Tuesday, September 18, 2012

ဗန်ပါစီ ခေတ်လွန် အာဆင်နယ် အသင်းက ပိုကောင်းလာကြောင်း ဝင်းဂါးသုံးသပ်

ဗန်ပါစီ ခေတ်လွန် အာဆင်နယ် အသင်းက ပိုကောင်းလာကြောင်း ဝင်းဂါးသုံးသပ် PDF Print E-mail
Written by Admin Team   
Tuesday, 18 September 2012 14:46
အာဆင်ဝင်ဂါး
အာဆင်နယ် အသင်းသည် ရော်ဘင်ဗန်ပါစီ ခေတ်လွန်တွင် ပိုမို၍ ခြေစွမ်း တက်လာကြောင်း အသင်းမန်နေဂျာ အာစင်ဝင်းဂါးက သုံးသပ် ပြောဆိုလိုက်သည်။


အာဆင်နယ်သည် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း အားထားရသည့် အသင်းခေါင်းဆောင် တိုက်စစ်မှူးကို မန်ချက်စတာ ယူနိုက်တက်သို့ ရောင်းချခဲ့သည်။ အာဆင်နယ်သည် ရာသီအဖွင့် ပွဲစဉ် (၂)ပွဲတွင် ဂိုးမသွင်းနိုင်ဘဲ ရုန်းကန် ခဲ့ရသည့်တိုင် နောက်ဆုံး ကစားသည့် လီဗာပူးလ်နှင့် ဆောက်သမ်တန်တို့နှင့် (၂)ပွဲတွင် (၈)ဂိုးသွင်းကာ တိုက်စစ် စွမ်းအားကောင်းကို ပြသနိုင်ခဲ့သည်။ အသက်(၂၉)နှစ်ရှိ နယ်သာလန် လက်ရွေးစင် ဗန်ပါစီက အမ်းမရိတ်စ်ကို ကျောခိုင်း သွားခြင်းသည် အာဆင်နယ်၏ တိုက်စစ်ကို ပိုမြိုင်လာစေသည်ဟု မိမိယူဆကြောင်း ဝင်းဂါးက ဆိုသည်။

"တစ်ခါတစ်လေတော့ တစ်ဦးချင်း ထူးချွန်မှု ကြီးထွားလာတာဟာ အဲဒီကစားသမားရဲ့ ဩဇာကို တစ်သင်းလုံးက အာရုံ စိုက်ရသလို ဖြစ်သွားတတ်ပါတယ်။ ဗန်ပါစီဟာ တစ်ရာသီတည်းမှာ ပရီးမီးယားလိဂ် ဂိုး(၃၀) သွင်းခဲ့တယ်။ ဂိုး(၃၀) သွင်းတဲ့ လူမျိုးဆီကိုပဲ လူတိုင်းက ဘောလုံးပေးချင်မှာပါပဲ။ ဒါက ရိုးရှင်းပါတယ်။ ခုတော့ သူမရှိတဲ့ အချိန်မှာ အာဆင်နယ်ဟာ တစ်ဦးချင်း မှီခိုမှုကို လျှော့ချနိုင်ခဲ့ပါတယ်"ဟု ဝင်းဂါးက ပြောကြားခဲ့သည်။ ၎င်းက "ခုချိန်မှာ အာဆင်နယ် အသင်းသားတွေဟာ အတူတွဲပြီး တာဝန်ခွဲယူဖို့ စိတ်ဓာတ်ပိုပြီး ပြင်းပြလာပါတယ်။ ခုချိန်မှာ အာဆင်နယ်ဟာ အသင်းတစ်သင်းနဲ့ ပိုတူလာတယ်။ အတူတွဲ ကစားရတာကို ပိုပြီး နှစ်သက်လာတယ်။ ဒါဟာ အာဆင်နယ်ရဲ့ အနေအထားကို ပိုကောင်းလာစေသလို အာဆင်နယ်ရဲ့ ဟန်ပန်ကလည်း စိတ်ဝင်စားစရာ ဖြစ်လာစေပါတယ်"ဟု ဆက်လက် ပြောဆိုသွားခဲ့သည်။
ဗန်ပါစီဟာ တစ်ရာသီတည်းမှာ ပရီးမီးယားလိဂ် ဂိုး(၃၀) သွင်းခဲ့တယ်။ ဂိုး(၃၀) သွင်းတဲ့ လူမျိုးဆီကိုပဲ လူတိုင်းက ဘောလုံးပေးချင်မှာပါပဲ။ ဒါက ရိုးရှင်းပါတယ်။ ခုတော့ သူမရှိတဲ့ အချိန်မှာ အာဆင်နယ်ဟာ တစ်ဦးချင်း မှီခိုမှုကို လျှော့ချနိုင်ခဲ့ပါတယ်...
Ref: Ibtimes
scooer myanmar

No comments:

Post a Comment