို့ နည်းနည်းလေး ထပ်ပြီးတော့ စဉ်းစားရမယ်လို့
ပြောပါတယ်။ ကျနော်တို့ အခု အစည်းအဝေး ပြီးတဲ့အခါမှာ ရှေ့ဆက်ပြီးတော့ တွဲလုပ်ဖို့ဟာမျိုး၊
ရှေ့ဆက်ပြီး ပြောခဲ့တဲ့ အကြောင်းအရာတွေကို ဆက်လုပ်ရမှာတွေ ရှိပါတယ်။ ဥပမာ တခုဆိုရင်
ရုံးခန်းဖွ င့်ဖို့ပေါ့၊ ကျနော်ပြောတာတော့ ယာယီရုံးခန်းလေး အဲ့ဒါကို အမြန်ဆုံး ဖွ င့်ချင်ပါတယ်လို့
တောင်းဆိုပါတယ်။ ၀န်ကြီးကလည်း ဒီကိစ္စကို အမြန်ဆုံး စဉ်းစားပေးမယ်လို့ ပြောပါတယ်။”မနက်ဖြန်ကျရင်ရော ဘယ်သူတွေနဲ့တွေ့ဖို့ ရှိသလဲ။
“ရန်ကုန်ဆင်းပြီး မနက်ဖြန်မှာတော့ ပြည်တွင်းစာနယ်ဇင်းက လူတွေနဲ့တွေ့ဖို့ ရှိသလို
နိုင်ငံတကာ စာနယ်ဇင်းအသင်းက အဖွဲ့တွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ အခု စာပေ စိစစ်ရေးက
ညွှန်ချုပ် ဦးတင်ဆွေနဲ့ တွေ့ပါမယ်။ သမ္မတရဲ့ အကြံပေး ဒေါက်တာ နေဇင်လတ်နဲ့လည်း
တွေ့ပါမယ်။”
သာမန်ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာကော ဒီဗွီဘီ ပရိသတ်တွေနဲ့ကော စကားပြောခွင့်ရခဲ့လား။
သူတို့အမြင်ကကော ဘယ်လိုရှိလဲ။
“အခုချိန်ထိတော့ ဗီဇာက၅ရက်ပဲ ရတော့ သာမန် ပြည်သူတွေနဲ့တွေ့ဖို့ သိပ်လည်း
အချိန်မရတော့ ဘယ်ကိုမှ မရောက်ဖြစ်ပါဘူး။ အဖွဲ့အစည်း အစည်းအဝေးတွေနဲ့ပဲ
အချိန်ကုန်သွားတယ်။
ပြီးခဲ့တဲ့ တနလာင်္ နေ့က ရောက်ပြီးကတ့ည်းက နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား
အဖွဲ့တွေ၊ စာနယ်ဇင်းသမားတွေနဲ့ ဦးဝင်းတင်တို့ရယ် တော်တော်များများနဲ့ တွေ့ပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်ကပေါ့။ တွေ့တဲ့အခါမှာတော့ တခု သတိထားမိတာတော့ အားလုံးတူတဲ့အချက်က
ဒီဗွီဘီက အရေးကြီးတဲ့ သတင်းဌာနတခု ဖြစ်တယ်။ မရှိမဖြစ် လိုအပ်တဲ့
သတင်းဌာနတခုဖြစ်တယ် ဆိုတာ တွေ့တဲ့လူတိုင်းကပြောတာ တူပါတယ်။ နောက်ပြီးတော့
ဒီဗွီဘီက လွှင့်နေတဲ့ သတင်းတွေ အပေါ်မှာလည်း အတော်ကို တန်ဖိုးထားကြတာကို
တွေ့ရတယ်။”
ဦးအေးချမ်းနိုင်တို့က နှစ်ပေါင်း ၂၀ ကျော်ကြာ မြန်မာပြည်နဲ့ ကင်းကွာခဲ့တယ်ဆိုတော့
ပြန်ရောက်တဲ့အချိန်မှာ မြန်မာပြည်က သာမန်ပြည်သူတွေ ရဲ့ဘ၀က ဘယ်လိုအခြေအနေ ရှိလဲ။
တိုးတက် ကောင်းမွန်အောင် လုပ်ဖို့ မြင်မိတာရှိပါသလား။
“မြင်မိတာတော့ တော်တော်များများ လုပ်စရာတွေ ရှိပါတယ်။ ဥပမာ - ပြောရရင် လူထုတွေရဲ့
ဘ၀တွေကို တွေ့ရတာက ကျနော်တို့တွေ မထွက်ခင် လွန်ခဲ့တဲ့ ၂၃ နှစ်က အခြေအနေနဲ့
သိပ်မကွာလှဘူး။ ဒါကျနော် မြို့နယ်အပိုင်းမှာပေါ့။ မြို့ပြင်တွေဘာတွေ ရောက်တယ် ဆိုရင်တော့
ဒီထက် ပိုဆိုးကောင်း ဆိုးနိုင်ပါတယ်။ ကျနော်မြင်တာတော့ တိုင်းပြည်တိုးတက်ဖို့
ပြုပြင်ပြောင်းလဲ မှု လုပ်စရာ တော်တော်များများ ရှိပါတယ်။”

No comments:

Post a Comment