ကလေးကနေ လူကြီးဖြစ်လာတဲ့ ဒီအရွယ်မှာတော့ အပြောခံကျနော်က တခါတရံပြောသူနေရာကို ပြန်ပြန်ရောက်ချင်ရလောက်အောင် စိတ် ခုစရာလေးတွေ တွေ့လာရတယ်။ အတွေ့အကြုံ၊ ပညာရင့်လို့တော့ မဟုတ်ပါဘူး။ ခပ်ငေါ့ငေါ့ပြောပြစ်ချင်တဲ့စိတ်
ဒီခေတ်အခါ ဒီအချိန်ကြီးမှာ အင်တာနက် ပုံမှန်သုံး၊ သတင်းတွေ ပုံမှန်ဖတ်၊ Facebook မှာ ဝေမျှကြတဲ့ လူအမျိုးမျိုးရဲ့ အမြင်အမျိုးမျိုးကို ဂရုတစိုက်ဖတ်ဖြစ်ရင် မြန်မာနိုင်ငံကြီးနဲ့ ပတ်သက်သမျှ သတင်း၊ ပလင်း၊ အတင်းတွေ သိရနိုင်ပါတယ်။ ကျနော်လဲ ထို့အတူဘဲပေါ့။ ဒေါ် အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွဲနိုင် နွားနိုင် နိုင်တာ ပြီးခဲ့ပါပြီ။ ကြားထဲမှာ စကားလုံးတခုအတွက် အဖုအထစ်အနည်းငယ်ဖြစ်သွားတာလည်း ဖြစ်ခဲ့ပြီ။ ဒါပေမယ့် NLD ရေးကောက်ပွဲနိုင်တာကို အောက်ကလိအာအသံလေးတွေ၊ ရိတိတိပြော ချင်တဲ့အသံလေးတွေ ဟိုက၊ ဒီကကြားနေရသေးတာ အံ့သြလို့မဆုံးနိုင်ဘူး။
NLD နိုင်တာကို မီဒီယာတွေ ဘက်လိုက်လို့ပါလို့ ပြောသူလဲ ပြောရဲ့။ ကြော်ငြာကောင်းတဲ့ ပစ္စည်းပေါက်သွားသလိုပေါ့လို့ မှတ်ချက်ပေးသူလဲ ရှိရဲ့။ လူထုက သိပ်မသိသေးတော့ဆိုပြီး သူ့ဘာသာ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူလူထုကို စော်ကားလား စော်ကားရဲ့။ ပြည်သူလူထုကဘဲ ပညာနည်း၊ အသိနည်းသလိုလို။ မြန်မာပြည်သူလူထုဟာ ပညာနည်းရင်နည်းပါမယ်။ အသိတော့ မနည်းဘူး။ ဘယ်သူက လူဆိုး၊ ဘယ်သူက လူကောင်းဆိုတာ ကလေးကအစ၊ ခွေးကအစ သိကြတာ များပါတယ်။ မတတ်သာလို့သာ၊ ကြောက်လို့သာ ပါးစပ်ရေငုံပြီး နေချင်နေမယ်။ စိတ်ထဲကတော့ နေသေးသပခြုံထဲက လူတွေအများကြီးမှ အများကြီး။ ဒီမိုကရေစီရင့်ကျက်ပြီးတဲ့ နိုင်ငံကြီးတွေလို စကားရေ လုပွဲလေးတွေလုပ်ပေးရင် ပညာနည်းလို့ ပါးစပ်ကသာနိုင်အောင် ပြောချင်မှပြောနိုင်လိမ့်မယ်။ လက်ကတော့ပါလာမှာ သေချာတယ်။
စစ်ဗိုလ်လူထွက်ကြီးတွေ၊ ကိုယ်ကျိုးငဲ့တာ အသားကျနေတဲ့လူကြီးတွေရဲ့အသံတွေ
ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် စွန့်လွှတ်အနစ်နာခံရတယ်ဆိုတာ ရှင်းပါတယ်။ ဦးအောင်ဆန်းဦးလို မသိလိုက်မသိဘာသာနေလည်း ရနေတာဘဲ။ သူ့ပညာအရည်အချင်းနဲ့ ဒီကမ္ဘာကြီးရဲ့ ကြိုက်တဲ့နေရာမှာ ကြိုက်သလိုနေပြီး စာလေးဖတ်၊ စာလေးရေး၊ သားနှစ်ယောက်နဲ့ အေးအေးဆေးဆေး မပူမပင် မတောင့်မတ နေစမ်းပါလေ့။
ဒေါ်စုနေရာမှာ နည်းနည်းလောက် ၀င်ပြီး ခံစားကြည့်တာနဲ့တင် အတော်ခေါင်းခြောက်ပါတယ်။ စစ်အစိုးရကြီးလုပ်ထားလို့ အူထဲ အသဲထဲက ကြောက်နေတဲ့ ကြောက်စိတ်တွေနဲ့ ပညာအရည်အချင်းနည်းတဲ့လူထုကြီးကိ
ကျနော့်တစ်ကိုယ်ရေခံစားချက်အရသာ
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို စိတ်အေးရပြီး ဒေါ်စု နိုင်ငံရေးကကို အမြန်နားစေချင်လှပြီ။ ဒေါ်စုကို ချစ်လို့ သူ့ကို နားစေချင်တာမဟုတ်ဘူး။ ဒီပြင်အလုပ်တွေ ပြောင်းစေချင်တာပါ။ ကမ္ဘာ့အဆင့်ရှိ ပညာတတ်ကြီးတယောက်ရဲ့ ပြတ်သားတဲ့အမြင်တွေ၊ ရိုးရှင်းတဲ့အတွေးတွေကို စာ အုပ်တွေအဖြစ်ဖတ်ချင်တာပါ။ ဒေါ်စု လက်ရှိရေးထားတဲ့စာအုပ်တွေ၊ စာတမ်းတွေပြန်ကြည့်ရင် ဗိုလ်ချုပ်ကိုမမှီသေးတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်တုန်းက နိုင်ငံငြိမ်သွားရင် စာရေး စာဖတ်လေး လုပ်ချင်လှပြီဆိုတဲ့သဘောပြောသွာ
ကွယ်လွန်သွားတဲ့ ဒေါက်တာသန်းထွန်းကိုကြည့် ကြည့်ပါ။ အဆင့်မှီ သမိုင်းပညာရှင်ကြီးရဲ့စာတွေကို ကျနော်တို့ဖတ်နေရတာ နိုင်ငံရေးကို စက်ဆုပ်၊ အစိုးရနဲ့ မပတ်သက်ဘဲ ပညာရပ်ပိုင်းဆိုင်ရာသက်သက်ဘဲလု
ဒေါ်စု နဲ့ ပြင်သစ်ဝန်ကြီးချုပ်တွေ့တော့ ပြင်သစ်စာနဲ့ အဘွားကြီးပြောတာကိုကြားရတော့ ကျနော့်မှာပိုလို့တောင် ယူကျုံးမရဖြစ်ရတယ်။ နိုင်ငံကြီးသာ နည်းမှန် လမ်းမှန်နဲ့တိုးတက်နေရင် သူ့ဆီက ကျနော်တို့ဉာဏ်နဲ့ လိုက်မမှီတဲ့ စာတွေ၊ အတွေးတွေအတွက် အချိန်တွေကုန်သာ ကွာလို့ တွေးမိတာပါ။
ဒေါ်စုကို အမေရိကန်မကြီး ဒေါ်ကလင်တန် လာတွေ့တာကို ကျနော်က တရုတ်ခေါင်းဆောင်တွေမျက်လုံးနဲ့ ကြည့်ပေးလို့ရပါတယ်။ အ ဘွားကြီးကို လက်သပ်မွေးတယ်ပေါ့။ မင်ဒဲလားတို့လို၊ ဒလိုင်းလားမားတို့လို၊ ဘုန်းတော်ကြီးတူးတူးတို့လို လူကြီးတွေ အားပေးတာကြတော့ ဘ၀တူချင်းမို့ဆိုတာထက် သူတောင်ချင်းချင်း သတင်းလွေ့လွေ့လို့ဘဲ မြင်တယ်။ ဒီလိုလူတွေ အားပေးနေတဲ့ ပညာတတ်မကြီးကို ဆရာကြီး ၊ ဂုရုကြီးတွေက ရိသဲ့သဲ့နဲ့ သူ့ရပ်တည်ချက်ကို ဝေဖန်တာ၊ တိုက်ခိုက်တာမျိုးကျတော့ စိတ်ထဲ တယ်မကောင်းလှဘူး။ သွားချင်တဲ့ခရီးပန်းတိုင် အတူတူမှာ သူ့လိုမျိုးနေရာရောက်နေရင်ဆိုတဲ
ကိုယ်ကျိုးအစုအဖွဲ့စီးပွားအတွက် ဧရာဝတီမြစ်ကြီးတောင် ရောင်းစားချင်ကြတဲ့လူမိုက်ကြီးေ
ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ လူဆိုးလူမိုက်တွေ တဖြည်းဖြည်နဲ့မှေးမှိန်သွားအော
ကျနော့်အတွေးတွေကိုရေးပြတော့ ဒေါ်စုကိုးကွယ်သူကြီး၊ ဒေါ်စုမှ ဘုရားလို့ထင်တဲ့အကောင်ငယ်လေးလို
ထားပါတော့ဗျာ။ ကျနော်ပြောချင်တာက ဒေါ်စုမှားတယ်ဆိုပြီး ဝေဖန်နေတဲ့လူတွေ သူ့လို ခေါင်းဆောင်နိုင်သလား။ ဒါမှမဟုတ် သူ့လိုလူမျိုး တွေ့ထားသလား။ စည်းစည်းလုံးလုံးနဲ့ အချင်းချင်းဖဲ့မနေဘဲ ဒေါ်စုဦးဆောင်ရာကိုလိုက်ပြီး စိတ်ကောင်းဝင်နေတဲ့ ဟိုလူကြီးတွေကို ၀ိုင်းပြီး ဖိအားပေးကြရင် ပိုမကောင်းပေဘူးလား။ နိုင်ငံခြားမှာဘဲ နေနေ၊ ပြည်ပမှာဘဲ သေသေ၊ နယ်စပ်မှာဘဲ ကြီးကြီး၊ ပြည်တွင်းမှာဘဲ ရှိရှိ အား လုံးက စိတ်တူကိုယ်တူနဲ့ ဒေါ်စုဦးဆောင်ရာနောက်ကို ယုံယုံကြည်ကြည်နဲ့လိုက်လို့ မဖြစ်နိုင်ကြဘူးလားမသိ။ သေချာတာကတော့ ဒေါ်စုဦးဆောင်ရာနောက်ကိုသာလိုက်
ကျနော်ပြောတာကို သဘောမတူကြသူတွေ၊ ဆဲချင်သူတွေ၊ ဆဲကြသူတွေလဲ ရှိမှာပါဘဲ။ ဒေါ်စု ဘာမှားတယ်၊ ညာမှားတယ် လုပ်ကြသူတွေလဲ ရှိကြမှာပါဘဲ။ အဲဒီလူတွေကိုတော့ ကျနော်က အငေါ်လေး နည်းနည်းတူးချင်သားဗျာ။
“တကမ္ဘာလုံးက ဒေါ်စုကို အားပေးနေကြသူတွေနဲ့ အဘွားကြီးက အမှား ... ခင်ညားဂျီးတို့ကာ အမှန်၊ ခင်ညားကြီးတို့သာမှန်” လို့ ပြောချင်တာ ပါ။ ဘာကောင်မှမဟုတ်တဲ့ကောင်က လာရွဲ့နေတယ်လို့ဆဲလဲ ရွဲ့မှာဘဲဗျ။
မှတ်ချက် - ကာတွန်းမောင်ရစ်ပုံအား ပြန်လည်ပြင်ဆင်တည်းဖြတ်ထားပါသည်
Labels: ဖိုးထက်
No comments:
Post a Comment