Sunday, April 22, 2012

အဓိပ္ပါယ်သစ် နိုင်ငံခြားသွားတောလား

အဓိပ္ပါယ်သစ် နိုင်ငံခြားသွားတောလား
နိုင်ဦးညို (ဖိုးဇီးရိုး)
ဧပြီ ၁၉၊ ၂၀၁၂




ကျုပ်တို့ရဲ့နိုင်ငံခြားသွားတော
လားတစ်ပုဒ်ဟာ
မလှမပနဲ့ အဆုံးအစမရှိ
နိဒန်းနဲ့နိဂုံး လုံးဝကိုအဆက်ဆပ်မဲ့
ကယ်တင်သူမရှိ
ဒီလိုနဲ့ ဇာတ်သိမ်းရမလား ...။

ဒဇာတ်နာအောင်
ဇာတ်ဆောင်ကို လူဆိုးလုပ်
ဇာတ်သိမ်းကောင်းအောင်
ဇာတ်လမ်းကို
လိုရင်လိုသလို
မလိုရင်မလိုသလို
ဖြတ်ညှပ်ကပ်
ဆင်ဆာလွတ်ရင်ပြီးရော
ခင်ဗျားတို့ကြိုးဆွဲရာ
ကျုပ်တို့ကခဲ့ရတာ
နှစ်လရက်အသင်္ချေ ...။


ဒါပေမဲ့ ဒီလိုခင်ဗျားတို့
လုပ်ချင်ရာ လုပ်လို့မရတဲ့
ဒီနေ့ခေတ် ကျုပ်တို့ရဲ့
ကျုပ်တို့မြန်မာပြည်သားတွေရဲ့
ဒီဘဝ ဖြစ်ရပ်မှန်
ဒီခေတ်သစ် နိုင်ငံခြားသွားတောလားတွေမှာ
ဇာတ်လမ်းဆင်တာလည်း ကျုပ်တို့
ဇာတ်ဆောင်တွေကလည်း ကျုပ်တို့
ဇာတ်ရံတွေကလည်း ကျုပ်တို့
ဇာတ်လှအောင် ဇာတ်နာအောင်
ဇတ်သိမ်းကောင်းအောင်
ကျုပ်တို့မှာ လုပ်ပိုင်ခွင့်
ရှိကိုရှိရမယ် ...။

ခင်ဗျားတို့လိုချင်လိုသလို
ကြိုးဆွဲရာကရမဲ့
ခေတ်ဟောင်းစနစ်ဟောင်းက
ကျိုးပဲ့နေတဲ့ အတွေးဟောင်းတွေနဲ့
သမတကြီးဘဲဖြစ်ဖြစ်
သံအမတ်ကြီးဘဲဖြစ်ဖြစ်
ပြည်သူ့ကိုယ်စားလှယ်ဘဲဖြစ်ဖြစ်
ဆင်စီးလို့မြင်းရံ
အပြောကောင်းတွေနဲ့
လှောင်ချိုင့်ထဲထဲ့မဲ့
အစီစဉ်သစ်တွေနဲ့
ကျုံးသွင်းရေးစီမံကိန်း
ဒီနေ့ခေတ်ကျုပ်တို့လို
တောပြောင်းလာတဲ့ကျားတွေ
ဘယ်မသိဘဲနေပါ့မလဲ ...။

ဒီအရွေ့မှာ
ဒေါင်လိုက်ဘဲရွေ့ရရွေ့ရ
အလျှားလိုက်ဘဲရွေ့ရရွေ့ရ
ရွေ့ရင်ပြီးရော ရောသောပေါသော
ဘယ်သူသေသေ ငတေမာဖို့လိုတဲ့သူတွေ
ဒီလိုလူတွေနဲ့ ကျုပ်တို့မတူဘူး
ကျုပ်တို့ဟာ
နိုင်ငံခြားငွေလဲလှယ်ရေးနဲ့ အမြတ်မထုတ်ဘူး
စီးပွားရေးပိတ်ဆို့မှုအကြောင်းပြ အမြတ်မထုတ်ဘူး
ကျုပ်တို့ဟာ ကျုပ်တို့ခွန်အားနဲ့
ကျုပ်တို့ဟာ ကျုပ်တို့အသိဉာဏ်နဲ့
ကျုပ်တို့ဟာ ကျုပ်တို့အခြေအနေနဲ့
အုပ်တစ်ချပ် သဲတစ်ပွင့်ထက်သာတဲ့
လုပ်ရပ်ပေါင်းများစွာ အကြောင်းရပ်ပေါင်းများစွာ
လုပ်နေကြစဲ လုပ်ခဲ့ကြပြီးပြီ ...။

ကျုပ်တို့ဟာ ကျုပ်တို့အမိမြေနဲ့
မိုင်ပေါင်းများစွာ ဝေးကွာနေခဲ့
အချိန်ပေါင်းများစွာ ဝေးကွာနေခဲ့
အချိန်ပေါင်းမိုင်ပေါင်းများစွာ ကျုပ်တို့ဟာ
မြန်မာလိုနေ မြန်မာလိုစား
မြန်မာစကားပြော မြန်မာမှု မြန်မာဓလေ့ဟာ
ကျုပ်တို့ရင်ထဲမှာ သေတဲ့ထိရှိမယ်
ကျုပ်တို့ရဲ့ခေတ်သစ်နိုင်ငံခြား
သွားတောလားမှာ
အဓိပ္ပါယ်သစ်တွေ အများကြီးရှိတယ်
အဓိပ္ပါယ်သစ်တွေ အများကြီးရှိတယ် ....။ ။


No comments:

Post a Comment