Monday, August 6, 2012

အင်္ဂလန်ဘောလုံးကလပ်အသင်း မန်ချက်စတာယူနိုက်တက်က ပေါင်စတာလင် သန်း ၃၀ ဖြင့် ခေါ်ယူရန် စီစဉ်နေသော ဘရာဇီး လူငယ်ကစားသမား လူးကက်စ် မိုရာကို ပြင်သစ်ထိပ်သီး PSG က ကြားဖြတ်ခေါ်ယူရန် ကမ်းလှမ်းလိုက်သည်။

အသက် ၁၉ နှစ်အရွယ် ဆော်ပေါလိုအသင်း ကွင်းလယ်ဖန်တီးရှင် မိုရာနှင့် PSG တို့ကြား ၅ နှစ်သက်တမ်း အပြောင်းအရွှေ့ စာချုပ်တစ်ရပ်ချုပ်ဆိုရန် သဘောတူညီမှု ရလုနီးပါးရှိပြီဖြစ်ကြောင်း Daily Mail သတင်းက ဖော်ပြသည်။

မိုရာ၏ အေးဂျင့်ဖြစ်သူ ဝက်ဂ်နာ ရီဘီရိုနှင့် PSG အားကစားဒါရိုက်တာ လီယိုနာဒိုတို့ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment