Wednesday, May 9, 2012

နေအလင်းနဲ့ အမှောင်ခွင်းသူ ကျော်ဟုန်း မေလ ၉၊ ၂၀၁၂

တကယ်ပါ မသိဘူးလား
(မျက်သားလွှာရဲ့ဆေး
ဦးနှောက်ရဲ့တေး
အသည်းနှလုံးရဲ့သွေး) ဟာ
“စာနယ်ဇင်း” ပါ ...။

စာနယ်ဇင်းဆိုတာ
လူ့သမိုင်းတိုးတက်ဖို့
လူ့အရိုင်း ယဉ်ပါးဖို့
လူ့အနှိုင်း စံထားဖို့
လူ့လောကအတွက်
ပန်းတခင်း စမ်းတစင်းပမာ
သဘောထားနိုင်သူတွေရှိသလို
မြှားတစင်း ငရဲမီးတခွက်ပမာထား
သဘောရိုင်းသူတွေလဲရှိတော့
ကလောင်သွေးသူတချို့
စေတနာအလျှောက် ဒုက္ခရောက်ရရှာ


ဒုက္ခတွေ ဘယ်လိုရောက်ရောက်
စာနယ်ဇင်းသမားမှန်ရင်
အာဏာရှင် ဇီဝိန်ခြွေမယ်ဆိုလဲ မမှု
ကလောင်တလက်ဟာ မိုးကြိုးသွားပမာခွင်း
အာဏာရူးကို ဒူးမထောက် ထိုးဖောက်
အများအတွက် အမြဲသစ္စာစောင့်တယ်။

သမိုင်းရိုင်းတွေကို ယဉ်ကျေးမှုသင်တန်းပေးခဲ့တာ
ပန်းရိုင်းတွေကို မွှေးရနံ့သွင်းပေးတာ
လမ်းရိုင်းတွေကို ခုတ်ထွင်ရှင်းချဲ့တာ
စာနယ်ဇင်းရဲ့ သမာဓိအရင်းပါ။

စာနယ်ဇင်းဆိုတာ
လူတွေအားလုံးရဲ့ မျက်စိအပိုတစုံ
လူတွေအားလုံးရဲ့ အသည်းနှလုံးအပိုတခု
လူတွေအားလုံးရဲ့ ဦးနှောက်အပိုတစုမို့
အမျက်သိုသူတွေရှိရင် ရှင်းဟေ့
အသက်လိုသူတွေရှိရင်လဲ ရင်းရဲတယ်
အရေးကြီးတိုင်း သွေးနီးစေ။

(မေလ ၃ ရက်နေ့၊ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့န
ှင့် ကမ္ဘာ့စာနယ်ဇင်းသမားများအတွက် ဂါဝရကဗျာ)
Posted by Aung Htet at 6:46 AM 0 comments

No comments:

Post a Comment