Monday, November 7, 2011

ရေဘေးကယ်ဆယ်ရေးစစ်ဆင်မှုဌာနချုပ်ကနေ တောင်းထားတဲ့ ရေစုပ်စက်တွေနောက်ထပ်ရမယ်ဆိုရင် ပင်မလမ်းမ ကြီးတွေပေါ်က ရေတွေကို ၂ ပတ်အတွင်း  စုတ်ထုတ်နိုင်မယ်လို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က မျှော်လင့်နေပါတယ်။ “ကျနော်တို့ ပင်မလမ်းမကြီးပေါ်က ရေတွေကို ၂ပတ်အတွင်းနဲ့ လမ်းကြားတွေထဲက ရေတွေကို တလလောက်အတွင်း ထုတ်ပစ်နိုင်မယ်” လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူး ဆူခွမ်ဟင်းပါရီဘတ်ထရာက ပြောပါတယ်။
ရေအမြင့် ၈၀စင်တီမီတာရှိတဲ့ လတ်ဖရောက်လမ်းမပေါ်မှာ ယာဉ်ထိန်းရဲတဦး ၀ါးဖောင်ပေါ်မှာ တွေ့မြင်ရစဉ်
စနေနေ့က ကောင်းကောင်းပူးပေါင်းဆောင်ရွက်ကြဖို့ အစိုးရက တောင်းဆိုပြီးနောက်မှာ ဘန်ကောက်မြို့တော် အုပ်ချုပ် ရေးအဖွဲ့ကို ရေစုပ်စက် ၂၄လုံး ချက်ချက်ပေးပို့ပြီးနောက်မှာ ဒီမှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီရေ စုပ်စက် တွေက ဘန်ကောက်အရှေ့ပိုင်းက ရေတွေကို အပြောင်စုပ်ထုတ်ဖို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ စွမ်းဆောင် ရည်ကို ၂ဆ တိုးစေမှာ ဖြစ်တယ်။ လို့ မြို့တော်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ၂၄ နာရီလည်ပတ်နိုင်ဖို့ လိုရမယ်ရ အလှည့်ကျ သုံးဖို့ အတွက် ရေစုပ်စက်ကြီး ၄ လုံးကို အရံထားပါတယ်။
ရေမြုပ်နေတဲ့ နေရာတွေကို စိတ်မသက်မသာနဲ့ ငေးမှိုင်ကြည့်နေရတဲ့ ၀န်ကြီးချုပ် ခွန်ယင်လပ်
လမ်လွတ်ခါ ရပ်ကွက်ကရေတွေစုပ်ထုတ်ဖို့ ရေစုပ်စက် ၂၇လုံး တပ်ဆင်ဖို့ ဘုရင့်ဆည်မြောင်းဌာနက သဘောတူပြီး နောက်မှာတော့ ဆန္ဒပြနေတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေက ခလုန် ၉ ရေတံခါးပိတ်ဖို့ကို မနေ့က သ ဘောတူလိုက်ကြပါတယ်။ ခလုန်ဆစ် ခရိုင်ခွဲ၊ ခူးခရိုင်ခွဲမြောက်ပိုင်းနဲ့ နော် ကျောခရိုင်ရဲ့ ခေါ့ဖေးခရိုင်ခွဲနဲ့ မင်းဘူရီခရိုင်က ဆန်ဆဲ့ပ် ခရိုင်ခွဲတွေလိုပဲ ဖာ့ဆီချရုန်း၊ နောင်ခဲန်နဲ့ချတ်တူးချက်ခရိုင်တွေအတွက် ရွှေ့ပြောင်းမိန့်ကို မြို့တော်အုပ်ချုပ်ရေးမှူးက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အခုထိတော့ ရွှေ့ပြောင်းမိန့်မှာ ဒွန်မောန်၊ ဆိုင်မိုင်၊ လက်ဆီ၊ ဘန့်ခင်း၊ ဘန့် ဖလက်၊ တလင်းချန်၊ ထာဝီ၀ပ်ထနာ၊ ဘန်ခဲ၊ ဖာ့ဆီချရုန်း၊ နောင်ခဲမ်နဲ့ ချတ် တူးချက်ခရိုင်စတဲ့ ၁၁ ခရိုင် ပါဝင်ပါတယ်။ ဘန် ကောက်အနောက်ပိုင်း၊ ဖက် ခါဆမ် လမ်းမပေါ်မှာ ရေအနက် တမီတာထိရှိလာလို့ ဘန့်ဖိုင်ဆေးရုံကို နို ၀င်ဘာလ ၂၆ ရက်နေ့ထိ ပိတ်ထားမှာ ဖြစ်ပါတယ်။
ဘန်ကောက်အရှေ့ပိုင်းမှာ ရေလွှမ်းတာက မနေ့က ဘန်ချန်းစက်မှုဇုံအတွင်းပိုင်း ၃ လမ်းသွားဘန်ချန်းလမ်းဆုံမှာ စနေ ပါပြီ။ ရမ်အင်ထရာလမ်းမပေါ်က ရေတွေဟာ နာဝမင်းလမ်းမပေါ်က တက်စ်ကို လိုးတပ်စ်ကုန်တိုက်ထိ ရောက်လာနေပြီး ဘန့် ကပိ ခရိုင်ထဲထိ ရောက်ပါတော့မယ်။
အယုဒ္ဓယ၊ မဟာထပ်ဘုန်းကြီးကျောင်းဝင်းထဲက ဘောဓိညောင်ပင်အောက်က ရေကျအပြီး ပေါလောပေါ်လာတဲ့ ဗုဒ္ဓဦးခေါင်းတော်

No comments:

Post a Comment