Wednesday, August 29, 2012

၂၄ နိုင်ငံ ဘာသာစကားကို မြန်မာလိုပြန်ပေးတဲ့ဆိုဒ်


ဒီနေ့ သူငယ်ချင်းတို့ကို အွန်လိုင်းအဗိဓာန် လင့်တစ်ခုပေးချင်ပါတယ်
သူက ၂၄ နိုင်ငံ ဘာသာစကားကို မြန်မာလိုပြန်ပေးတဲ့ဆိုဒ်ပါ
အားလုံးအတွက် အကျိုး၇ှိမယ်ထင်ပါတယ်

http://www.myordbok.com/about-myordbok/

သင့်သူငယ်ချင်းဆီ share ပေးပါ..

Wednesday, August 15, 2012

တွင်းအောင်းကြွက် ကျော်မိုး (စကားဝါမြေ)၊ သြဂုတ် ၁၄၊ ၂၀၁၂


ဘဒ္ဒကမ္ဘာ ၊ ဤလူ့ရွာဝယ်
ဘုရားငါးဆူ ၊ ပွင့်တော်မူဟု
ဗျာဒိတ်အမှာ ၊ ရှိခဲ့ပါ၍
"ကကုသန်" ပ ၊ ဒု "ကောဏဂုံ"
တ "ကဿပ" ၊ "ဂေါတမ" ဟု
လေးဆူ"ဗုဒ္ဓ" ၊ ပွင့်ခဲ့ကြပြီး
တစ်ဆူကျန်ရှိ ၊ နာမည်သိက
"အရိမေတ္တေယျ" မည်၏။

လေးဆူဘုရား ၊ ပွင့်ပြီသွား၌
ငါတို့ဘုရား ၊ မိန့်ခြွေထားက
လူနတ်ဗြဟ္မာ ၊ သတ္တဝါများ
လေးပါးသစ္စာ ၊ သိဖို့ရာက
ဆိုင်ရာ "ဆရာ" ၊ ဆုံးမပါ၍
ရုပ်နာမ်ဓမ္မ ၊ သင်္ခါရ၏
ဖြစ်ပျက်မှန်သိ့ ၊ ကျင့်ကြသည့်ကြောင့်
ရှစ်ပါးမဂ္ဂင် ၊ ဉာဏ်၌ထင်ပြီး
ဒုက္ခကုန်ရာ ၊ နိဗ္ဗာန်ရွာကို
သူငါ အများ ရောက်ကြမည်။

ဘုရားတပည့် ၊ စဉ်ခြင်ကြည့်က
ပဉ္စဝဂ္ဂီ ၊ အစတည်၍

Monday, August 13, 2012

၁၈။မိမိကွန်ပျူတာ memory ညှစ်ပတ်နေတယ်ဆိုရင်၊memoryသန့်ရှင်းအောင်လုပ်နည်းလေးပါ၊

၁. Desktop ပေါ်မှာ Right-click နိုပ်ပြီး New-Shortcut ကိုထပ်နိုပ်ပါ၊

၂. Type the location of the itemလိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊

%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃.Next ထပ်နိုပ်ပါ၊

၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊

၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။

kp3 ဆိုက်မှပြန်လည်ဖေါ်ပြပေးပါသည်...

မှော်ဆရာသီချင်းငှက်သို့ လွမ်းဆွတ်မှု
ဒေါက်တာလွဏ်းဆွေ
 

သူ့ကိုးကွယ်ရာက
“မဟာဝီရ အို … ဗုဒ္ဓ” …။

သူ့နှလုံးသားအချစ်စိတ်က
“မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ်
မနေ့က ငါ သေဆုံးသွားခဲ့” …။

သူ့တောင့်တမှုက
“ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ ကြီးမားမှု” …။

သူ့မုဒိတာက
“ကျေးလက်က ဆရာသူငယ်ချင်းရေ
စိတ်ဓာတ်ကလေး ဖြူစင်သန့်ရှင်းနေ
အားလုံးအတွက် တာဝန်တွေ ထမ်းဆောင်တဲ့

Sunday, August 12, 2012

ပု သိ မ် သား များ မ ဖ တ် ရ
အောင်ဝေး၊ သြဂုတ် ၁၂၊ ၂၀၁၂

ငှက်ရေ…
မင်း လာခေါ်မလားလို့ 
ငါ စောင့်နေတာ။

၂၀၀၇ တုန်းကလည်း
မင်း လာမခေါ်။

၂၀၁၀ ရွေးကောက်ပွဲကျတော့လည်း
မင်း ပေါ်မလာ။

ငှက်ရေ…
မင်း လာခေါ်နိုးနိုးနဲ့ 
ငါ စောင့်နေခဲ့တာ။

ရုရှားက
ယက်ဗ်တူရှင်ကိုရဲ့ 
”စောင့်စားခြင်း” ကဗျာ
ငါ သတိရတယ်။

ရထားကို
ငါစောင့်နေတာ
နွေဦးကို
ငါစောင့်နေတာ
မျှော်လင့်ခြင်းကို
ငါစောင့်နေတာ
ဝင်းမော်ဦးကို
ငါ စောင့်နေတာ။

ငှက်ရေ…
မင်းကို ငါစောင့်နေတာ။

မင်း လာခေါ်လေမလား
ငါစောင့်နေတာ။

ငါတို့ ဒီမှာ
ပုသိမ်သားတွေ စုမိနေကြတယ်။

သစ်ကောင်းအိမ်ရယ်
ဆောင်းယွန်းလရယ်
ငါရယ် ဆိုပါတော့။

Wednesday, August 8, 2012

Safari World Bangkok Dolphin Show

အိုလံပစ်ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ သြဂုတ် ၉၊ ၁၁ တွင် ယှဉ်ပြိုင်ကစားမည်


အိုလံပစ်ဘောလုံးပြိုင်ပွဲ အမျိုးသမီးဖိုင်နယ်ပွဲစဉ်အဖြစ် အမေရိကန်နှင့် ဂျပန်အသင်းပွဲစဉ်ကို သြဂုတ် ၉ ရက်နေ့တွလည်းကောင်း၊ အမျိုးသားဖိုင်နယ်ပွဲစဉ်အဖြစ် ဘရာဇီးလ်နှင့် မက္ကစီကိုအသင်း ပွဲစဉ်ကို သြဂုတ် ၁၁ ရက်တွင်လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ကစားမည်ဖြစ်
Posted on Aug 09 12 - 09:29 PM
အိုလံပစ်ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ သြဂုတ် ၉၊ ၁၁ တွင် ယှဉ်ပြိုင်ကစားမည်
လန်ဒန်အိုလံပစ် ဘောလုံးပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၆၊ ၇ ရက်များတွင် ယှဉ်ပြိုင်ခဲ့သည်။ သြဂုတ် ၆ ရက်တွင် ယှဉ်ပြိုင်သည့် အမျိုးသမီးပွဲစဉ်များတွင် ဂျပန်အသင်းက ပြင်သစ်ကို ၁-၂ ဂိုးဖြင့်လည်းကောင်း၊ အမေရိကန်က ကနေဒါကို အချိန်ပိုတွင် ၃-၄ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်သွားသည်။ သြဂုတ် ၇ ရက်တွင် ယှဉ်ပြိုင်ကစားသည့် အမျိုးသားဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မက္ကစီကိုက ဂျပန်အသင်းကို ၃-၁ ဂိုးဖြင့်လည်းကောင်း၊ ဘရာဇီးလ်က တောင်ကိုရီးယားကို ၃-၀ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသွားသည်။



(တောင်ကိုရီးယားကို ၃ ဂိုးပြတ်အနိုင်ယူပြီး ဖိုင်နယ်သို့တက်ရောက်သွားသည့် ဘရာဇီးလ်အသင်း ကစားသမားများ အောင်ပွဲခံစဉ်)

အိုလံပစ်ဘောလုံးပြိုင်ပွဲ အမျိုးသမီးဖိုင်နယ်ပွဲစဉ်အဖြစ် အမေရိကန်နှင့် ဂျပန်အသင်းပွဲစဉ်ကို သြဂုတ် ၉ ရက်နေ့တွလည်းကောင်း၊ အမျိုးသားဖိုင်နယ်ပွဲစဉ်အဖြစ် ဘရာဇီးလ်နှင့် မက္ကစီကိုအသင်း ပွဲစဉ်ကို သြဂုတ် ၁၁ ရက်တွင်လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ အမျိုးသမီးပွဲစဉ် တတိယနေရာလုပွဲကို သြဂုတ် ၉ ရက်တွင်လည်းကောင်း၊ အမျိုးသားပွဲစဉ် တတိယနေရာလုပွဲကို သြဂုတ် ၁၀ ရက်တွင်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Tuesday, August 7, 2012

(၈၈) လက်သီးဆုပ်များရဲ့ ရာဇဝင်မြောက် အမိန့် 

(၈၈) လက်သီးဆုပ်များရဲ့ ရာဇဝင်မြောက် အမိန့် 
ကျော်ဟုန်း၊ သြဂုတ် ၇၊ ၂၀၁၂

ပြောကြရမယ်ဆိုရင်
ဒီလက်သီးဆုပ်တွေက
ပုဆိုးခြုံ ထမီခြုံထဲက ပြခဲ့တာမဟုတ်ဘူး၊
အာဏာရှင်သေနတ်ပြောင်းထွက်တဲ့ ကျည်ကြား
ပြခဲ့တဲ့ ရဲရင့် လက်သီးဆုပ်တွေ။

ရှစ်လေးလုံးဆိုတဲ့ ၈-ရက်၊ ၈-လ၊ ၈၈ ဟာ
နုနယ်တဲ့ လက်သီးဆုပ်တွေ လေထဲမြှောက်ရင်း
ဟစ်ကြွေးခဲ့တဲ့ ကျောင်းသား၊ ပြည်သူတွေရဲ့ အသံဟုန်
ဧရာဝတီမြစ်ဝှမ်းကနေ မေခ-မေလိခ အထက်ဆန်
တနှင်္တရိုး ဖြိုးမောက်သွားခဲ့တယ်။

ရန်ကုန်မြစ်မှ ပင်လယ်ဆီ လှိုင်းထန်
ပင်လယ်မှ သမုဒ္ဒရာများစီး မုန်တိုင်းဖြစ်
တံတိုင်းခတ်ထားမရ ကြားစေခဲ့တဲ့ (ဒို့ အရေး)
ဒီမိုကရေစီ ရရှိရေး (ဒို့ အရေး-ဒို့ အရေး)။

ရှေ့ နောက်တောင်မြောက် အရပ်ရပ်ကမ္ဘာက
ပေါင်မုံ့ စားသူတွေ၊ အာလူးစားသူတွေ
ခေါက်ဆွဲစားသူတွေ၊ ဂျုံပြားစားသူတွေ
ဆူရှီစားသူတွေ၊ ဆန်ထမင်းစားသူတွေ
အားလုံး အာရုံစိုက်ခဲ့ရတဲ့ အဖြစ်။

ရှစ်လေးလုံးဟာ

မန်ယူအသင်းနှင့်အတူ လေ့ကျင့်ကစားလိုကြောင်း အူစိန်ဘော့တ်ဖွင့်ဟ

ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် သတ်မှတ်ခံထားရသော ဂျမေကာ တာတိုအပြေး ချန်ပီယံသည် ဘောလုံးကို ရူးသွပ် စွဲလန်းသူ တစ်ဦးဖြစ်ပြီး မန်ယူအသင်း ပရိသတ် တစ်ဦးအဖြစ်လည်း လူသိများ
Posted on Aug 08 12 - 01:40 PM
မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် အစမ်းလေ့ကျင့်ခွင့် ရမည်ဆိုပါက မိမိအနေဖြင့် ငြင်းဆန်နိုင်မည် မဟုတ်ဟု အူစိန်ဘော့တ်က ဖွင့်ဟ ပြောကြားလိုက်သည်။ ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် သတ်မှတ်ခံထားရသော ဂျမေကာ တာတိုအပြေး ချန်ပီယံသည် ဘောလုံးကို ရူးသွပ် စွဲလန်းသူ တစ်ဦးဖြစ်ပြီး မန်ယူအသင်း ပရိသတ် တစ်ဦးအဖြစ်လည်း လူသိများသည်။



ဘော့တ်က ပြေးလမ်းများကို စွန့်ခွာပြီး မန်ယူအတွက် မြက်ခင်းစိမ်းများပေါ်တွင် ပြေးလွှားကစားနေရမည် ဆိုပါက အလွန်ဝမ်းမြောက်မိလိမ့်မည်ဟု ဖွင့်ဟခဲ့သည်။ "အရင်တုန်းက ကျွန်တော် တစ်နေ့နေ့ မန်ယူအတွက် ဘောလုံးကစားပေးချင်တယ်လို့ ပြောခဲ့တုန်းက လူတွေက နောက်နေတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ခုနေ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အသင်းမှာ လာလေ့ကျင့်ပါလို့ ကမ်းလှမ်းလာရင် ကျွန်တော် ချက်ချင်း သွားမှာပဲ"ဟု ဘော့တ်က ပြောကြားခဲ့သည်။

ဘော့တ်သည် လောလောလတ်လတ် လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် မီတာ(၁၀၀)၊ ရွှေတံဆိပ်ကို ဆွတ်ခူး ရယူထားနိုင်ခဲ့သည်။ ၎င်းက "ကျွန်တော် မန်ယူမှာ အစမ်းလေ့ကျင့် ကစားပြီး လုံလောက်တဲ့ ကျွမ်းကျင်မှု ရှိတယ်လို့ အသိအမှတ် ပြုခံရရင် ကျွန်တော်ဟာ အသင်းအတွက် အမြန်ဆုံး ကစားသမား ဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်က ဘောလုံးလည်း ကောင်းကောင်း ကန်တတ်ပါတယ်။ ကျွန်တော်က ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုတောင် ပိုပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်လာအောင် ကူညီနိုင်မယ် ထင်တယ်"ဟုလည်း ပြောဆိုသွားသည်။

ဂရိတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများရှာဖွေဖမ်းဆီး

ဂရိနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအား စီးနင်းရှာဖွေ ဖမ်းဆီးမှုအတွင်း လူပေါင်း (၆၀၀၀)ကျော် ထိန်းသိမ်း ခံခဲ့ရကြောင်း သိရှိရသည်။ ဂရိအာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ပိတ်ဆို့ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ ထောင်ဂဏန်းနှင့် ချီပြီး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ဂရိနိုင်ငံသည် ဥရောပ၏ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိလာရာ အဓိက ဝင်ပေါက်တစ်ခုအဖြစ် ကာလရှည်ကြာ တည်ရှိနေခဲ့သည်။ အထူးသဖြင့် အာရှနှင့် အာဖရိကမှ ရွှေ့ပြောင်း အလုပ်သမားများသည် ဂရိမှတစ်ဆင့် အနောက်ဥရောပသို့ ရေကြည်ရာ မြက်နုရာ ရှာဖွေရန် ဝင်ရောက်လာလေ့ ရှိသည်။

Monday, August 6, 2012

လိုင်းကားတွေတော့ကောင်းတော့မည်

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးဌာနနှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့အခြေစိုက် ဂျပန်ကားကုမ္ပဏီတို့အကျိုးတူပူးပေါင်းပြီး အဝေးပြေးယာဉ်များနှင့် အများပြည်သူသုံးမော်တော်ယာဉ်(City Bus)အစီးရေ ၃,၀၀၀ တင်သွင်းသွားမည်.............
7 Day News

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးဌာနနှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့အခြေစိုက် ဂျပန်ကားကုမ္ပဏီတို့အကျိုးတူပူးပေါင်းပြီး အဝေးပြေးယာဉ်များနှင့် အများပြည်သူသုံးမော်တော်ယာဉ်(City Bus)အစီးရေ ၃,၀၀၀ တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းကုမဏီဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်အောင်မြင့်က ပြောသည်။
ဂျပန်ကုမ္ပဏီနှင့် ကုန်းလမ်းပို့ဆောင်ရေးဌာနတို့ပူးပေါင်းဆောင်ရွက်ရာတွင် ဌာနကမြေနေရာပံ့ပိုးပေးပြီး ကုမ္ပဏီက န
ည်းပညာ၊ငွေကြေးနှင့်စီမံခန့်ခွဲသည့်နည်းစနစ်တို့ဖြင့်ဆာင်ရွက် သွားမည်ဖြစ်ပြီး အကျိုးခံစားခွင့်အနေဖြင့် ဌာနက ၄၀ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၆၀ရာခိုင်နှုန်းစီရရှိမည်ဖြစ်သည်။
ဂျပန်ကုမ္ပဏီသည် ဌာနကလုပ်ကိုင်လျက်ရှိသည့် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ၊တက္ကစီပြေးဆွဲခြင်း နှင့် မော်တော်ယာဉ် ပြေးဆွဲခြင်းလုပ်ငန်းများတွင် တင်သွင်းလာသည့်ကားများကို ပြေးဆွဲသွားမည်ဖြစ်သည်။

ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ပြောကြား....


ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ပြောကြား....

NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ လွှတ်တော်တွင်း ဆွေးနွေးချက်တွေမှာ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေး တင်ပြကြဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက လွှတ်တော် အစည်းအဝေး တက်ရောက်မဲ့ NLD ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ပိုင်း တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ နောက်ပြီးတော့ ဆွေးနွေးတဲ့ နေရာတွေမှာ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးကြဖို့ ကိုယ့်စိတ်နဲ့ မတွေ့တိုင်း မထောက်ခံဘူးလို့ မဖြစ်သလို၊ ကိုယ့်စိတ်နဲ့ တွေ့တိုင်းလည်း ထောက်ခံပါတယ်လို့ချည်း ပြောလို့မဖြစ်ဘူး။ အဲတော့ အချက်အလက်တွေကို သေသေချာချာ ရှာဖွေပြီးတော့ ဘယ်သူတွေ ဘယ်လိုပဲ စဉ်းစား၊ စဉ်းစားပေါ့။ ကိုယ်ကတော့ တစ်ဦးချင်းအလိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပီပီ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ရှေ့ရေးမြော်တွေးပြီးတော့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးကြပါပေါ့။ ဒါသိပ်အရေးကြီးတယ်တဲ့"

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသား ယဉ်ကျေးမှု မြှင့်တင်ရေးအတွက် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို NDF ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက တင်သွင်းပြီး အမျိုးသား ဒီမိုကရေစီသစ် ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ထူးခြားချက်ကတော့ လွှတ်တော် အဝင်မှာ သာမက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းမှာပါ လုံခြုံရေး ကိရိယာတွေ တပ်ဆင်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် သတင်း မီဒီယာသမားတွေကိုပါ လုံခြုံရေး တိုးမြှင့် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။


အင်္ဂလန်ဘောလုံးကလပ်အသင်း မန်ချက်စတာယူနိုက်တက်က ပေါင်စတာလင် သန်း ၃၀ ဖြင့် ခေါ်ယူရန် စီစဉ်နေသော ဘရာဇီး လူငယ်ကစားသမား လူးကက်စ် မိုရာကို ပြင်သစ်ထိပ်သီး PSG က ကြားဖြတ်ခေါ်ယူရန် ကမ်းလှမ်းလိုက်သည်။

အသက် ၁၉ နှစ်အရွယ် ဆော်ပေါလိုအသင်း ကွင်းလယ်ဖန်တီးရှင် မိုရာနှင့် PSG တို့ကြား ၅ နှစ်သက်တမ်း အပြောင်းအရွှေ့ စာချုပ်တစ်ရပ်ချုပ်ဆိုရန် သဘောတူညီမှု ရလုနီးပါးရှိပြီဖြစ်ကြောင်း Daily Mail သတင်းက ဖော်ပြသည်။

မိုရာ၏ အေးဂျင့်ဖြစ်သူ ဝက်ဂ်နာ ရီဘီရိုနှင့် PSG အားကစားဒါရိုက်တာ လီယိုနာဒိုတို့ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းလည်း သိရှိရသည်။

Elephant Show at Safari World Part I

SeaWorld's Old "Dolphin Discovery" Show (in HD)