Thursday, May 17, 2012

အပြန်လမ်းပေါ်က ဒုက္ခသည် နှစ်ထပ်ကွမ်း
ဗုဒ္ဓေါဝါဒဆရာတော်၊ မေ ၁၆၊ ၂၀၁၂
ပြည်ပရောက်နေသည့် မြန်မာပြည်ဖွား တိုင်းရင်းသား ညီကိုမောင်နှမအားလုံး ကိုယ်မြေ ကိုယ်နေရာ ကိုယ်ရဲ့မြို့၊ ရွာကို သတိရကြသလို ပြန်ချင်စိတ်တွေ ရှိကြပါတယ်၊ပြည်ပရောက်နေတဲ့သူများ အမိမြေကို လွမ်းနေချိန် သမ္မတကြီး ဦးသိန်းစိန်က ပညာရှင်များ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးရေးများ ပြန်လည်လုပ်ကိုင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုက်တာဟာ ငိုချင်တဲ့သူကို လက်တို့သလိုမျိုး ဖြစ်သွားမယ် ထင်ပါတယ်၊
ဒါနဲ့ ကျောင်းကို ရောက်လာတဲ့ ကရင်မိသားစုတွေကို ပြန်မလားမေးတော့ …
"ရွာကိုတော့ ပြန်ချင်တယ်၊ လေယာဉ်စရိတ် ပိုက်ဆံက တစ်မိသားစုလုံးဆိုရင် အများကြီးကုန်မယ်၊ ပြောလို့သာ ပြောရတယ်ဘုရား … ကလေးတွေ ပညာရေးက ဒီမှာကောင်းတယ်၊ ကလေးတွေထားပြီး ရွာပြန်လို့လဲ မဖြစ်ပြန်ဘူး" တဲ့။
ကယားမိသားစု မေးတော့ ရွာမှာ မြေယာတွေ မရှိတော့ဘူးတဲ့။
ရှမ်းကို မေးတော့လည်း ရွာပြန်ဖို့လွယ်ပေမဲ့ ဘာလုပ်ကိုင်စားရမှန်း မသိဘူးတဲ့။
မွန်ကို ဆက်မေးတော့ အမေရိကမှာက အကုန်အဆင်ပြေတယ်ဘုရားတဲ့။
ချင်းတွေကို မေးတော့ ဆုရှီးဆိုင်က ပေါက်လို့ အလုပ်ဖြစ်တယ်။
မေးလိုက်တဲ့ တိုင်းရင်းသားတိုင်းက အမေရိကမှာပဲနေချင်တယ် အသံထွက်တယ်။
 တံတားဦး ဖော့ဝိန်းသား တယောက်ကို မေးတော့ … “အရှင်ဘုရား မြန်မာပြည်ပြန်ရင် ဒုက္ခသည် နှစ်ထပ်ကွမ်း ဖြစ်မှာ …" တဲ့။
သူပြောတာ စဉ်းစားကြည့်တော့ အမေရိကအခြေအနေမျိုး မြန်မာပြည်မှာ မရနိုင်ဘူးဆိုတာ ရှိသလိုတဖက်မှာ မြန်မာပြည်မှာသာ ရနိုင်တဲ့အနေထားကို အမေရိကမှာ မရနိုင်တာတွေလည်း ရှိပါတယ်။ အကောင်းအဆိုးကတော့ နေရာတိုင်းမှာ တွဲလျက်ပါပဲ၊၊
အမေရိကမှာ အချောင်နေ အချောင်စားနဲ့ ဘ၀ရပ်တည်ရုံ ဖြစ်သလိုနေမယ်ဆိုပြီး ပန်းတိုင်မထား၊ပညာ မသင်လို၊ရေစာခို အလုပ်ကို မသွားလိုတဲ့ ဟိုမရောက် ဒီမရောက် ဖြစ်နေတဲ့ လူတွေလဲ အများကြီး။
အမေရိကမှာ စတင်အခြေချသူတွေ၊ အလုပ်လက်မဲ့တွေ၊ အကူအညီလိုအပ်နေသူတွေအတွက် …  စားဖို့အရေး Foodstamp။  နေမကောင်းရင် ဆေးခန်းသွားဖို့ Medicaid ။ နေရာစရာအိမ်အတွက် Lower income Housing ။ ဒါတွေအားလုံး အမေရိကန်အစိုးရကို လျှောက်ရင် နေဖို့ ထိုင်ဖို့ စားသောက်ဖို့ အားလုံးပေးတယ်။ မွေးထားတဲ့ သားသမီး အသက် (၂၁) အောက်တိုင်းကို လိုင်းကားခအစ ကျောင်းမှာ စားစရိတ် ကျောင်းသုံး စာအုပ် ခဲတံ ကုန်ကျစရိတ်တွေကို အစိုးရက ပေးတယ်။ သားသမီး ပညာသင်ဖို့ မိဘတွေက အကုန်ကျခံစရာမလိုပါဘူး၊ ကြိုးစားတဲ့ကလေးများ တက္ကသိုယ်ဆက်တက်မယ်ဆိုရင် Federal Aid ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရကပါ ပညာသင်ဖို့ ငွေကြေးထောက်ပံ့ပေးပါတယ်၊၊
နိုင်ငံအစုံက ဒုက္ခသည်အဖြစ်နဲ့ ရောက်လာတဲ့ တိုင်းရင်းသားတွေအာလုံး အခွင့်အလမ်းနှင့် အခွင့်အရေးတွေ အများကြီးရှိပါတယ်။
အစိုးရက အငတ်မထားတဲ့ ဥပဒေရှိတယ်၊ရပ်ကွက်ထဲ လှည့်တောင်းစားရင် ရဲက ချက်ခြင်းဖမ်းမယ်။ သူတောင်းစားမရှိရဘူး။ ဒါပေမဲ့ စားဖို့နေဖို့ မရှိရင် အစိုးရုံးသွားတောင်းရင် ပေးလိုက်တာမို့ ဒါကြောင့် မလုပ်လဲ စား ရတာပဲလို့ မြန်မာတချို့က ပြောနေတာ။ တချို့ပြည်နယ်က ထောက်ပံ့ကြေးပေးမယ် … ESL အင်္ဂလိပ်စာ သင်တန်းတက်မှ ပေးမယ်၊မတက်ရင် ဖြတ်မယ်ဆိုလို့ စာဖတ်ချင်တာမဟုတ်ပေမယ့် ထောက်ပံ့စာရိတ် မရမှာမို့ ကျောင်းတက်နေရတဲ့ အနေထားလဲရှိတယ်။ တချို့ကတော့ မပေးချင်နေ မတက်ဘူးဆိုပြီး ဟိုအိမ်တက်နေ ဒီအိမ် တက်စားနဲ့ ခြေသလုံးအိမ်တိုင်လုပ် နေကြသူတွေလည်း ရှိတယ်။
အမေရိကန်အစိုးရက အဲလိုလူမျိုးတွေ ထောက်ပံ့ရလို့ Social Security ဘတ်ဂျက် လိုငွေ ပြလာလို့ လွယ်ကူစွာ မပေးပဲ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်လာတယ်၊ ငါးနှစ်ကျော် ခြောက်နှစ် Unemployment လျှောက်စားနေကြတယ်။ နောက်ဆုံး ထောက်ပံ့ငွေ ဆက် မပေးတဲ့အချိန်မှာ အလုပ်တွေရှာပေမဲ့ အလုပ်ကောင်းကောင်း မလုပ်ထားတော့ ဆိုရှယ်နံပတ် ရိုက်လိုက်တာနဲ့ အလုပ် ခရက်စ်တစ်က မကောင်းတာ တွေ့ရော။ အဲမှာပဲ အလုပ်ရှင်က အလုပ်မပေးချင်ဘူး၊ အစိုးရဆီကလဲ တောင်းလို့မရ။ အလုပ်ကလဲ လက်မခံနဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ လူတွေလည်းအများကြီးပါ။
မိန်းမ ရိုက်လို့ ထောင်ကျသူတွေ၊ အရက်မူး ကားမောင်းလို့ ထောင်ထဲရောက် လိုင်စင် ရာသက်ပန်သိမ်း၊ DUI ထိလို့ အလုပ်သွားဖို့ ကားမရှိနဲ့ စိတ်ပျက်စရာ ဘ၀နားမလည်သူတွေလဲ ရှိပါတယ်။
ဒုက္ခသည်အများစုတွေထဲမှာ အချို့ဟာ စစ်ဘေးကြောင့် ထွက်လာသူတွေများတယ်။ သူတို့အများစုဟာ နိုင်ငံရေးဆိုတာလဲ မသိဘူး။ တောရွာသဘာဝအတိုင်း ရိုးရိုးသားသားပဲ တောင်ယာ လုပ်ကိုင်စား သောက်တဲ့ အလုပ်မျိုးသာ ပျော်ကြပါတယ်။ အမေရိကနိုင်ငံရောက်ပေမဲ့ တိုင်းရင်းသား အများစုဟာ စာမတတ်၊စကားမတတ်တော့ အလုပ်ရဖို့မလွယ်သလို အမေရိကစနစ်က ဥပဒေအတိုင်း ဆောင်ရွက်တာမို့ စာမတတ်တဲ့သူအဖို့ အိမ်ကို အကြောင်းကြားလာတဲ့ စာတွေကို နားမလည်တာကြောင့် ရုံးကိစ္စ တွေမှာ အခက်ခဲရှိတယ်။ ကူညီပေးတဲ့သူကလဲ အတိုင်းတာတခုထိ လိုက်လုပ်ပေးမယ် နှစ်ရှည်လများ ကူညီမပေးနိုင်ဘူး။ ၊ကိုယ့်ဘ၀ ကိုယ့်မိသားစုအရေး အလုပ်နဲ့အိမ် စက်ရုပ်သဖွယ် အလုပ်ကို ကြိုးစား လုပ်နေရတယ်။
ပညာမတတ်တဲ့အချက်က အဓိက ပြဿနာဖြစ်နေတယ်။ ပညာရှိကို တန်ဘိုးထားတဲ့ အမေရိကန်နိုင်ငံရောက်လာမှ ပညာမတတ်တဲ့လူတွေအတွက် နေရာမရှိပါလားဆိုတာ သင်္ခန်းစာ ယူရမည့်အစား မွေးထားတဲ့ ကလေးပါ ပညာတတ်ဖြစ်အောင် လုပ်ရမယ်ဆိုတာ သိသူရှားပါတယ်။
ထိုင်းနိုင်ငံ နယ်စပ် ဒုက္ခသည် စခန်းမှာ ဆယ်နှစ် ဆယ်မိုး လစဉ်တိုင်းဆိုသလို ဆီ၊စား၊ဆန်၊ငပိ ထုတ်ပြီး ဘာအလုပ်မှ မလုပ်ရပဲ စားသောက်နေခဲ့တာ တပည့်တော်တို့ အမေရိကရောက်မှပဲ လူက စက်ရုပ်လို မနားရတော့ဘူးဘုရား … လို့ ညီးသံတွေကြားရတယ်။
နယ်စပ်မှာ ခရစ်ယာန်သာသနာပြုတွေက မက်လုံးတွေပေးတော့ "ရေငုတ်" ကြတဲ့သူများနှင့် (ခရစ်ယာန်ဘာသာဝင်ဖြစ် ခံယူခြင်း) ဘာသာရေးကို ယုံလို့မဟုတ် ကိုယ်ရဲ့အကျိုးစီးပွားရေးအရ ရေငုတ်ခဲ့သူတွေ၊ နောက်တခုက အနောက်နိုင်ငံအင်ဂျီအို NGO အများစုဟာ ခရစ်ယာန်အသင်းအဖွဲ့ (သာသနာပြုအဖွဲ့) တွေမို့ အစားချောင်လို့ ဘုရားကျောင်းတက်ကာ ဘတ်ဂျက်ရှာဖွေကြသူတွေလည်းရှိတာပေါ့။
နေရာတိုင်းမှာ ရိုးသားသူတွေရှိသလို မရိုးမသားတဲ့သူတွေကလဲ အများကြီးပါ၊ အတ္တအကျိုးတွက် ဘာသာရေးနှင့် နိုင်ငံရေးကို အခြေပြုကာ စီးပွားရှာတဲ့ စရိုက်ဆိုးတွေက အမေရိကန်နိုင်ငံ ရောက်လာတဲ့အချိန်ထိ ဆက်လက်တွေ့ ရှိနေတယ်။ အမေရိကန်နိုင်ငံဆိုတာ ဘာသာရေးအရ ဖိအားပေးလို့ အတင်းအဓမ္မ သိမ်းသွင်းခွင့်မရှိပါဘူး၊
တခါတလေကျတော့လည်း ကိုယ့်တိုင်းရင်းသားတွေအချင်းချင်း အနိုင်ကျင့်တာတွေ ဖြစ်လာတယ်။ ကိုယ့်အချင်းချင်းမှာပဲ သူတို့ဘာသာဝင်ဖို့ရာ ဖိအားပေး ခြိမ်းချောက်တာတွေ လုပ်လာတယ်။ နောက်ဆုံး အလုပ် ရှာပေးတာအစ အခြားဘာသာဆိုရင် ရှာမပေးဘူး သူတို့ဘာသာဝင်မှ လုပ်ပေးမယ်ဆိုတာတွေ ဖြစ်လာတယ်။ နောက်ဆုံး စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့မိသားစုတခု ပုံမှန် ဆေးသောက်နေရတယ် အဲဒီဆေးကို အခြားဘာသာဝင် ဖြစ်နေလို့ ထုတ်မပေးဘူး။ ဒီလို လုပ်နေတာတွေဟာ တိုင်းရင်းသားတွေအချင်းချင်းပါပဲ။ အမေရိကန်မှာ ဘာသာရေးလွတ်လပ်ခွင့် ရှိပေမယ့် အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ အကျင့်ကို မပြင်နိုင်တဲ့ တိုင်းရင်းသားတချို့က ကိုယ့်ရဲ့တိုင်းရင်းသား အချင်းချင်းကူညီ စောင့်ရှောက် ရမည့်အစား ဒုက္ခရောက်အောင် ပုံစံမျိုးစုံနှင့် ဖိအားပေး ခြိမ်းချောက်မူမျိုးရှိပါတယ်။
တင်နက်ဆီပြည်နယ် နက်ရှဘီးမြိုမှာ ဘာသာရေးအယူအဆ အစွဲကြီးတဲ့ မြို့လို့ ဆိုပါတယ်။ သို့သော် အခြားဘာသာဝင်တွေကို သူတို့ဘာသာဝင်တွေအဖြစ် မ၀င်ရင် မြိုမှာ နေလို့မဖြစ်အောင်ထိ ဖန်တီးမူတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲသည်လို လုပ်သူတွေကြည့်လိုက်တော့ အမေရိကန် အစစ်မဟုတ် ကိုယ့်တိုင်းရင်းသားထဲက လူတွေဖြစ်နေတယ်။ အမေရိကန်နိုင်ငံမှာ အခြေခံဥပဒေ ကောင်းပေမဲ့ ရောက်လာတဲ့ တချို့သောလူတွေက စိတ်ဓာတ်နဲ့ အကျင့်စရိုက် မပြင်ကြပါဘူး၊ အာဏာရှင်စနစ်ဆိုးအောက်မှာ မြန်မာပြည်သားတွေက ကြီးပြင်းလာတော့ သူများအပေါ်ကို မတရားဖိနှိပ် ချုပ်ခြယ်တာတွေ လုပ်နေတာဟာ သူစိမ်းမဟုတ် တိုင်းရင်းသားတွေကိုယ်တိုင်ပါပဲ
ကလေးတွေရဲ့ အနာဂတ်ကောင်းဖို့ အမေရိကမှာ မိဘတွေက နေကြရပေမယ့် ဒီကလေးတွေဟာ ကိုယ့်နိုင်ငံမှာလို အဖိုး အဖွား ဆွေမျိုးကြားမှာ ကြီးပြင်းလာရတာမဟုတ်တော့ အမေရိကန်စရိုက်နဲ့ ဒီနိုင်ငံကျောင်းတွေက ဆရာ ဆရာမတွေ ပုံသွင်းတဲ့အတိုင်း ကိုယ်ရဲ့ကလေးက ရုပ်လုံးပေါ်လာတယ်၊၊ ကိုယ့်ရဲ့ ယဉ်ကျေးမူ ဘာသာတရား ဓလေ့များကို ကလေးတွေဟာ သင်ယူခွင့်မရပဲ အမေရိကန်ကျောင်းတွေမှာ ကြီးပြင်းလာလို့ မိဘက မွေးသာ မွေးလိုက်ရတယ် ကိုယ်နှလုံးသားမျိုး အမျိုး၊ ဘာသာ၊ သာသနာကို မြတ်နိုးတတ်ဖို့ မိဘဆရာ သမားများကို လေးစားတတ်ဖို့ အမေ အဖေအပေါ်ကို စာနာ သိတတ်မှု စတာတွေ ကလေးရဲ့ ရင်ဘတ် နှလုံးသားထဲကို မိဘနဲ့ထပ်တူ မရှိခဲ့ဘူးဆိုရင် ကိုယ့်သား သမီးဆိုတာ နာမည်ခံ သက်သက်ပါပဲ။ ကိုယ်နဲ့ ဘာမှ မတူတော့ရင် အဲမှာပဲ ပြဿနာဆိုတာ မိဘတွေက ကြိုတင်နားလည်ရမယ် ပြင်ဆင်သင့်တာလုပ်ပြီး မိဘ၀တ္တရားကျေပြွန်ဖို့လိုပါတယ်၊
ပညာရေး ကျန်းမာရေး လူနေမူဘ၀ စားဝတ်နေရေးအတွက် အလုပ်အကိုင် အမေရိက အနေထားမျိုး မြန်မာပြည်မှာ မရှိသေးပေမယ့် မြန်မာပြည်မှာ ဆွေမျိုးသားချင်းတွေနဲ့ ဘာသာတူ စကားတူ ယဉ်ကျေးမူတူညီတဲ့ အမိမြေမှာ အတူတူနေကြရတဲ့ မိသားစုတွေကြားမှာ အေးချမ်းစွာ နေနိုင်တဲ့ အခြေအနေတွေ ရောက်လာပြီဆိုရင် ပြည်ပရောက်နေသူတိုင်း အမိတိုင်းပြည်ကို ပြန်ကြမှာ သေချာပါတယ်။
ဘယ်နိုင်ငံ ဘယ်ဒေသပဲ ရောက်ပါစေ ကိုယ်ဘ၀ ကိုယ်တာဝန်ယူရတာဆိုတာ နားလည်ရမယ်။ အမေရိကအခြေအနေမျိုး မြန်မာပြည်မှာ ဖြစ်လာစေဖို့ တိုင်းရင်းသားအားလုံးမှာလဲ တာဝန်ရှိတာပေါ့။ အခုလက်ရှိ ဦးသိန်စိန်အစိုးရနှင့် တိုင်းသူပြည်သားများက စုပေါင်းညီညွတ်မူဖြင့် ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ တာဝန်သိစိတ်နဲ့ လုပ်ကြမယ်ဆိုရင် မြန်မာပြည်တခုလုံး ဆင်းရဲမူက လွတ်မြောက်မှာ သေချာပါတယ်၊၊
မြန်မာပြည်ပြန်ရင် “ ငါ့ရဲ့အခွင့်လမ်းနှင့် အခွင့်အရေးတွေ တောင်းဆိုမူထက် င့ါတိုင်းပြည် ငါ့လူမျိုးတွေ ဘ၀များစွာအတွက် တိုးတက်နိုင်တဲ့ အခွင့်လမ်းနှင့် အခွင့်အရေးများ ဖြစ်လာဖို့ ပေးဆပ်ပြီး လုပ်မယ် " ဆိုတဲ့ စိတ်ဓာတ်ထားနိုင်ရမယ်၊ ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုပြီး လူဘ၀ကို လှစေပါတယ်၊၊
မိဘတိုင်းဟာ ကိုယ်ရဲ့သားသမီးကို အကောင်းစားတွေချည်း ခံစားစေချင်တာပါ။ ဒါပေမယ့် မိဘက တနေ့လုပ်မှ တနေ့စားရတဲ့ ဆင်းရဲသားဘ၀ ဖြစ်နေရင် မိဘကလဲ င့ါသားသမီးကို ကောင်းကောင်းမွန်မွန် မထားနိုင်ဘူးဆိုကာ စိတ်ဆင်းရဲရမယ။် သားသမီးကလဲ မိဘ မရှိတာ နားမလည် ဖြစ်ချင်တာ ရချင်တာပဲ သိတဲ့ ကလေးမျိုးရှိမယ်။
 အဲလိုပဲ တိုင်းပြည်မှာ သမ္မတကြီး ဦးသိန်စိန်က တိုင်းပြည်အပေါ် အကောင်းတွေချည်း လုပ်ပေးချင်တာမှန်ပေမဲ့ သူကိုယ်တိုင် ကမ္ဘာ့ဘဏ်အပါဝင် အကြွေးဆပ်ရမည့် ငွေပမာဏ အများကြီးရှိနေတယ်။ တိုင်းပြည် ဆင်းရဲမွဲတေ နေတာမို့ အခုချိန်မှာ တိုင်းပြည်ကို တိုးတက်စေမည့် ပြည်ပရောက် မြန်မာများ ပြည်တွင်းဝင်လာပြီး ရင်းနှီးမြုတ်နှံမယ်ဆိုရင် တိုင်းပြည်ကို ကျေးဇူးဆပ်ရာရောက်ပါတယ်၊၊
ပြည်ပနိုင်ငံမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပညာသင်၊စီးပွားရှာထားတဲ့ လူတွေအဖို့ မြန်မာပြည်မှာ လုပ်နိုင်တဲ့ အခွင့်လမ်းတွေ ပေါ်လာတာကောင်းပါတယ်။ ဘေးထိုင် ဘုပြော ဆူးလှည်းလို ဟိုချိတ် ဒီချိတ်နဲ့ ရှေ့မရောက်ပဲ ကိုယ့်ကို အထင်ကြီးပြီး သူများတွေရဲ့ အပြစ်ကိုသာ ပြောပြီး နေတတ်တဲ့ စရိုက်ဆိုးရှိသူများတွေ့ရတယ်။ အမေရိကမှာနေပြီး မကြိုးစားတော့ ဟင်းမွေတဲ့ ယောက်မလိုပေါ့ အရသာ မသိဖြစ်နေတယ်။
 ဘုရားရှင်ကိုယ်တိုင် “နထ္တိ လောကော အနန္ဒိတော” ဒီလောကမှာ ကဲ့ရဲ့ဝေဖန်ခံရခြင်းမှ ဘယ်သူမှ မလွတ်ကင်းပါဘူး တဲ့။  လူတွေဆိုတာ မလွယ်ပါဘူး။
 “ ဘုန်းကြီးက ဘာမှ မသိပါဘူး …" တဲ့၊  မသိလို့ အပြစ်ပြောကြသလို …
သိပြန်တော့လည်း ဘုန်းကြီးက "ဒါတွေလဲ သိတာပဲလား …" တဲ့။
 မသိရင်လဲအပြစ် သိတော့လည်း အပြစ်တင်တာ မရပ်တာမို့ လုပ်သင့်လုပ်ထိုက်တဲ့ တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေကို မလုပ်ဘဲ သေသွားတာနဲ့စာရင် လုပ်ကိုင်ဆောင်ရွက်ရင်း သေတာက ပိုကောင်းပါတယ်၊၊
သမ္မတကြီးက ပြန်လာပါလို့ ခေါ်လဲ ပုထုဇဉ်သဘာဝ တိုက်ကြီးပေါ်နေပြီး တဲကုတ်ထဲမှာ ပြန်နေဖို့ ဆိုတာ သာမာန်ကြည့်ရင် မလွယ်ပါဘူး သို့သော် တိုင်းပြည်အပေါ် ချစ်စိတ်ဆိုတာ မြန်မာတိုင်းရှိနိုင် ပါတယ်၊ တိုင်းပြည်မှာ နေရာတခု တာဝန်ယူပြီး ဦးဆောင် ဦးရွက်လုပ်မယ်ဆိုတာ တိုင်းပြည်ချစ်စိတ်နဲ့ အတူ သီလ ခေါ်တဲ့ ကိုယ်ကျင့်တရား၊ ဦးဆောင်နိုင်တဲ့ ပညာ စွမ်းရည်၊ တည်ကြည်တဲ့စိတ်နေထား သမာဓိ၊ အခြေခံအားဖြင့် စရဏ ကိုယ်ကျင့်တရားတွေ လိုအပ်ပါတယ်။ ကိုယ်ကျင့်တရား မကောင်းရင် ဘယ်လိုမှ ခေါင်းဆောင်ကောင်းမဖြစ်နိုင်ပါဘူး။
ကိုယ်ဘ၀ ကိုယ့်အခြေအနေမှန်ကို ကာယကံရှင်များ ကိုယ်တိုင်သိပါတယ်။ မိမိကိုယ်ကို လိမ်ညာလို့မရပါဘူး။ မြန်မာတိုင်းမှာ အရည်အချင်းနဲ့ စွမ်းအားတွေရှိ ပါတယ်၊အဲဒီ အားတွေကို ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး သူ့နေရာနှင့်သူ တဦးနှင့်တဦး လက်ဆွဲနှုတ်ဆက်ကာ မေတ္တာရှေ့ထား၊ နွမ်းပါးသူကို သနားကြင်နာလို့၊ချမ်းသာသူတွေ မြင်တော့လည်း ၀မ်းမြောက် မုဒိတာထားရမယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ ၀မ်းမြောက်ခြင်း ဘယ်ဖက်မှ အစွန်းမထွက်ပဲ ထားနိုင်တဲ့ ဥပေက္ခာမျိုး၊ ဒီဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ နေထိုင်သွားမယ်ဆိုရင် မြန်မာပြည် တကယ့်အေးချမ်းတဲ့ တိုင်းပြည်ဖြစ်မှာ အမှန်ပါ၊၊
မေလ(၁၄) ၂၀၁၂
Posted by MoeMaKa at 5:33 PM 0 comments

Operators running Boarding Schools in Magwe must not be politial party members


ဖောဖောသီသီ ကူးနိုင်ပါသည် ... သို့သော်
ညွန့်ထွေး
မေ ၁၅၊ ၂၀၁၂



ကော်ပီ
ကူးခြင်း

ရန်ကုန်မှာ ကျနော်တို့လုပ်နေတဲ့ ဂျာနယ်တွေမှာ ကော်ပီကူးကြတယ်။ ကော်ပီကူးတာ ကောင်းတယ်။ အချိန်ရှားပါး၊ ရေးနိုင် ဘာသာပြန်နိုင်တဲ့သူ ရှားပါး၊ ငွေကြေးနဲ့ ပစ္စည်းပစ္စယ ချို့တဲ့ကြတဲ့ ကျွန်တော်တို့ ဂျာနယ်တွေက ကော်ပီ ကူးနေကြပါတယ်။

စာနယ်ဇင်းအဟောင်းတွေကနေ ကူးတယ်။ အွန်လိုင်းက ကူးရတာဆို ပိုကောင်းတယ်။ အွန်လိုင်းမှာ ဇော်ဂျီဝမ်းနဲ့ တင်ကြတော့ ကိုယ်သုံးတဲ့ဖောင့်ပုံစံကို ပြောင်းရတာ လွယ်တယ်၊ လွယ်လွယ်လေး ကူးလိုက်ရုံပါပဲ။

ဒီလို ကူးယူ ဖော်ပြခြင်းအားဖြင့် မူရင်းရေးသားသူလည်း ပီတိဖြစ်မယ်။ (မူရင်းရေးသားသူ ဘာသာပြန်သူက ကူးယူဖော်ပြတာတွေနဲ့ပတ်သက်ပြီး အကဲဆတ်ရင်၊ မူပိုင်ခွင့်စည်းကမ်းကြီးသူဖြစ်ရင်တော့ ပီတိမဖြစ်ဘဲ ဒေါသဖြစ်မယ်ပေါ့လေ)
ကူးယူဖော်ပြထားတာကို စာဖတ်သူ ကြိုက်ပြီး ဖတ်မယ်။ မကြိုက်ရင် ကျော်ဖတ်မယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်မီဒီယာတစ်ခုရဲ့ အင်တာဗျူးမာရသွန်တစ်ခုကို ရန်ကုန်မြို့အခြေစိုက် မြန်မာဂျာနယ်တစ်စောင်က အခန်းဆက် ဖော်ပြနေတာကို တွေ့ရပါတယ်။

အင်မတန်ကောင်းပါတယ်။ သာမန်အင်တာဗျူး မဟုတ်ပါဘူး။ မေးထားတာတွေ ကောင်းတဲ့အတွက် ဒေါ်စုကလည်း အလေးအနက်ထားပြီး ဖြေထားတာ တွေ့ရပါတယ်။
ဒေါ်စု လွှတ်တော်တက်တဲ့နေ့က သတင်းသမားတချို့ရဲ့ မေးခွန်းတွေကို ဖြေဆိုပုံမျိုး မဟုတ်ပါဘူး။ တရုတ်မီဒီယာတခုရဲ့ အင်တာဗျူး ဖြစ်တဲ့အတွက်၊ တရုတ်ခေါင်းဆောင်များ ဖတ်ရှုဖွယ်ရှိတဲ့
အတွက် ဒီအင်တာဗျူးက အင်မတန် အကျိုးများမှာပါ။ ဒီအင်တာဗျူးရှည်ကို ဘာသာပြန်တဲ့သူကလည်း သူ့ဘလော့မှာ အခုလို သုံးသပ်ထားပါတယ်။

"ဂေါ်ဇီလာတရုတ်ကို မြန်မာတွေကနေ ပြောင်းလဲပစ်နိုင်တာဆိုလို့ ဒီလိုအတွေးအခေါ်လေးတွေပဲရှိတယ်။ ဒီလို အင်တာဗျူးမျိုးကို ဗျူးရဲ ဖော်ပြရဲတဲ့ Southern People Weekly magazine ကို ချီးကျူးတာတွေလည်း ဖတ်မိပါတယ်၊ ကွန်မြူနစ်နိုင်ငံမှာ ဒါတွေဖြစ်လာတာ ဝမ်းသာစရာပါ"

ဒီအင်တာဗျူးရှည်ကြီးကို ဘာသာပြန်သူရဲ့ ဒီကိုလာ www.degolar.info ဆိုတဲ့ ထင်ရှားတဲ့ဘလော့ မှာ ဖော်ပြထားတာ သုံးလ ရှိပါပြီ။ ဂျာနယ်က ကော်ပီကူးယူဖော်ပြရာမှာ ဘယ်ဘလော့ကနေ ကူးတယ် ဆိုပြီး ဖေါ်ပြထားတာ မတွေ့ရပါ။

ကျွန်တော်တို့ ဂျာနယ်တွေက ကူးယူ ဖော်ပြကြတယ်။ ပိုက်ဆံမှ မရှိတာပဲလေ။ ပိုက်ဆံရှိ ၀င်ငွေကောင်းရင်တော့ နိုင်ငံခြားမှာ လုပ်ကြသလို ၀ယ်ယူ ဖော်ပြကြမှာပေါ့။

လေးစားခြင်း

ကိုယ်ကူးလိုက်တဲ့ စာတစ်ကြောင်း၊ စာတစ်ပိုဒ်၊ စာတစ်ပုဒ် ဘယ်ကရတယ်၊ ဘယ်သူ ဘာသာပြန်ထားတယ် ဆိုတာကို ကိုယ့်ဂျာနယ်မှာ ဖော်ပြရမယ်။ ဒါမှ မူရင်း ရေးသားသူ ဘာသာပြန်သူကို လေးစားရာရောက်မယ်။

ကိုယ့်ထက်ငယ် ကိုယ့်လောက်အသုံးမကျ ကိုယ့်ထက်ညံ့သူပဲ ဖြစ်နေပါစေ ဖော်ပြရပါမယ်။ (လေရှည်လိုက်တာလို့ ထင်ချင်လည်း ထင်နိုင်ပါတယ်။ တချို့က လေရှည်မှ သဘောပေါက်တတ်လို့ပါ)

မဖော်ပြရင် အဲဒီလူကို စော်ကားရာရောက်တယ်။ စာဖတ်သူကိုလည်း မလေးစားရာရောက်တယ်။ ဒီစာ ဘယ်ကရတယ် ဆိုတာ စာဖတ်သူ သိသင့်တယ်။

တချို့စာရေးသူတွေဆိုရင် ရင်းမြစ်ဖော်ပြရုံတင်မကဘူး ကြိုတင်ခွင့်ပြုချက်တောင်းရမယ်၊ ခွင့်ပြုမှ ဖော်ပြရမယ် ဆိုပြီး ကြိုတင်ကြေညာထားတာတွေ ဖတ်ဖူးကြတယ် မဟုတ်လား။

ရိုးသားခြင်း

မူရင်းဇစ်မြစ်တွေကို ဖျောက်ဖျက်တာဟာ မရိုးသားတာပဲ။ (စာနယ်ဇင်းသမားတိုင်း သဘောပေါက်ရမယ့်အရာတွေကို ရေးရတာ ဂွကျလိုက်တာ)။

ဒေါ်စုအင်တာဗျူးကို ဘယ်ကနေ ကူးယူတယ် ဆိုတာ နောက်ဆုံးပိုင်းမှာ ဖော်ပြဖို့ စီစဉ်ထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မူဝါဒ နဲ့ ကျင့်ဝတ်

ဂျာနယ်တစ်စောင်မှာ ငါတို့ကတော့ ဘယ်မီဒီယာတွေဆီက ကူးမယ် ကိုးကားမယ်၊ ဘယ်မီဒီယာတွေကိုတော့ ရှောင်မယ် ဆိုပြီး မူဝါဒ ချမှတ်ထားတာမျိုး ရှိတတ်ပါတယ်။ ပမာဏ ဘယ်လောက်ပဲ ကော်ပီကူးကူး ရင်းမြစ်ကို ဖော်ပြရတာ ကျင့်ဝတ်ပါပဲ။

ဘုရင်တွေရဲ့ ကျင့်ဝတ်က ၁၀ ခု ရှိတယ်လို့ ဆိုတယ်။ သံဃာတွေမှာလည်း ကျင့်ဝတ်တွေ အများကြီး ရှိတယ်။ စာနယ်ဇင်းသမားတွေမှာလည်း ကျင့်ဝတ်တွေ မနည်းပါဘူး။ သံဃာတွေထက် မပိုရင်သာနေမယ် ဘုရင်တွေထက်တော့ ပိုလိမ့်မယ်။

ကိုယ့်ဂျာနယ်မှာပြဋ္ဌာန်းထားတဲ့ ကျင့်ဝတ်များက တခြားဂျာနယ်တွေနဲ့ အားလုံး မတူနိုင်ဘူး။ ပြဋ္ဌာန်းထားတာ သတ်မှတ်ထားတာ မရှိသေးဘူး ဆိုရင်လည်း တခြား ပြည်တွင်းပြည်ပ မြန်မာမီဒီယာများ၊ နိုင်ငံတကာမီဒီယာများမှာ ဘယ်လို ကျင့်သုံးနေတယ် ဆိုတာကို ရှာဖွေဖတ်ရှုသင့်တယ်။ပြီးရင် ကော်ပီကူးသင့်တယ်။ ကိုယ့်ဂျာနယ်နဲ့ မသင့်တော်တာတွေကိုတော့ မကူးနဲ့ပေါ့။

ဒီလို ပြဋ္ဌာန်းရေးဆွဲထားတာတွေကို အယ်ဒီတာအဖွဲ့ဝင်တွေဆီမှာပဲ သိမ်းထားတာမျိုးလည်း မဖြစ်သင့်ဘူး။ ကိုယ့်ဂျာနယ်မှာ လုပ်ကိုင်သူများ အားလုံး အကြိမ်ကြိမ် ဖတ်ရှုပြီး လိုက်နာရမယ့် မူဝါဒတွေ ကျင့်ဝတ်တွေ ဖြစ်တဲ့အတွက် တိုတို ရှင်းရှင်း ရေးသင့်တယ်။ ရှုပ်ထွေးရှည်လျားနေရင် ဒီလို ပျင်းစရာကောင်းတာတွေကို ဖတ်ချင်ကြမှာ မဟုတ်ဘူး။

ဒီလိုပြဋ္ဌာန်းထားရင် အနည်းဆုံးတော့ အရောင်းမြှင့်တင်ပွဲတွေမှာသတင်းယူတဲ့အခါ ပေးလာတတ်တဲ့ တီရှပ်၊ ပုဆိုးတွေကို ယူရမလား မယူရဘူးလား ဆိုပြီး ကိုယ့်သတင်းထောက်က ဇဝေဇ၀ါ ဖြစ်မနေတော့ဘူး။

နိဂုံး

နာမည်ကြီးသူကို ကဲ့ရဲ့လိုက်၊ ပျစ်ပျစ်နှစ်နှစ်ပြောလိုက်ရင် ငါ့ကို အထင်ကြီးကြတော့မှာပဲ ဆိုတဲ့ ပေါတောတော ကြောင်တောင်တောင် မူဝါဒ ကျနော့်မှာ မရှိပါဘူး။ ရေးချင်နေတာ ကြာပါပြီ။ ကြုံကြိုက်လို့ အိပ်ရေးပျက်ခံ ခြင်ကိုက်ခံပြီး ရေးလိုက်တဲ့စာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က ပြည်ပမြန်မာမီဒီယာတခုမှာလုပ်ကိုင်နေသူတဦးက ပြောတယ်၊ သူတို့ဓာတ်ပုံတွေကို ဘယ်ဂျာနယ်က ယူသုံးထားတယ်၊ ခရက်ဒစ်မပေးဘူး (ရင်းမြစ် ဖော်ပြမထားဘူး) တဲ့။ ဒီတော့ - ငါတို့ မြန်မာပြည် ဂျာနယ်လောကမှာတော့ ဒီလို အခမဲ့ ကော်ပီကူးပြီး ရင်းမြစ် မဖော်ပြတာတွေက ရိုးနေပြီကွ လို့ သူ့ကို မပြောလိုက်ပါဘူး၊ သြော် ... ဟုတ်လား လို့ပဲ ပြောလိုက်ပါတယ်။

အင်း ... မနက်အိပ်ယာထပြီး ဂျာနယ်တိုက် ရောက်တဲ့အခါ မေးရဦးမယ်၊ ကျွန်တော်တို့ဆီမှာ မူဝါဒတွေ၊ ကျင့်ဝတ်တွေ ရေးသားပြဋ္ဌာန်းထားတာ ရှိရင် ပေးဖတ်ပါဦးလို့ အယ်ဒီတာလူကြီးတွေကို မေးရဦးမယ်။

စီးချင်းထိုးအိမ်မက်စစ် နိုင်ဦးညို (ဖိုးဇီးရိုး) မေ ၁၅၊ ၂၀၁၂

စီးချင်းထိုးအိမ်မက်စစ်
နိုင်ဦးညို (ဖိုးဇီးရိုး)
မေ ၁၅၊ ၂၀၁၂



တရားတယ်
မတရားတယ်
မသိဘူး
စစ်ပွဲတွေတော့
တန်းစီနေတာဘဲ ...။

တစ်ပွဲပြီးတစ်ပွဲ
ပြီးတယ်ကို
မရှိနိုင်ဘူး
ကမ္ဘာဦးကစ
တိုက်လာတဲ့စစ်ပွဲတွေ
ရှုံးသူကခံစတမ်း
ချုပ်လိုက်ကြတဲ့စာချုပ်
စစ်ပြေငြိမ်းဖို့
ရန္တပိုကနေ ဗားဆိုင်း
ဒါပေမဲ့ ဒါပြီးရင်
နောက်တစ်ပွဲအတွက်
အသင့်ပြင်ထားသလို
သာစဉ်မြေးဆက်
လျှော်ကြေးပေးဖို့
ရက်စက်ဖို့အမွေဆိုး
လက်ဆင့်ကမ်း
လက်စားချေဖို့
မှာထားခဲ့သလိုဘဲ ...။

Tuesday, May 15, 2012

စိုးရိမ်လို့ ပြောပါသည်

စိုးရိမ်လို့ ပြောပါသည်
ခိုင်နှင်းဖြူ
မေ ၁၅၊ ၂၀၀၂

ရွှေဂက်စ်နဲ့ အစရှိသဖြင့် မြန်မာ့ဓာတ်ငွေပိုက်လိုင်းနဲ့လုပ်ငန်းများ (Safety & Health)
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဟူသောခေါင်းစဉ်ဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာနတွင် ဟောပြောပွဲတခု ကို မေလ ၄ ရက်နေ့၌ကျင်းပ မည်ဟု ဖေ့စ်ဘွတ်တွင်တွေ့လိုက်ရသဖြင့် စိတ်ဝင်စားသောကြောင့် ထိုပွဲကို တက်ရောက် နားထောင်ဖြစ်ခဲ့ပါ သည်။ ကျွန်မတို့မသိသေးသေ အကြောင်းအရာသစ်ဖြစ်သည့်ပြင် ဟောပြောသွားသည်များမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ဟောပြောသွားသည်များထဲမှ ကျွန်မစိတ်အ၀င်စားဆုံးမှာ အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့တွင်ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူပေါင်းများစွာ သေကြေပျက်စီးမှုနှင့် တဆက်တည်းပြခဲ့သော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ကူမင်မြို့သို့သွယ်တန်းသည့် ဓာတ်ငွေ့ပိုက်လိုင်းအကြောင်း ဖြစ်ပါသည်။
အောက်ပါတို့မှာ သူပြခဲ့သော ထိုစီမံကိန်းမှဓါတ်ပုံအချို့ဖြစ်ပါသည်။






• အသက်ဘေး သဘာဝဘေး စိုးရိမ်ဖွယ် ပိုက်သွယ်တန်းမှုများ
ဟောပြောသူက ၎င်းသည် ပိုက်အင်ဂျင်နီယာအဖြစ် ဆယ့်လေးနှစ်လုပ်ခဲ့ဖူးသူဖြစ်၍ ဤဓာတ်ပုံများကို ကြည့်ခါမျှဖြင့် ပိုက်လိုင်း သွယ်တန်း ထားမှုမှာ အလွန်စိုးရိမ်ဖွယ်အခြေအနေဖြစ်နေကြောင်း၊ ပိုက်လိုင်းဟူသည် မသွယ်တန်းမီကပင် ပိုက်အထိုင်များကို သေချာကျနစွာလုပ် ထားရကြောင်း၊ ပိုက်အထိုင်မကောင်းပါက ပိုက်အဆက်များအပေါ် အားသက်ရောက်မှုများရှိကာ နှစ်ကြာလာလျှင် ပိုက်အဆက်များ အက် ခြင်း၊ ကွဲခြင်းများဖြစ်နိုင်ကြောင်း၊ ထိုအခါ ထိုနေရာများမှ ဓာတ်ငွေ့ယိုစိမ့်မှုများ ဖြစ်နိုင်ကြောင်း၊ ဓာတ်ငွေ့ယိုစိမ့်နေသည့် အနီးတ၀ိုက်တွင် မီးပွားတခုခုကျခဲ့ပါက ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲကာ အနီးအနားမှ မြန်မာပြည်သူအများအပြား သေကြေပျက်စီးနိုင်သည့် အန္တရာယ်ရှိ နိုင်ပါကြောင်း၊ ပိုက်လိုင်းမှာ မြန်မာနိုင်ငံဒေသတော်တော်များများကို ဖြတ်သန်းသွားမည်ဖြစ်ရာ မြို့၊ ရွာ၊ လမ်းများကို ဖြတ်သန်းသွားမည်မှာ မလွဲ။ ထို့ကြောင့် ပိုက်လိုင်းဖြတ်သန်းသွားရာတလျှောက်မှ မြို့၊ ရွာနေပြည်သူများသည် မိုင်းဗုံးဘေးတွင် နေနေကြရသည်နှင့်တူကြောင်း။

ထို့ပြင် ပိုက်လိုင်းအဆက်များကောင်းမကောင်း စစ်ဆေးသည့်စနစ်ရှိပါသလား၊ မည်သူတို့သည် ပိုက်လိုင်းအရည်အသွေးကို တာဝန်ယူ စစ်ဆေးပါသနည်း။ ဤပိုက်လိုင်း လုံခြုံစိတ်ချရမှုကို မည်ကဲ့သို့ အာမခံထားပါသနည်း။ ပိုက်လိုင်းဖြတ်သန်းသွားသည့် လမ်းတစ်လျှောက် ခုတ်ထွင်ရှင်းလိုက်ရသော သစ်ပင်တောတောင်များအတွက် မည်ကဲ့သို့စီမံထားပါသနည်း။ ဤပိုက်လိုင်းသည် မြန်မာနိုင်ငံအတွင်းတွင်ရှိနေ သည့်အတွက် ပိုက်လိုင်းစီမံချက်တွင် မြန်မာနိုင်ငံသား မည်မျှခန့်ထားပါသနည်း။ ထိုမြန်မာနိုင်ငံသားများထဲတွင် တတ်ကျွမ်းနားလည်သော ကျူစီ (အရည်အသွေးစစ်ဆေးရေးအရာရှိ)၊ ပိုက်လိုင်းအင်ဂျင်နီယာတို့ ပါပါသလားဟု မေးခွန်းထုတ်သွားပါသည်။

ဟောပြောပွဲအပြီး ပြန်လှန်ဆွေးနွေးခန်းတွင် အရာရှိတဦးထလာကာ ၎င်းတို့အနေနှင့် ထိုဓာတ်ငွေ့ပိုက်လိုင်းအတွက် မည်ကဲ့သို့သောအရည် အသွေး စစ်ဆေးမှုများပြုလုပ်ထားကြောင်း၊ ကုန်းပေါ်ပိုက်လိုင်းတွင်သာမက ကမ်းလွန်ပိုက်လိုင်းများကိုပါ စနစ်တကျ စံချိန်စံညွှန်းများနှင့်အညီ ပြုလုပ်ပါကြောင်း ပြန်လည်ရှင်းလင်းပါသည်။

ထိုအခါ လာရောက်နားထောင်သူများထဲမှ အင်ဂျင်နီယာဟုယူဆရသူတစ်ဦးက သူ့အနေနှင့် ထိုဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်း သည့်နေရာသို့ သွားကာ ပိုက်လိုင်းဆင်နေသူများနှင့် စကားစနေပြောဖူးပါကြောင်း၊ သူက ပိုက်လိုင်းအား ဂဟေဆက်ရာတွင် မည်သည့်စံနှုန်းကို ကိုင်ကာ ဆက်ပါသနည်းဟုမေးသောအခါ ပြန်မဖြေနိုင်ကြောင်း၊ ထို့ပြင် Welding Procedure Specification ကို သိပါသလား၊ သည်အဆက်ကို ဂ ဟေဆော်သည့် WPS ကိုသိပါရစေဟု မေးသောအခါတွင်လည်း WPS ဟူသည် ဘာဆိုသည်ကိုပင် နားမလည်ကြောင်း၊ ထို့ကြောင့် ထိုပိုက် လိုင်းကိုဆင်နေသူများမှာ တတ်သိနားလည်သူ၊ ကျွမ်းကျင်သူများဖြစ်သည်ဆိုခြင်းကို ယုံကြည်ရန် အလွန်ခက်ပါကြောင်းများဖြင့် ပြန်လည် ဖြေကြားသွားပါသည်။

• လုပ်ငန်းခွင်ဗဟုသုတနှင့် လူထု၏ ဗဟုသုတကွယ်လပ်ကြီး
ကျွန်မသည် ရေနံပိုက်လိုင်းတွင် ကျူစီအဖြစ် နှစ်အတန်ကြာလုပ်ခဲ့ဖူးသဖြင့် ပိုက်လိုင်းများအကြောင်း အင်ဂျင်နီယာများလောက် မတတ် ကျွမ်းသော်လည်း ပိုက်လိုင်းတစ်ခု၏အရည်အသွေးကို မည်ကဲ့သို့စစ်ဆေးရသည်၊ မည်သည့်စံနှုန်းများအရ မည်သည်တို့ပြုလုပ်ရန် လိုသည် ဆိုသည်များကိုမူ သေသေချာချာသိပါသည်။

ပိုက်လိုင်းတစ်ခု ဆင်တော့မည်ဆိုလျှင် ထိုပိုက်လိုင်းပြေးမည့်ပုံများ (Schematic Diagram, Piping and Instrument Diagram, Flow Diagram, General Arrangement Drawing, Isometric Drawing အစရှိသည်)။ ပိုက်လိုင်းတွင်တပ်ဆင်ရမည့်ကိရိယာများနှင့်တကွ ပိုက်လိုင်း၏ အတွင်းအပြင်ဖိအား၊ အပူချိန်အစရှိသည်တို့ကို ဦးစွာတင်ပြရပါသည်။ ထို့အပြင် ထိုပိုက်လိုင်းအကြောင်း အပြည့်အစုံဖော်ပြ ထားသည့် ပိုက်လိုင်းတပ်ဆင်နည်းလက်စွဲ (Piping Procedure Specification) ကိုလည်း ရေးဆွဲတင်ပြရပါသည်။ ထိုလက်စွဲစာအုပ်တွင် ပိုက်လိုင်း၌တပ်ဆင်မည့် ပိုက်၊ ပိုက်ဆက်ပစ္စည်း၊ ဗား၊ ပိုက်အထိုင်၊ ကိရိယာများ၏အရည်အသွေးကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်။ ပိုက် ကိုမည်ကဲ့သို့ ဆင်ရမည်။ မည်ကဲ့သို့သောပိုက်အထိုင်များဆင်ရမည်။ မည်သည့်ဆေးကို မည်ကဲ့သို့သုတ်ရမည်။ ပိုက်လိုင်းကို မည်ကဲ့သို့ စမ်းသပ်ရမည်။ ပိုက်နှင့်ပိုက်ကိုသော်လည်းကောင်း၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများကိုသော်လည်းကောင်း ဂဟေဆော်လျှင် မည်သည့်စံနှုန်း များနှင့် ဆော်ရမည်။ ဂဟေဆော်သူသည် မည်သည့်လက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည် အစရှိသဖြင့် အသေးစိတ်ဖော်ပြထား၏။

ရာသီဥတုဒဏ်ကြောင့်သော်လည်းကောင်း၊ မြေငလျင်ဒဏ်ကြောင့်သော်လည်းကောင်း၊ ပိုက်အတွင်းရှိ ဖိအားကြောင့်သော်လည်းကောင်း ပိုက်လိုင်းသည် အလျားလိုက်သော်လည်းကောင်း၊ ဘေးတိုက်သော်လည်းကောင်း ရွေ့နိုင်ပါသည်။ ထို့ကြောင့် ပိုက်လိုင်း ရွေ့လျားမှုကိုထိန်း ရန် ပိုက်အထိုင်တစ်ခုနှင့်တစ်ခု မည်မျှကွာရမည်၊ မည်သည့်နေရာများတွင် ပိုက်အထိန်း (pipe guides) များထည့်ရမည်၊ မည်သည့်နေရာများ တွင် ပိုက်လိုင်းအချုပ် (anchor points) များထည့်ရမည် စသည်ဖြင့် သေသေချာချာ ဒီဇိုင်းဆွဲရပါသည်။ ဤသို့ ဒီဇိုင်းဆွဲခြင်းကို Stress Analysis ဟုခေါ်ပြီး ကွန်ပြူတာပရိုဂရမ်အားဖြင့် Caesar II Program ကို သုံးကြပါသည်။

ပိုက်များမချမီကတည်းက ပိုက်အထိုင်များကို သေသေချာချာဆင်ထားရပါသည်။ ပိုက်များကို ဂဟေဆော်ပြီးနောက် ဂဟေဆက်များတွင် အားမသက်ရောက်စေရန် ပိုက်လိုင်းအား လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင်ထားရပါသည်။ ထိုဓါတ်ပုံများအရ ပိုက်လိုင်းမှာ ဂဟေဆက်ပြီး သွားပြီဖြစ်ပါသည်။ မျက်မြင်အရပြောရသော် ထိုပိုက်လိုင်းကို မြေသားအထိုင် (bedding) ပေါ်တင်ထားပါသည်။ ထို့ကြောင့် ပိုက်အထိုင် ထပ်မံမလုပ်တော့ဘဲ ထိုမြေသားအထိုင်များသည်ပင်လျှင် အသေဖြစ်ဖို့များပါသည်။ ဤတွင် ထိုပိုက်လိုင်းအထိုင်များမှာ သေသေချာချာ ဒီဇိုင်းဆွဲ၊ တွက်ချက်ထားတာလားဆိုတာ သံသယရှိစရာဖြစ်ပါသည်။ ဤကဲ့သို့သော ဓာတ်ငွေ့ပိုက်လိုင်းတွင် ပိုက်လိုင်းအထိုင် အလွန်အရေး ကြီးပါသည်။ မဟုတ်ပါက ပိုက်အဆက်များအတွက် အလွန်အန္တရာယ်ကြီးပါသည်။ ထို့အတူ ပိုက်လိုင်းအနီးနေထိုင်သူများအတွက်လည်း အန္တရာယ်များပါသည်။

• မိမိနိုင်ငံအတွက်လား ... သူတပါးနိုင်ငံအတွက်လား
ဟောပြောသူ နောက်တချက်ထောက်ပြသွားသည်မှာ ပိုက်လိုင်းအတွက် ခန့်ထားသည့်ဝန်ထမ်းအင်အား ဖြစ်ပါသည်။ ထိုပိုက်လိုင်းတွင် သိရသလောက် မြန်မာလူမျိုးကို မခန့်သလောက်ဖြစ်ပြီး အလုပ်လုပ်နေသူအများစုမှာ နိုင်ငံခြားသားများချည်းဖြစ်သည်။ အမှန်ဆိုရလျှင် မြန် မာနိုင်ငံအတွင်း၌လုပ်နေသည့်စီမံကိန်းဖြစ်သဖြင့် မြန်မာလူမျိုးများကို ဦးစားပေးခန့်ထားရမည်။ နိုင်ငံခြားသားများခန့်လိုလျှင် မြန်မာလူမျိုး မည်မျှရှိမှ နိုင်ငံခြားသားမည်မျှခန့်ထားနိုင်သည်ကို သတ်မှတ်ထားသင့်ပါသည်။ စင်ကာပူတွင် နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်းကို Foreing Workers Employment Act ဟူသည့်ဥပဒေဖြင့် ပြဌာန်းထိန်းချုပ်ထားသည်ဟု ဆိုပါသည်။ သို့သော် သူက မြန်မာနိုင်ငံမှ အလုပ် သမားများနှင့်ပတ်သက်သည့်ဥပဒေများကိုလေ့လာကြည့်ရာ ထိုဥပဒေမျိုးမတွေ့ဖူးသေးပါ။ နိုင်ငံခြားသားများအား အလုပ်ခန့်ထားရေးအ တွက် ထိုဥပဒေမျိုးကို အလျင်အမြန်ရေးဆွဲပြဌာန်းသင့်ပေသည်ဟုလည်း ထောက်ပြသွားပါသည်။

သူပြောသည်မှာ မှန်ပါသည်။ မကြာမီ နိုင်ငံခြားကုမ္ပဏီအများအပြား မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံတော့မည်ဖြစ်ရာ မည်ကဲ့ သို့သောသူများအား မည်သည့်အလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးမည်နည်း။ ထိုသူများ၏အရည်အချင်းနှင့် ဘာသာစကား ကန့်သတ် ချက်၊ ကျန်းမာရေးအခြေအနေ၊ မြန်မာနိုင်ငံအတွင်း နေထိုင်စဉ်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း စသည်တို့ကို ယခုကတည်းက ဥပဒေရေး ဆွဲထားသင့်ပါသည်။ ဥပဒေရှိပြီးဖြစ်လျှင်လည်း အများပြည်သူသိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးထုတ်ပြန်သင့်ပါသည်။ သို့မှ လိုအပ် သည်များကို ထောက်ပြပြင်ဆင်နိုင်ပါမည်။ ထို့ပြင် လက်တွေ့ဆောင်ရွက်ရာတွင် ဥပဒေကို တိတိကျကျလိုက်နာဆောင်ရွက်ရန်လည်း အ ရေးကြီးပါသည်။

• ပြည်သူတွေ ဆွေစဉ်မျိုးဆက် စတေးခံကြရဦးမှာလား
ဤတွင် သာမန်ပြည်သူတဦးအနေနှင့် ကျွန်မတွေးမိသည်ကို တင်ပြပါမည်။ မည်သည့်လုပ်ငန်းမျိုးမဆို အများပြည်သူ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ပထမဦးစားပေးအနေနှင့် စဉ်းစားသင့်သည်ဟု ထင်မြင်မိပါသည်။ တိုင်းပြည်အတွက် အကျိုးရှိမည့်လုပ်ငန်းပင် ဖြစ်သော်ငြားလည်း ပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသောလုပ်ငန်းဖြစ်ပါက၊ သို့မဟုတ် နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မည့် လုပ်ငန်းများဖြစ်ပါက တာဝန်ရှိသူများအနေနှင့် အလေးအနက်ထားဆုံးဖြတ်သင့်ပါသည်။ လုပ်မည်ဆိုလျှင်ပင် စိတ်ချရသည့်အခြေအနေ တခုရောက်အောင် ကျွမ်းကျင်သူပညာရှင်များနှင့်တိုင်ပင်ကာ အစီအမံများကို ရေးဆွဲအကောင်အထည်ဖော်ရန် လိုပါသည်။

ထိုပိုက်လိုင်းသာမက မည်သည့်လုပ်ငန်းမဆို လုပ်ငန်းတစ်ခုစတော့မည်ဆိုသည်နှင့် ထိုလုပ်ငန်းအတွက် အရေးကြီးသော စာရွက်စာတမ်းများ ကို ဦးစွာတင်ပြရန်လိုပါသည်။ ထိုလုပ်ငန်းတွင်သုံးမည့်ပစ္စည်းများ၏ အရည်အသွေးကို အာမခံထားသောလက်မှတ်များ၊ ထိုလုပ်ငန်းကို အ ကောင်အထည်ဖော်မည့်လုပ်ငန်းအစီအစဉ်များ၊ ထိုလုပ်ငန်း၌ ပါဝင်လုပ်ကိုင်မည့် လုပ်သား၊ အင်ဂျင်နီယာ၊ အရာရှိများ၏ ကျွမ်းကျင်မှု လက်မှတ်များ၊ လုပ်သားများ၏ကျွမ်းကျင်မှုကို ထောက်ခံထားသော စာရွက်စာတမ်းများ၊ လိုအပ်သောစစ်ဆေးမှုဆိုင်ရာ အစီအမံများ စ သည်ဖြင့် ပြည့်စုံစွာတင်ပြပြီး အစိုးရ၊ သို့မဟုတ် ပိုင်ရှင်ကကျေနပ်မှ လုပ်ငန်းစတင်ရပါမည်။

ကျွန်မတို့ ပြည်သူပြည်သားများမှာ ပညာရှင်များမဟုတ်သည့်အတွက် ဤအကြောင်းများကို ဂဃနဏသိရန် မလွယ်ပါ။ အကယ်၍ တစ်စုံ တစ်ခုဖြစ်လာခဲ့လျှင် ခါးစည်းခံကြရမည်သာ ဖြစ်ပါသည်။ ဤပိုက်လိုင်းသည် မည်သည့်ပိုက်လိုင်းဖြစ်သည်။ မည်ကဲ့သို့သော အန္တရာယ်များ ရှိသည်ကို မသိနိုင်ပါသဖြင့် ပိုက်လိုင်းအနီးအနားတွင် ဆေးလိပ်သောက်မိမည်။ မီးဖိုချင်လျှင်ပင် ဖိုမိမည် ဖြစ်ပါသည်။ အကယ်၍သာ ပိုက် လိုင်းမှ ဓာတ်ငွေ့များယိုစိမ့်နေပါက ဖြစ်ပေါ်လာမည့် အန္တရာယ်မှာ မတွေးဝံ့စရာပါ။

ကျွန်မတို့မြန်မာနိုင်ငံတွင် သန်း ၆၀ မျှသောနိုင်ငံသားများ မှီတင်းနေထိုင်ကြပါသည်။ နိုင်ငံသာယာဝပြောရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး တို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။ နိုင်ငံအေးချမ်းသာယာဝပြောလျှင် ပြည်သူအများလည်း သာယာအေးချမ်းစွာ နေနိုင်ကြမည်။ ပြည်သူများ၏ ပြဿနာသည် နိုင်ငံ့ပြဿနာဖြစ်သကဲ့သို့ နိုင်ငံ့အရေးသည်လည်း ပြည်သူတို့အရေး ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်း အမြင်မတော်တာများရှိပါက ပြည်သူများအနေနှင့် ၀ိုင်းဝန်းထောက်ပြ၊ ပြင်ဆင်ကြဖို့ တာဝန်ရှိပါသည်။ (See Something, Say Something) ဤသို့ထောက်ပြခြင်းမှာ အပျက်ဘက်၊ အဆိုးဘက်မှ မကောင်းမြင်ခြင်းမဟုတ်ဘဲ မဖြစ်သင့်သည်များ မဖြစ်အောင် အချိန်မီ အရေး ယူ၊ ပြင်ဆင်နိုင်ရေးအတွက် သတိပေးခြင်းမျှဖြစ်သည်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် အမြင်ရှင်းရန်လိုပါသည်။

သို့ဖြစ်ပါသောကြောင့် တာဝန်ရှိသူများအနေနှင့် ဤကိစ္စများအပေါ် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးကြပါရန် အများပြည်သူတို့ကိုယ်စား မေတ္တာရပ်ခံလိုက်ရပါသည်ရှင့်။

စီးချင်းထိုးအိမ်မက်စစ်

စီးချင်းထိုးအိမ်မက်စစ်
နိုင်ဦးညို (ဖိုးဇီးရိုး)
မေ ၁၅၊ ၂၀၁၂



တရားတယ်
မတရားတယ်
မသိဘူး
စစ်ပွဲတွေတော့
တန်းစီနေတာဘဲ ...။

တစ်ပွဲပြီးတစ်ပွဲ
ပြီးတယ်ကို
မရှိနိုင်ဘူး
ကမ္ဘာဦးကစ
တိုက်လာတဲ့စစ်ပွဲတွေ
ရှုံးသူကခံစတမ်း
ချုပ်လိုက်ကြတဲ့စာချုပ်
စစ်ပြေငြိမ်းဖို့
ရန္တပိုကနေ ဗားဆိုင်း
ဒါပေမဲ့ ဒါပြီးရင်
နောက်တစ်ပွဲအတွက်
အသင့်ပြင်ထားသလို
သာစဉ်မြေးဆက်
လျှော်ကြေးပေးဖို့
ရက်စက်ဖို့အမွေဆိုး
လက်ဆင့်ကမ်း
လက်စားချေဖို့
မှာထားခဲ့သလိုဘဲ ...။

ဘာသာရေးအကြောင်းပြ
လူမျိုးရေးအကြောင်းပြ
နိုင်ငံရေးအကြောင်းပြ
နယ်မြေလုကြရင်း
တကယ်တမ်းတော့
အတ္တအကြောင်းပြု
ဂဲနဲ့ထုတာကအစ
မင်းကဘာကောင်မို့လဲ
ချကြတဲ့စိတ်တွေ
ဘယ်တရားဟောတာကိုမှ
လက်မခံချင်ဘူး ...။

မြှောက်တဲ့သူကမြှောက်ပေး
ရောင်းတဲ့သူက
ဂျင်ကလိရော
တိုက်ချင်းပစ်ဒုံးပျံရော
ဓာတုလက်နက်ရော
နျူကလီးယားရော
ရရာတီထွင်ပြီး
ဈေးကွက်ရှာရောင်း
စီးပွာပျက်ကပ်
ဆိုက်ချင်ဆိုက်
ငါစီးပွားတက်ဖို့
အရေးကြီးဆုံးဘဲ
စစ်နိုင်ဖို့ဆိုရင်
နှမပေးချင်တဲ့
ယောက်ဖတွေလည်း
အများကြီးဘဲ
ခင်ဗျားတို့ကျုပ်တို့
ဒုက္ခလှလှရောက်ရတာ
ဒီစစ်ပွဲတွေကြောင့်ဘဲ ...။

ဒီစစ်ပွဲတွေချက်ချင်းရပ်
ဒီစစ်ပွဲတွေချက်ချင်းရပ်
ဒီစစ်ပွဲတွေချက်ချင်းရပ် ...။

ပြောသာ ပြောရတာ
ဒီည …. ကျုပ်အိမ်မက်ထဲမှာ
ဘယ်သူနဲ့များ
စီးချင်းထိုးရအုံးမှာလဲ မသိဘူး ....။

Monday, May 14, 2012

ဗုဒ္ဓ၀ါဒီရှုမြင်တဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ)

လွန်ခဲ့တဲ့သုံးပတ်ခန့်က “ဗုဒ္ဓ၀ါဒီနှင့် ဒီမိုကရေစီနိုင်ငံတော်’’ အမည်နဲ့ ဆောင်ပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နှစ် ပေါင်းရှစ်ဆယ်နီးပါး လျှောက်လှမ်းနေပြီးဖြစ်ပါလျှက် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ မရောက်ရှိနိုင်သေးတဲ့ ထိုင်းနိုင်ငံရဲ့ဒီမိုကရေစီအကြောင်း တစေ့တစောင်းနဲ့၊ ဗုဒ္ဓ၀ါဒီတယောက်ရဲ့အမြင်နဲ့ ဒီမိုကရေစီစံနစ်အပေါ်မှာ သုံးသပ်တင်ပြထားခြင်းပါ။

ဒီမိုကရေစီဆိုတဲ့လမ်းစဉ်နဲ့ မြန်မာပြည်သူ၊ ပြည်သားတွေ နှစ်ပေါင်းငါးဆယ်ကျော် အလှမ်းကွာဝေးခဲ့ကြရတဲ့အတွက်ကြောင့် ဒီမိုကရေစီ စံနစ်ရဲ့ အနှစ်သာရကို ခံစားသိရှိသူတွေ အတော်ကိုနည်းသွားပြီလို့ ဆိုရမှာပါ။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီစံနစ် ပျောက်ဆုံးသွားတဲ့နှစ်ပေါင်းက ငါးဆယ်ကျော်ဆိုတော့ အတော်ကြီးကိုကြာသွားပြီလို့လဲ ဆိုရမှာပါ။ ၁၉၆၂ ခုနှစ်မှ နောက်ပိုင်းကာလများမှာလည်း ဒီမိုကရေစီဆိုတဲ့စကားကို ရောင်လို့တောင် အိပ်မက်မမက်ရဲခဲ့တဲ့ ခေတ်ကာလများဆိုတော့ ဒီမိုကရေစီအကြောင်းကိုပြောခဲ့မိရင် ရောသမမွှေခံရမှာကို ကြောက်လို့ထင် ပါရဲ့ ဒီမိုကရေစီဆိုရင် ဝေးဝေးက ရှောင်နေခဲ့ကြတာပါ။ ဒီအခြေအနေမျိုးတွေကို ကျော်ဖြစ်လာခဲ့ကြရတဲ့မြန်မာပြည်သူ၊ ပြည်သားတို့ရဲ့ဘ၀ကို စာနာပေးနိုင်ဖို့ပါ။

ကြောက်ရွံ့ခြင်းဆိုတာသိလို့ ကြောက်သူများရှိသလို၊ မသိလို့ကြောက်နေသူများလည်းရှိနေခြင်းပါ။ စနစ်တစ်ခုရဲ့အောက်မှာ အကြောက် တရားနဲ့ နေရတဲ့အခါမျိုးမှာ အခြားစံနစ်တစ်ခုကို ပြောရမှာ၊ ဆွေးနွေးရမှာကို ကြောက်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမဲ့ ယခုအခါမှာ နိုင်ငံတော်က ဒီမိုကရေစီစံနစ်ကို ကျင့်သုံးနေပြီဖြစ်ပါလျှက် နိုင်ငံတွင်းမှာနေတဲ့ ပြည်သူ၊ ပြည်သားတွေရဲ့ အကြောက်တရားမျိုးကတော့ ဆန်းနေသလိုပဲ။ တကယ်တော့ အကြောက်တရားလွန်ကဲနေသူများဟာ ဒီမိုကရေစီစံနစ်ရဲ့ကျင့်ထုံးတွေကို မသိကြလို့၊ မလေ့လာကြလို့ ကြောက်နေကြခြင်းမျိုးပါ။ ဒီမိုကရေစီစံနစ်အရ နိုင်ငံတော်ကချမှတ်ထားတဲ့ဥပဒေများ၊ ပြည်သူ၊ ပြည်သားတွေ လိုက်နာကျင့်သုံးရမဲ့ ဥပဒေ များကို ပြည်သူတွေ သိထားကြမယ်ဆိုရင် (လို့မဟုတ်) သိနားလည်အောင်ပြုလုပ်ထားကြမယ်ဆိုရင် ကျော်လွန်လာခဲ့တဲ့ နေရက်အချိန်တွေ အတွက် ပြန်လည်နှမြောမိကြမှာပါ။ ထို့ကြောင့် ဒီမိုကရေစီစံနစ်ရဲ့ လေးနက်တဲ့အနှစ်သာရများကို ပြည်သူ၊ ပြည်သားတွေ စောစီးစွာသိရှိ နိုင်ဖို့ပါ။

ပြည်သူတွေ ဒီမိုကရေစီနဲ့စပ်တဲ့အသိတရားတွေ ဘယ်လောက်များနည်းပါးနေကြသလဲဆိုရင် ဒီမိုကရေစီရဲ့အနှစ်သာရကို မသိရှာကြလေ တော့ ဒီမိုကရေစီရရင် ထင်ရာလုပ်လို့ရပြီလို့အထင်ရောက်နေသူတွေက ဒုနဲ့ဒေး။ ဒီမိုကရေစီရဲ့အနှစ်သာရကို ဘာမှမသိဘဲ ပြောသွားတဲ့ သူရဲ့စကားကို တကယ့်ဒီမိုကရေစီ ကျင့်ထုံးကြီးထင်ပြီး ထင်ရာစိုင်းချင်သူတွေအတွက် ရင်လေးမိပါရဲ့။ မကြာခင်ကပြီးဆုံးသွားတဲ့ မြန်မာရိုး ရာသင်္ကြန်ပွဲမှာ ပြည်သူ၊ ပြည်သားအများစုရဲ့ ၀တ်စားဆင်ယဉ်မှုတွေက ပြည်သူတွေရဲ့စိတ်ဓာတ်အချို့ကို တစ်စိတ်တစ်ပိုင်း ထင်ဟပ်ြပနေ ခြင်းပါ။ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေက မြန်မာရိုးရာဝတ်စားဆင်ယင်မှုတွေကို စိန်ခေါ်လာပြီဆိုတော့လဲ စိတ်ပူတတ်သူများအတွက် စိတ်ပူစရာပါ။ မလုံတလုံ၊ မပေါ်တပေါ် ခေတ်ပေါ်ဝတ်စားဆင်ယင်မှုတွေဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို အစွန်းအ ထင်း ထင်စေနိုင်ရုံမက ဖျက်ဆီးပစ်တဲ့အထိရောက်သွားနိုင်တယ်ဆိုတာ ပြည်သူ၊ ပြည်သားအများစု သိထားနိုင်ဖို့ပါ။

ဒီနေရာမှာ ဒီမိုကရေစီနိုင်ငံများအားလုံးက လေးစားလိုက်နာရတဲ့ “လူ့အခွင့်အရေး ကျေညာစာတမ်းကြီး’’ ကို အခွင့်သင့်လို့တင်ပြပါရစေ။ အဲဒီစာတမ်းထဲမှာ ဒီမိုကရေစီကို လေးစားလိုက်နာသူတိုင်း ကျင့်သုံးရမဲ့စည်းကမ်းပေါင်း အချက်သုံးဆယ်တိတိပါဝင်နေပြီး၊ ထိုစည်းကမ်း များကို ကုလသမဂ္ဂမှ ၁၉၄ဂ ခုနှစ်တွင် “လူ့အခွင့်ရေး ကြေညာစာတမ်းကြီး’’ တခုအနေနဲ့ထုတ်ပြန်ထားခဲ့တာပါ။ အဲဒီလူ့အခွင့်ရေး ကြေညာ စာတမ်းကြီးမှာပါတဲ့ ပထမဦးဆုံးလိုက်နာရမည့်စည်းကမ်းက “ဤကမ္ဘာတွင် လူဟူသမျှသည် မိသားစုအဖွဲ့ဝင် ညီအကိုမောင်နှမများ သ ဖွယ်ဖြစ်၏။ ထို့ကြောင့် သင်သည် လူချင်းဆက်ဆံရာ၌ ကြင်နာစွာဖော်ရွေစွာ ယဉ်ကျေးစွာ ပြုမူသင့်၏’’ လို့ ဖေါ်ပြထားခြင်းပါ။ ဟိရီ၊ သြတ္တ ပ္ပတရားကိုတန်ဖိုးထားတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုး၌ မလုံမခြုံဝတ်စားဆင်ယဉ်မှုမျိုးကိုပြုခြင်းဟာ အများအပေါ်မှာ (သို့မဟုတ်) ယဉ်ကျေးတဲ့လူ့အသိုင်းအ၀ိုင်းပေါ်မှာ ယဉ်ကျေးစွာ ပြုမူရာ ရောက်၊ မရောက် စဉ်းစားနိုင်ကြဖို့ပါ။ အဖေနဲ့သမီး၊ အကိုနဲ့ညီမ တခရီးထဲမှာ အတူသွားလို့မ အမြင်လည်းမတော်၊ သင့်လည်းမသင့်တော်တဲ့အနေအထားမျိုးမှာ ရှိနေလို့ပါ။ အချင်းချင်း ယဉ်ကျေးစွာ ပြုမူသင့်၏ဆိုတဲ့အဓိပ္ပါယ်ဟာ သိပ်ကိုလေးနက်သိမ့်မွေ့လှတယ်။ “စုံပုဝါ ဘယ်ညာချပြီး၊ မှုန်နံသာ ချယ်ကာသတာကို အလှတရားပါ’’ လို့ မြန်မာအများစုရဲ့သဘောထားက ထင်ရှားရှိနေသေး တယ်ဆိုရင်၊ လုံလုံခြုံခြုံနဲ့ ၀တ်စားဆင်ယဉ်တဲ့ မြန်မာအမျိုးသမီးကောင်းတို့ရဲ့ ကျော့ရှင်းတဲ့အလှတရားကို မြန်မာပြည် သူ၊ ပြည်သားတို့က မြတ်နိုးစွာဖြင့် ဆက်လက်တန်ဖိုးထားဆဲဆိုရင်တော့ မြန်မာအမျိုးသမီးတို့ရဲ့ အလှကျက်သရေဆိုတာ ဒါမျိုးပါလို့ ကမ္ဘာ ကို စံထားပြောဆိုလို့ရမှာပါ။ ဒီလိုမှမဟုတ်ပဲ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထငကြီးပြီး၊ အတုယူမှားကြမယ်ဆိုရင်တော့ “ယှဉ်တုတိုင်း ရှက် စရာတွေချည်း’’ ဖြစ်နေမှာပါ။ “ယိုသူမရှက် မြင်သူရှက်’’ အဖြစ်မျိုးတွေချည်း ကြုံတွေ့နေကြရမှာပါ။ ကိုယ်ပိုင်အသိဉာဏ်နဲ့ စဉ်းစားဝေဖန် နိုင်ကြဖို့ပါ။

ထင်ရာစိုင်းချင်တဲ့ အမူအကျင့်တွေရှိနေသေးတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေ စာတွေပေတွေအများကြီးဖတ်ကြဖို့ပါ။ ဖြစ်နိုင်ရင် နိုင်ငံတော် မှလည်း ပညာပေးဟောပြောပွဲတွေ၊ စာပေဟောပြောပွဲတွေ၊ ရေဒီယို၊ ရုပ်သံလွှင့်အစီအစဉ်တွေနဲ့ ဒီမိုကရေစီအကြောင်း သိကောင်းစရာတွေ ကို မကြာမကြာပြုလုပ်ပေးနေရမှာပါ။ သတင်းမီဒီယာများနှင့် အနုပညာရှင်များကလည်း ပညာပေးဆွေးနွေးပွဲတွေ၊ ရုပ်သံလွှင့်ဇာတ်လမ်း တွေနဲ့ ဒီမိုကရေစီရဲ့အနှစ်သာရကိုပေါ်လွင်စေတဲ့ ရုပ်ရှင်ဇာတ်ကားများကို ထုတ်လွှင့်ပေးကြရမှာပါ။ ပြည်သူ၊ ပြည်သားတွေ ဒီမိုကရေစီစံနစ် ကို သဘောသက်ဝင်လာပြီး၊ ပြည်သူပြည်သားတွေကိုယ်တိုင် ပူးပေါင်းပါဝင်လာမှ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတောကြီးဆိုတာ တ ကယ်ဖြစ်လာမှာပါ။

မြန်မာပြည်မှာ ဆင်းရဲ ချမ်းသာ ကွာခြားလွန်းတဲ့လူတန်းစားပြဿနာရှိနေလေတော့ အလွှာမတူညီတဲ့လူတန်းစားတွေကို အသိတရားတွေ တူညီလာအောင် ဘယ်လိုလုပ်ဖြစ်နိုင်မလဲလို့ တဦးတယောက်က မေးခွန်းထုတ်မေးလာခဲ့ရင် အဖြေကို ၀ိုင်းဝန်းစဉ်းစားပေးကြဖို့ပါ။

ဒီနေရာမှာ မြတ်ဗုဒ္ဓအသုံးပြုတဲ့ နည်းစံနစ်လေးတစ်ခုကို သတိရမိလို့တင်ပြပါရစေ။ မြတ်ဗုဒ္ဓရဲ့သာသနာတော်အတွင်းကို ၀င်ရောက်လာသူ တွေဟာ အသိပညာ ဥစ္စာဓနအားဖြင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လယ်ဗယ်မတူညီသူတွေများပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ ဘယ် လိုပဲ လယ်ဗယ်ကိုညှိညှိ လယ်ဗယ်ညှိလို့ကိုမရနိုင်တဲ့အနေအထားမျိုးမှာပါ။ သာသနာတော်အတွင်း ရဟန်းပြုလာသူတွေထဲမှာ ရှင်ဘုရင်ဆို သူတွေလဲ ပါတယ်။ စစ်သူကြီးဆိုသူတွေလဲပါတယ်။ သူဋ္ဌေးသူကြွယ်တွေလဲပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ဆင်းရဲသားကအစ သူခိုးဓားပြ၊ လူဆိုးလူမိုက်တွေအထိ ပါဝင်နေတာ။ ဆုံးမထိုက်တဲ့သူများကို ဆုံးမတော်မူရာ၌ ကျွမ်းကျင်တော်မူလှတဲ့ မြတ်စွာဘုရားဟာ သာသနာတော်အတွင်း ၀င်ရောက်လာသူတွေအားလုံးကို လယ်ဗယ်ညီအောင် ပြုကျင့်နိုင်တဲ့စံနစ်တစ်ခုကို ချမှတ်တော်မူခဲ့တယ်။ စံနစ်က ရိုးတယ်။ ရှင်းတယ်။ ဒါပေမဲ့ အကျိုးသက်ရောက်မှုရှိတယ်။ အဲဒီအကျင့်ကို “သိက္ခာ သုံးပါးအကျင့်’’လို့ခေါ်တာ။ သီလ သမာဓိ ပညာကို သိ က္ခာသုံးပါးအကျင့်လို့ သိထားဖို့ပါ။

ဦးစွာပထမ မြတ်စွာဘုရားက သာသနာတော်အတွင်းဝင်ရောက်လာကြတဲ့ သူခိုးဓားပြဆိုသူတွေကိုရော၊ လူဆိုးလူမိုက်ဆိုသူတွေကိုရော၊ သူဋ္ဌေးသူကြွယ်ဆိုသူတွေကိုရော၊ စစ်သူကြီးဆိုသူတွေကိုရော၊ ရှင်ဘုရင်ဆိုသူတွေကိုရော၊ ဒီလူတွေအားလုံးကို အခြေခံလယ်ဗယ် ညီသွား အောင် သီလအကျင့်တရားနဲ့ကိုယ်နဲ့နှုတ်ကို ယဉ်ကျေးသွားအောင် ဦးစွာပထမ ဆုံးမတော်မူတယ်။ မကြာခင်မှာပဲ သူတို့အားလုံးရဲ့ ကိုယ် အမူအယာရော၊ နှုတ်အမူအယာများဟာ တဖြေးဖြေး ယဉ်ကျေးသိမ့်မွေ့လာပြီး (ယဉ်ကျေးပြီးသူများဆို ပိုမိုယဉ်ကျေးသိမ့်မွေ့လာပြီး) အ တိုင်းအတာတစ်ခုအထိ လယ်ဗယ်ညီလာတယ်။ ဒါပေမဲ့ သီလရဲ့အစွမ်းက ကိုယ်နှုတ်နှစ်ပါးကိုသာ ယဉ်ကျေးအောင်ပြုနိုင်ပြီး၊ စိတ်ကို ယဉ် ကျေးအောင်မပြုနိုင်သေးတာမို့ သမာဓိအလေ့အကျင့်နဲ့ နောက်ထပ်တဆင့်တိုးမြှင့်ပြီး စိတ်ကိုပါယဉ်ကျေးလာအောင် ဘ၀နာတရား တစ် ခုခုကိုကျင့်သုံးစေပြီး လယ်ဗယ်ညှိပေးပြန်တယ်။ တိုတိုပြောတော့ အဲဒီအချိန်မှာ ကိုယ်နှုတ်စိတ် သုံးပါးလုံး ယဉ်ကျေးလာကြတယ်။ ဒါပေမဲ့ အသိတရားမှာ လယ်ဗယ်မညီပြန်ရင်လဲ ငြိမ်းချမ်းတဲ့ သာသနာတော်တစ်ရပ်ကို တည်ထောင်နိုင်ဖို့ ခက်ခဲတဲ့အနေအထားမျိုးမှာ ရှိနေပြန် တော့ အသိဉာဏ်ပညာ လယ်ဗယ်များ အနီးစပ်ဆုံးတူညီမှုများ ရရှိနိုင်အောင် ၀ိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာတို့ဖြင့် ဘ၀ရဲ့သစ္စာ၊ ဓမ္မရဲ့တန်ဖိုးများကို သိနားလည်စေခဲ့တယ်။ နောက်ဆုံးတော့ သိက္ခာသုံးပါးအကျင့်တရားများကို ကိုယ်တိုင်ပွားများကြခြင်းကြောင့် သာသနာ့ ၀န်ထမ်း ရဟန်းတော်များရဲ့ဘ၀ဟာ အသိဉာဏ်လယ်ဗယ်များ တူညီလာကြတယ်။ အခြေခံလယ်ဗယ်များတူညီလာကြတော့ ငြိမ်းချမ်းသာ ယာစွာနဲ့ဂန္ထဓုတ (စာပေသင်ကြား၊ ပို့ချခြင်း) အလုပ်၊ ၀ိပဿနာဓုတ (၀ိပဿနာတရားအားထုတ်ခြင်း၊ ပွားများခြင်း) အလုပ်များကို ညီညီညွတ်ညွတ်နဲ့လုပ်နိုင်ခဲ့ကြတယ်။ မြတ်ဗုဒ္ဓက ဝေနေယျတို့အား ဒီနည်းကို အသုံးပြုပြီး အခြေခံလယ်ဗယ်များကို အနီးစပ်ဆုံးညီအောင် ညှိခဲ့ တာပါ။ စဉ်းစားနိုင်ဖို့ပါ။

ဒီမိုကရေစီရဲ့စံနစ်အောက်မှာ ပြည်သူပြည်သားတွေရဲ့ဘ၀တွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ဖို့အတွက် အသိတရားနဲ့အခြေခံလူနေမှုဘ၀ လယ်ဗယ်ညီဖို့တော့ လိုမှာပါ။ အကယ်၍များ ဆင်းရဲလွန်းသူတွေက သိပ်များနေပြီး၊ ချမ်းသာလွန်းသူတွေက သိပ်နည်းလွန်းနေသေးရင် အခြေခံလယ်ဗယ်များ ညီဖို့မလွယ်ပါ။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးကအစ လူနေမှုဘ၀ အဆင့်အတန်းများကို ညှိဖို့ဆိုတာ အနီးစပ်ဆုံး လယ်ဗယ်ညီတဲ့ အဆင့်တန်းတစ်ခု အထိ ရောက်လာနိုင်ပါမှ ဖြစ်နိုင်မယ်လို့ယုံကြည်ထားမိလို့ပါ။ ဦးစွာပထမ ပြည်သူပြည်သားတွေကို အသိတရားနဲ့ဒီမိုကရေစီစံနစ်ရဲ့အနှစ်သာရများကို သိရှိနားလည်လာနိုင်အောင် ပြုလုပ်ပေးကြရမှာပါ။ တချိန်တည်းမှာပဲ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးနယ်ပယ်စသည်များ၌ ၀င်ငွေများများရှိသူများ၊ ရောင်းခွန်၊ ၀ယ်ခွန် အမြတ်အစွန်းများများ ရနေသူများထံမှ အခွန်အခများကို တိုးမြှင့်ကောက်ယူပြီး၊ ၀င်ငွေနည်းသူများ၊ ရောင်းခွန်၊ ၀ယ်ခွန် အမြတ်အစွန်း နည်းပါးသူများထံမှ အခွန်အခများကို လျှော့ပေါ့ကောက်ကြ ရမှာပါ။ အချိန်နဲ့တပြေးညီဆိုသလို ပြည်သူတွေရဲ့ဘ၀ အသိတရားများ မြင့်မားတိုးတက်လာနိုင်စေရန် ပညာရေးစံနစ်များကို နိုင်ငံတကာစံ နှုန်းများနဲ့အညီ ဆောင်ရွက်ပေးကြရမှာပါ။

ဒီနေရမှာ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မာလာနိုင်စေရန် အကယ်ဒမစ် အက်ဒျူကေးရှင်း (Academic Education) မျိုးကိုချည်း ရည်ရွယ်ပြောလိုခြင်းမဟုတ်ပါ။ အခြေခံဖြစ်ပြီး အသိပညာများကိုတိုးပွးစေနိုင်တဲ့ ပြည့်သူတို့သိသင့်တဲ့ စီဗစ်အက်ဒျူ ကေးရှင်း (Civic Education) မျိုးတို့လို၊ အီကိုနိုမစ်ခ် အက်ဒျူကေးရှင်း (Economic Education) မျိုးတို့လို၊ မော်ရယ် အက်ဒျူကေးရှင်း (Moral Education) မျိုးတို့လို၊ ဟဲလ်သ် အက်ဒျူကေးရှင်း (Health Education) စတဲ့ အက်ဒျူကေးရှင်း စတဲ့ပညာရေးမျိုးတို့ကိုပါ တပါ တည်း တိုးမြှင့်ဆောင်ရွက်ပေးကြရမှာပါ။

အကယ်ဒမစ် အက်ဒျူကေးရှင်း (ကျောင်းသင်ခန်းစာပညာရေး) မျိုးဆိုတာ မြန်မာပြည်မှာမွေးဖွားတဲ့ ကျောင်သား၊ ကျောင်းသူတိုင်း အ ထက်တန်းပညာကို မသင်မနေရပညာရေးမျိုး၊ အခမဲ့ပညာရေးမျိုးဖြစ်လာသည်အထိ ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။ စီဗစ်အက်ဒျူကေးရှင်း (ပြည်သူ့ပညာရေး) မျိုးဆိုတာ နိုင်ငံမှာကျင့်သုံးနေတဲ့ ဒီမိုကရေစီစံနစ်ရယ်၊ နိုင်ငံကိုအုပ်ချုပ်နေတဲ့ ဒီမိုကရေစီအစိုးရက ပြည်သူတွေအတွက် ဘာတွေလုပ်ပေးနိုင်တယ်၊ ဘာတွေလုပ်ပေးရမယ်ဆိုတာမျိုးတွေကို ပြည်သူတွေသိရှိဖို့ ပညာပေးရမဲ့ ပညာရေးမျိုးပါ။ ပြည်သူတွေဖက်ကလဲ တိုင်းပြည်အတွက် ဘာတွေလုပ်ပေးရမယ်၊ ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာတွေကို ပြည်သူတွေသိရှိလာအောင် ပြုလုပ်ပေးရတဲ့ ပညာရေး မျိုးပါ။ အီကိုနိုမစ်ခ် အက်ဒျူကေးရှင်း (စီးပွားရေးဆိုင်ရာပညာရေး) မျိုးဆိုတာ လယ်ယာစိုက်ပျိုးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းစတဲ့ အ ခြေခံစီးပွားရေးစံနစ်များကို ကိုယ့်ပြည်သူပြည်သားတွေ သိရှိလာအောင် တစ်နိုင် တစ်ပိုင် စီးပွားရေးကအစ ကြီးကျယ်တဲ့စည်းပွားရေးလုပ်ငန်း များကိုလုပ်ချင်လာအောင် ပညာပေးရတဲ့ပညာရေးမျိုးပါ။ မော်ရယ် အက်ဒျူကေးရှင်း (ကိုယ်ကျင့်သိက္ခာ၊ ပြည်သူ့နီတိဆိုင်ရာပညာရေး) မျိုးဆိုတာ ကိုယ့်ကျင့်သိက္ခာမြင့်မားမှ ပြည်သူတို့ဘ၀တိုးတက်နိုင်ပုံနှင့် ပြည်သူတွေရဲ့ဘ၀တွေတိုးတက်မှ တိုင်းပြည်တိုးတက် နိုင်ပုံစသည် များကို ပြည်သူတွေသိရှိလာအောင်ပညာပေးရတဲ့ ပညာရေးမျိုးပါ။ ဟဲလ်သ် အက်ဒျူကေးရှင်း (ကျန်းမားရေးဆိုင်ရာ ပညာရေး) မျိုးဆိုတာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိတရားများ ပြည်သူပြည်သားများရဲ့ သိရှိလာအောင်၊ ထို့နောက် ကျန်းမားရေးများ လိုက်စားတတ်လာအောင်၊ လိုက်စားချင်လာအောင် လှုံ့ဆော်ပေးရတဲ့ ပညာရေးမျိုးပါ။

ပြည်သူ၊ ပြည်သားတွေအများစုထင်ထားတာက ရွေးကောက်ပွဲမှာ တိုင်းပြည်အတွက်မဲထည့်ပြီးရင် ပြည့်သူတွေရဲ့တာဝန်တွေ ကျေပြွန်ပြီ ရယ်လို့ထင်နေကြတာ။ မြန်မာနိုင်ငံဟာ အခုမှ ဒီမိုကရေစီစံနစ်ကို ပြန်လည်ကျင့်သုံးရမှာဖြစ်လို့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတောကြီး ဖြစ်နိုင်ဖို့ ပြည်သူတွေလိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေသိအောင်ပညာပေးဖို့ အများကြီးလိုနေသေးတယ်ဆိုတာ ပြည် သူတွေ သဘောပေါက်နိုင်ကြဖို့ပါ။ ဒီမိုကရေစီစံနစ်ကိုကျင့်သုံးရာမှာ သူရဲကောင်းဝါဒမျိုးကို ကျင့်သုံး၍မရနိုင်သလို၊ ဟီရိုးဝါ့ရှစ်လို့ခေါ်တဲ့ သူရဲကောင်းကိုးကွယ်မှုဝါဒမျိုးကိုလည်း ကျင့်သုံး၍ရနိုင်မည်မဟုတ်ပါ။

ဒီမိုကရေစီစံနစ်ကိုကျင့်သုံးတော့မယ်ဆိုရင် အခြေခံဖြစ်တဲ့ လူ့အခွင့်အရေးများကို လေးစားလိုက်နာတတ်ဖို့ပါ။ ဥပမာ၊ ရဟန်းရှင်လူတွေကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့ အသံချဲ့စက်ကြီးတွေကို နေ့မရှောင်၊ ညမရှောင် စိတ်ထင်တိုင်း ဖွင့်ခြင်းမျိုးတွေ၊ အမှိုက်တွေကို တွေ့ ကရာပြစ်၊ ကွမ်းတွေးကို တွေ့ကရာထွေး၊ ဆေးလိပ်တို၊ ပလပ်စတစ်၊ ဖျော်ရည်ဗူးခွံတွေကို တွေ့ကရာပစ်ချ၊ စည်းကမ်းရှိစေချင်တဲ့လူက တွေ့လို့ (မြင်လို့) အကျိုးသင့် အကြောင်းသင့်ဝင်ပြောပြရင် “မင်းကဘာကောင်မို့လဲ’’ ဆိုတဲ့ ရန်လိုတဲ့အကြည့်နဲ့ တုန့်ပြန်မှုမျိုးတွေကို ဆက် လက်မပြုလုပ်သင့်တော့ဘူးဆိုတာတွေကို ပြည်သူတွေသိထားနိုင်ဖို့ပါ။

ဒီမိုကရေစီစံနစ်ဆိုတာ ကယ်တင်ရှင်ဝါဒမဟုတ်သလို၊ စည်းမဲ့ကမ်းမဲ့ဝါဒမျိုးလဲမဟုတ်ပါ။ တကယ်တော့ ပြည်သူတွေရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံတော်အစိုးရမှ ချမှတ်လာတဲ့ မူဝါဒရေးရာများကို ပြည်သူ၊ ပြည်သားတွေက အတူပူးပေါင်းပြီး လိုက်နာဆောင်ရွက်ဖို့၊ အကောင် အထည် မဖေါ်နိုင်သေးတဲ့မူဝါဒရေးရာများကို ပြည်သူတွေက အခွင့်အခါသင့်တိုင်း အကြံပြုပြောဆိုကြဖို့ (စွမ်းနိုင်ရင် စာစောင်များ၊ မဂ္ဂဇင်း များမှတဆင့် အကြံပြုစာများရေးသားခြင်း စသည်များကို ပြုလုပ်ကြဖို့ပါ)။ ထိုထက်ပို၍စွမ်းနိုင်ရင် နိုင်ငံတော်မှ ပြည်သူများအတွက် ဆွေး နွေးပွဲများ၊ ကွန်ဖရင့်စ်များ၊ ဆီမီနာများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးဖို့ပါ။ ပြုလုပ်ပေးလာတဲ့အခါမျိုးမှာလဲ ပြည်သူများက ပါဝင်ဆွေး နွေးနိုင်ဖို့ပါ။ ထိုအတွက် သုတေသနစာတမ်းများ ကြိုတင်ပြုစုထားခြင်း၊ ဘာသာရပ်ဆိုင်ရာ စာအုပ်၊ စာပေများကို ကြိုတင်ဖတ်ရှုထားခြင်း မျိုးတွေကို ပြုလုပ်ထားကြရမှာပါ။ ထိုလို့ပြုလုပ်ထားခြင်းဖြင့် ထိုအသိတရားများကိုအခြေခံလျက် တိုင်းပြည်အတွက် အကြံပြုပြောကြားခြင်း များကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ကြဖို့ပါ။

ထိုလို့ပြုလုပ်နိုင်ဖို့အတွက် ပြည်သူတွေ ဒီမိုကရေစီစိတ်ဓာတ်တွေ၊ ဒီမိုကရေစီအရည်အသွေးတွေ ပြည့်ဝလာအောင် စာအုပ်စာပေများကို များများဖတ်ရှကြဖို့ပါ။ ဒီမိုကရေစီကျင့်ထုံးဆိုင်ရာ အသိဉာဏ်များရှိလာပြီး ကိုယ့်အခွင့်အရေးများကို ကိုယ်တိုင်သိထားနိုင်ကြဖို့ပါ။ ဥပမာ - ဒီမိုကရေစီစံနစ်ကို ပီပြင်စွာကျင့်သုံးနိုင်ပြီးဖြစ်တဲ့ အမေရိကန်နိုင်ငံတို့လို နိုင်ငံမျိုးတွေမှာ ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို ဖထွေးလုပ်သူက နှိပ်စက်ညှင်းပမ်းမှုမျိုးကိုပြုလုပ်ခဲ့ရင် ထိုကလေးငယ်က ရဲဌာနလို့တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်းကို ပြုလုပ် နိုင်ခြင်းမျိုးပါ။ ထိုကလေးငယ်ဟာ သူ့အခွင့်အရေးကို သူကိုယ်တိုင် တရားဥပဒေနဲ့အညီ ကာကွယ်နိုင်ခြင်းမျိုးပါ။ မယားကို လင်ဖြစ်သူက ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့ရင် အားနွဲ့တဲ့မိန်းမသားများက ရဲကိုတိုင်ကြားပြီး တရားဥပဒေဖြင့် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ခြင်းမျိုးပါ။ မြန်မာပြည်ရဲ့ဒီမိုကရေစီကျင့်ထုံးမှာ ဒီလိုအခြေအနေမျိုးလို့ရောက်ရှိနိုင်ဖို့ ဘ...

[Message clipped]  View entire message

သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း သန်းဝင်းလှိုင်မေ ၁၃၊ ၂၀၁၂

မြန်မာပြည်တွင် နာမည်ဆိုးနှင့်ကျော်ကြားခဲ့သည့် ကွယ်လွန်သူ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ သမ္မ တဟောင်းနှင့်စစ်အာဏာရှင် အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်းသည် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးမှ အဖွဲ့ဝင် ဖြစ်ပြီး၊ ဂျပန်စစ်ပညာသင် စတုတ္ထအသုတ်အဖွဲ့ဝင်လည်း ဖြစ်သည်။

အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း၏ အမည်အရင်းမှာ ကိုရှုမောင်ဖြစ်သည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်လာသောအခါ သခင်ရှုမောင်ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ တကာစုဂိစုစုမု (Takasugi Susumu) ဖြစ်သည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၆ ရက်နေ့၌ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်နေဝင်းဖြစ်လာခဲ့သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုဖျက်သိမ်း​၍ နိုင်ငံတော်ကောင်စီစတင်ဖွဲ့စည်းချိန်တွင် ဦးနေဝင်းဖြစ်လာသည်။

ဦးနေဝင်းကို ၁၉၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ် ချောင်ေးဂါင်းရွာ၌ ဖွားမြင်ခဲ့သည်။ ဦးနေဝင်း ၏မွေးသက္ကရာဇ်ကို Who’s Who in Burma စာအုပ်နှင့် ဒေါက်တာမောင်မောင်ရေးသားသော ‘မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း’ စာအုပ် စာမျက်နှာ ၆၉ ၌ - ၁၉၁၁ ခုနှစ် မေလ ၂၄ ရက်ဟူ၍ဖော်ပြထားသလို၊ ဦးနေဝင်းကွယ်လွန်ပြီး သုံးရက်အကြာ ၂၀၀၂ ခုနှစ် ဒီဇင် ဘာလ ၇ ရက်နေ့၌ အစိုးရပိုင်သတင်းစာများ နာရေးကြော်ငြာတွင်လည်း ယင်းအတိုင်းပင်ဖော်ပြထားသည်။ အချို့စာအုပ်များ၌ ဦးနေဝင်း၏ မွေးသက္ကရာဇ်ကို ၁၉၁၁ ခုနှစ် မေလ ၁၄ ရက် တနင်္ဂနွေ နေ့ဟူ၍ ဖော်ပြထားသည်။ သို့သော် ဦးနေဝင်း၏ဇာတာကို အမြဲတမ်းစစ်ဆေးပေးသော ဝေဒပညာရှင် ဒေါက်တာဖေဉာဏ်က အဆိုပါခုနှစ်များမှာ မမှန်ဟုဆိုပြီး၊ ၁၉၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့သာ အမှန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံစစ်အစိုးရလက်ထက် အဆက်ဆက်ထုတ်ဝေသောစာအုပ်များ၌ ဦးနေဝင်း၏မိဘအမည်ကို အဖဦးဖိုးခ၊ အမိ ဒေါ်မိ လေး ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဟုဖော်ပြနေသောလည်း ဦးဖိုးခမှာ တရုတ်ပြည် ကွမ်တုံဒေသမှ ဟပ်ကလူမျိုးဖြစ်ပြီး ဝက်ကုန်သည်ဟု ဝါ ရင့်နိုင်ငံရေးသမားကြီးနှင့် ဗဟိုတရားရုံးချုပ်ရှေ့နေကြီး မွန်ဦးဖိုးချိုက စာရေးသူအားပြောပြဖူးသည်။ ဦးနေဝင်း၏မိခင် ဒေါ်မိလေးမှာ ပေါင်း တလည်နှင့်မလှမ်းမကမ်းမှ ပေါက်ခေါင်းသူဖြစ်သည်။ ဒေါက်တာမောင်မောင်၏ ‘မြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း’ စာအုပ် စာမျက် နှာ ၇၀ ၌ ...

“အိမ်ထောင်ကျပြီးသောအခါ ဦးဖိုးခက ဇနီးကို ပေါင်းတလည်အစွန် ‘အောင်သွယ်မရှာ’ ရွာတွင် အိုးအိမ်ထူပေးသည်။ သားဦးကိုမွေးဖွား ခဲ့သောအိမ်သည် ယခုမရှိတော့ပြီ။ အိမ်နေရာ၊ ပန္နက်နှင့် ဆူးခြုံဖုံးသော ပေပင်ငုတ်တိုတို့သာ ကျန်သည်။ အောင်သွယ်မရှာရွာမှ အိမ်ထောင် များသည် မောင်ရှုမောင်တို့ ခပ်ငယ်ငယ်ကပင် ပေါင်းတလည်သို့ရွှေ့ကြသည်။ ဦးဖိုးခ ဒေါ်မိလေးတို့လည်း ရွှေ့ပြောင်းရာတွင်ပါသည်” ဟူ ၍ဖော်ပြထားသည်။ ဦးနေဝင်း၏ငယ်မည် “ရှုမောင်” ကိုလည်း ဒေါက်တာမောင်မောင်စာအုပ်၌ သားဦးကိုချစ်၍လည်းမဆုံး၊ မော်၍လည်း မဆုံး ဖခင်မိခင်တို့၏ မျက်ရှုဟူသောအဓိပ္ပါယ်ဖြင့် ‘ရှုမောင်’ ဟုခေါ်ခြင်း”ဟု ရေးသားထားသော်လည်း ဦးဖိုးခက ၎င်း၏ရုပ်ရည်သန့်ပြန့်သည်ဟူ သော တရုတ်ဝေါဟာရဖြင့် “ရှု”ထည့်ကာ ရှုမောင်ဟုမှည့်ခေါ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့နောက် မောင်ရှုမောင်သည် ပေါင်းတလည်မြို့ မြန်မာစာသင်ကျောင်း၊ ပြည်အမျိုးသားအထက်တန်းကျောင်း၊ ပြည်အစိုးရ အထက်တန်း ကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ၁၉၂၉-၃၁ တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာ သင်ကြားခဲ့ရာ ၁၉၃၁ ခုနှစ်တွင် ဥပစာသိပ္ပံ (ခ) တန်းစာမေးပွဲ၌ ပါဏဗေဒ (ယခင်ခေတ် ဇီဝဗေဒ) ဘာသာရပ်တွင် ကျရှုံးခဲ့သဖြင့် ကျောင်း ထွက်ခဲ့ရသည်။

ယင်းနောက် ၁၉၃၁ ခုနှစ်တွင် ကိုရှုမောင်သည် ရန်ကုန်မြို့ ၃၅ လမ်းတွင် သူငယ်ချင်းများနှင့်အခန်းငှား၍ ရန်ကုန်မီးရထား စာတိုက်ဋ္ဌာန၌ စာရေးအဖြစ် တစ်နှစ်ခန့်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် စာတိုက်နှင့်ကြေးနန်းဋ္ဌာနစာရေးအဖြစ် ၁၉၃၆ ခုနှစ်အထိ အမှုထမ်း ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဦးလေးသခင်ညီကိုအကြောင်းပြု၍ တို့ဗမာအစည်းအရုံးဝင် သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်အောင်သန်း (ဗိုလ်စကြာ) တို့နှင့် ရင်းနှီးရာမှ တို့ဗမာအစည်းအရုံးဝင်ခဲ့ရာ သခင်ရှုမောင်ဖြစ်လာသည်။ ၁၉၃၈ ခုနှစ် နိုဝင်ဘာလတွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသောအခါ သခင်ဗစိန်၊ သခင်ထွန်းအုပ် အုပ်စု တို့ဗမာအစည်းအရုံး၌် ပါဝင်ခဲ့သည်။

ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန်အတွက် ၁၉၄၁ ခုနှစ် ဇူလိုင်လ၈ရက်နေ့တွင် ကိုရိယုမာရူး (Koriyu Maru) သဘောင်္ဖြင့် ဂျပန်သို့ စေလွှတ် သော မြန်မာမျိုးချစ်လူငယ်စတုတ္ထအသုတ်တွင် သခင်ရှုမောင်သည်ပါဝင်ခဲ့သည်။ ယင်းအသုတ်သည် ရဲဘော် သုံးကျိပ်၏ နောက်ဆုံးအသုတ် ဖြစ်သည်။ ယင်းအဖွဲ့၌ သခင်ထွန်းအုပ်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင် သစ် (ဗိုလ်စောနောင်)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်မောင်မောင် (ဗိုလ်ဉာဏ)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်သန်းညွန့် (ဗိုလ်ဇင်ယော်) တို့ပါဝင်သည်။

ဂျပန်စစ်ပညာသင်ရဲဘော်သုံးကျိပ်အဖွဲ့တွင် အဓိကသခင်အဖွဲ့ကြီးနှစ်ဖွဲ့ ပါဝင်သည်။ ကျန်ပုဂ္ဂိုလ်များမှာ ကျောင်းသားအဖွဲ့မှဖြစ်ပြီး၊ တသီး ပုဂ္ဂလတစ်ဦး ပါဝင်သည်။

• သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံးဝင် ရဲဘော်သုံးကျိပ်ဝင်များ
(၁) သခင်အောင်ဆန်း - ဗိုလ်တေဇ(ဗိုလ်ချုပ်အောင်ဆန်း)
(၂) သခင်လှမြိုင် - ဗိုလ်ရန်အောင်
(၃) သခင်လှဖေ - ဗိုလ်လက်ျာ
(၄) သခင်အေးမောင် - ဗိုလ်မိုး
(၅) သခင်စောလွင် - ဗိုလ်မင်းခေါင်
(၆) သခင်စိုး - ဗိုလ်မြင့်အောင်
(၇) သခင်တင်အေး - ဗိုလ်ဘုန်းမြင့်
(၈) သခင်ထွန်းရွှေ - ဗိုလ်လင်းယုန်
(၉) သခင်သန်းတင်(၂) - ဗိုလ်မြဒင်
(၁၀) သခင်ခင်မောင်ဦး - ဗိုလ်တာရာ
(၁၁) သခင်စံမြ - ဗိုလ်တောက်ထိန်
(၁၂) သခင်ထွန်းလွင် - ဗိုလ်ဗလ
(၁၃) သခင်စံလှိုင် - ဗိုလ်အောင်
(၁၄) သခင်မောင်မောင် - ဗိုလ်ဉာဏ
(၁၅) သခင်လှ - ဗိုလ်မင်းရောင်
(၁၆) သခင်သန်းညွှန့် - ဗိုလ်ဇင်ယော်
(၁၇) သခင်ဘဂျမ်း - ဗိုလ်လရောင်

• သခင်ဗစိန်၊ သခင်ထွန်းအုပ် တို့ဗမာအစည်းအရုံးဝင် ရဲဘော်သုံးကျိပ်ဝင်များ
(၁၈) သခင်ထွန်းအုပ် - အုပ်ချုပ်ရေးပညာသင်ကြား၍ ဗိုလ်ဘွဲ့မခံ
(၁၉) သခင်အောင်သန်း - ဗိုလ်စကြာ
(၂၀) သခင်ရှုမောင် - ဗိုလ်နေဝင်း
(၂၁) သခင်ထွန်းခင် - ဗိုလ်မြင့်ဆွေ
(၂၂) သခင်ငွေ - ဗိုလ်စောအောင်
(၂၃) သခင်သစ် - ဗိုလ်စောနောင်
(၂၄) သခင်ကျော်စိန် - ဗိုလ်မိုးညို
(၂၅) သခင်သန်းတင် (၁) - ဗိုလ်ဘွဲ့မရမီတိုင်ပေဆေးရုံတွင်ကွယ်လွန်

• ကျောင်းသားအဖွဲ့
(၂၆) ကိုလှမောင် - ဗိုလ်ဇေယျ
(၂၇) ကိုရွှေ- ဗိုလ်ကျော်ဇော
(၂၈) ကိုထွန်းရှိန် - ဗိုလ်ရန်နိုင်
(၂၉) ကိုအောင်သိန်း - ဗိုလ်ရဲထွဋ်

• တသီးပုဂ္ဂလအဖွဲ့
(၃၀) ကိုဆောင်း - ဗိုလ်ထိန်ဝင်း (တိုကျိုမြို့လက်မှုပညာအတတ်သင်တက္ကသိုလ်တွင် ပညာသင်ကြားနေသူ)

သခင်ရှုမောင်တို့ပါဝင်သော စတုတ္ထအသုတ်သည် ရှန်ဟိုင်းသို့ ၁၉၄၁ခုနှစ် ဇူလိုင်လ၂၂ရက်နေ့တွင်ရောက်ရှိပြီး ရှန်ဟိုင်းမှ လေယာဉ်ဖြင့် ဂျ ပန်သို့ ဆက်လက်ထွက်ခွာရာ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါဆာကီမြို့အနီးရှိ ရေတပ်စခန်းသို့ ရောက်ခဲ့သည်။ သြဂုတ်လ ၁၁ ရက်နေ့တွင် ဟိုင်းနန်ကျွန်းသို့ ရောက်ရှိခဲ့သည်။ ယင်းနောက် ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာရပ်များ သင်ကြား ခဲ့သည်။

ရဲဘော်သုံးကျိပ်များကို တပ်ဖွဲ့(၃) ဖွဲ့ခွဲ၍ ၁၉၄၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှစ၍ ဟိုင်နန်ကျွန်းရှိ ခန်းယ စစ်ပညာသင်တန်းကျောင်းတွင် သင် ကြားပေးခဲ့သည်။ သခင်ရှုမောင်ကို တပ်မတော်သမိုင်းစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့၏တပ်ဖွဲ့ (၃) တွင် ထည့်သွင်းထားသော်လည်း ဗိုလ်မှူးချုပ်ကျော်ဇောက ၎င်း၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်၌ တပ်ဖွဲ့ (၂)၊ ပြည်တွင်းသူပုန်အဖွဲ့၌ သာ ပါရှိသည်ဟူ၍ ဖော်ပြထားပါသည်။

တပ်ဖွဲ့(၂)တွင်ပါဝင်ခဲ့သော အရှေ့ရန်ကင်းဂျူပလက် အမှတ်၁၄၀(က)နေ ဗိုလ်တာရာကလည်း သူတို့တပ်ဖွဲ့တွင် သခင်ကျော်စိန် (ဗိုလ်မိုး ညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်သန်းတင် (၂) (ဗိုလ်မြဒင်)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း) နှင့် သူ (ဗိုလ်တာရာ) ပါဝင်ကြောင်း၊ အခြေခံစစ်ပညာ၊ ဖောက်ခွဲဖျက်ဆီးရေးနည်းပညာများ ထောက်လှမ်းရေးနှင့် ဆက်သွယ်ရေးပညာရပ်များ အလေးထားသင်ယူရပြီး သင်တန်းဆရာမှာ ဗိုလ်တာရာဖြစ်သည်ဟုဆိုသည်။ ဗိုလ်နေ ဝင်းသည် မွေးရာပါ ဖျက်ဆီးရေးသမားဖြစ်သည်။ ကလေးဘဝကပင် အကြမ်းဖက်မှုနှင့်ဖျက်ဆီးရေးတို့တွင် သူ့အစွမ်းအစကိုပြသခဲ့သည်။ ပေါက်ခေါင်းတွင် သူတက်နေသောမူလတန်းကျောင်းကို မီးရှို့ဖျက်ဆီးရန်ကြိုးစားခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျောင်း ပညာကိုမသင်လိုသောကြောင့်ဟု ဆိုသည်။ ဟိုင်နန်ကျွန်းတွင်လည်း အဖျက်အမှောင့်လုပ်ငန်း (Sabotage)၊ ဖျက်လိုဖျက်ဆီးအနှောင့်အယှက်ပေးရန် သွေးဆောင်နိုင်စွမ်း (Subversion) ကို ပြသခဲ့သည်။

ယင်းနောက် ရဲဘော်သုံးကျိပ်ဝင်များအားလုံး စန်းယစစ်ပညာသင်တန်းကျောင်းမှ တရုတ်တိုင်ပေကျွန်း တာမာဆာတိုမြို့ (Tamasato) ဗိုလ် သင်တန်းကျောင်းသို့ ပြောင်းရွှေ့၍ တပ်စု၊ တပ်ခွဲတိုက်ပွဲများ၊ ညတိုက်ပွဲများ၊ စစ်မြေပုံတိုက်ပွဲများ၊ တပ်ရင်း၊ တပ်မဟာ၊ တပ်မတိုက် ပွဲများ၊ လက်နက်ငယ်၊ လက်နက်ကြီး (စိန်ပြောင်း၊ အလတ်အကြီး၊ တင့်ကားပစ်အမြောက်) ပစ်ခတ်နည်းများ၊ အင်ဂျင်နီယာလုပ်ငန်း (တံ တားဆောက်မိုင်းများခွဲခြင်း) များနှင့် ရေကူးသင်ခြင်း၊ ကင်ဒို (ဓားသိုင်း)၊ ဂျူဒို၊ လှံစွပ်ထိုးစသည့် လေ့ကျင့်ခန်းများကို အခြေခံမှစ၍ သင် ကြားခဲ့ရသည်။

ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရဲဘော်သုံးကျိပ်ဝင်များအားလုံး မီနာမီကန်၏အစီအစဉ်ဖြင့် အသုတ်လိုက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္ပဏီကိုသိမ်းယူကာ ဋ္ဌာနချုပ်ပြုလုပ်၍ မြန်မာလူမျိုးများ မျက်စိအထူးကုဆရာဝန်ကြီး ဦးထွန်း ဖေအိမ်တွင် ဗိုလ်ဘွဲ့ခံယူရာ သခင်ရှုမောင်သည် ဗိုလ်နေဝင်းဖြစ်လာသည်။

ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာပြည်အတွင်းသို့မဝင်မီ ဗိုလ်နေ ဝင်းအား ပြည်တွင်းသူပုန်တပ်ဖွဲ့ကိုဦးဆောင်ကာ မြန်မာပြည်တွင်းသို့ဝင်ရောက်၍ တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမိန့်ထုတ်ပြန် ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဗိုလ်နေဝင်းခေါင်းဆောင်သည့် ပြည်တွင်းသူပုန်တပ်ဖွဲ့သည် ရဟိုင်းမှတဆင့် ထိုင်း-မြန် မာနယ်စပ်ရှိ သာဆောင်ရမ်းကိုဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ၎င်းတို့အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ရန်ကုန်တွင် ပြည်သူ့အရေးတော်ပုံပါတီမှ ကိုကျော်ငြိမ်း (ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး) နှင့်တွေ့ဆုံ၍ ပဲခူး ဘက်၌ စစ်ပညာသင်တန်းပေးခြင်း၊ စစ်လက်နက်ငယ်ပစ်ခတ်နည်းအပါအဝင် မြေအောက်တော်လှန်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့ သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်မ ၅၅ တို့ ၁၉၄၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်နေဝင်းသည် ဘီအိုင်အေတပ်မကြီး (၂) ၏တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်မှူးအဆင့်ဖြင့် ဘီဒီအေ တပ်ရင်း ၁ ၏ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်သည်။ ယင်းနောက် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗမာအမျိုးသားတပ်မတော် (Burma National Army) ၌ စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့ထံမှ လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့တွင် စစ်ဝန်ကြီး (ကာကွယ်ရေးဝန်ကြီး) ဖြစ်လာပြီး ဗမာ့တပ်မတော်အုပ်ချုပ်ရေးတွက် စစ်ဝန်ကြီးရုံးပေါ်လာသည်။ ၎င်း၏လက်အောက်တွင် စစ်ဦးစီးချုပ်ရုံး လည်း ပေါ်လာသည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့တောင်းဆိုချက်အရ ညီညွတ်ရေးအတွက် ထိုစဉ်က ၎င်းတို့၏ သခင်ဂိုဏ်းမှ ဗိုလ်မှူး ကြီးနေဝင်းကို စစ်ဦးစီးချုပ်ရုံးတွင် စစ်ဦးစီးဋ္ဌာနချုပ်မှူးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ခန့်အပ်ခဲ့သည်။

သို့သော် ဗိုလ်နေဝင်းသည် တာဝန်နှင့်ဝတ္တရားကိုကောင်းစွာမလုပ်ဘဲ အပျော်အပါးလိုက်စားကာ လောင်းကစားဝိုင်းများ၌သာ အချိန်ဖြုန်းနေ သဖြင့် စစ်ဦးစီးဋ္ဌာနချုပ်မှူးရာထူးမှဖြုတ်ချပြီး စစ်ဝန်ကြီးရုံးလက်အောက်ရှိ ရိက္ခာနှင့်ထောက်ပံ့ရေးဋ္ဌာန ကြီးမှူးနေရာသို့ အဆင့်ချ၍ ပြောင်း ရွှေ့လိုက်သည်။ ၎င်း၏မူလရာထူးနေရာကိုမူ ဗိုလ်မှူးကြီးဇေယျသို့ လွှဲပြောင်းခဲ့သည်။

၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (ယခုနတ်မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ် ချုပ်အောင်ဆန်းနေအိမ်တွင် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်များ ဖက်ဆစ်တိုက်ဖျက် ရေးပြည်သူ့ အဖွဲ့ချုပ် (A.F.O) ဖွဲ့စည်းရေးအစည်းအဝေးပြုလုပ်ရာ ဗိုလ်မှူးကြီးနေဝင်းသည် တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ သည်။

၁၉၄၄ခုနှစ်စက်တင်ဘာလ၁၄ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ဆန္ဒအရ ဗိုလ်မှူးကြီးနေဝင်းအား ဗိုလ်မှူးရဲထွဋ် ပြည်သူ့အရေးတော်ပုံပါ တီမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဒေးဒရဲရှိ သခင်စိုးထံ လျှို့ဝှက်သွားရောက်၍ ဖွဲ့စည်းပြီးဖြစ်သော ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရေး၊ တပ်မတော်အတွင်းရှိလက်ဝဲအင်အားစုများ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တစ်ပါတီ တည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်စည်းရုံးမှုလုပ်ငန်းများဆွေးနွေးရန် စေခိုင်းခဲ့သည်။

၁၉၄၅ ခုနှစ်၊ မတ်လ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးတွင် ဗိုလ်နေဝင်းအား တိုင်း (၂) မြစ်ဝကျွန်းပေါ်အရှေ့ပိုင်း (ဟံသာဝတီ၊ ဖျာပုံ၊ မအူပင်)တိုင်းမှူး၊ စစ်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူစေခဲ့သည်။ သို့သော် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း တော်လှန်ရေးအတွက် ပေးထား သောတာဝန်ကို လုံးဝမလုပ်ဘဲ အပျော်အပါးလိုက်မှု၊ စာရိတ္တပျက်ပြားမှု၊ တပ်တွင်းဂိုဏ်းခွဲလုပ်ဆောင်မှု၊ ၎င်းတာဝန်ကျရာဒေသ၌ ဒေသခံ နိုင်ငံရေးကေဒါများနှင့် မပြေလည်မှု၊ ပြဿနာအကြိမ်ကြိမ်တက်မှုတို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အတော်ပင်မကျေမနပ်ဖြစ်ကာ စစ်တပ်မှထုတ်ပယ်ရန် အခြားခေါင်းဆောင်များနှင့်တိုင်ပင်ခဲ့သည်။ တော်လှန်ရေးကာလမပြီးဆုံးမီ ဗိုလ်နေဝင်းအားထုတ်ပယ်ပစ်ပါက နယ် ချဲ့တို့နှင့်ပူးပေါင်း၍ အာဏာရှင်စနစ်ဂိုဏ်းခွဲရေးနှင့် အခြားမလိုလားအပ်သော ပြဿနာများရှုပ်ထွေးလာနိုင်သဖြင့် ခေတ္တသည်းခံရန် ဗိုလ် ချုပ်ဖြောင်းဖျခဲ့မှုကြောင့် မထုတ်ပစ်ခဲ့ချေ။

ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက နောင်တွင် သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်၌ အောက်ပါအတိုင်းရေးသားဖော်ပြ ထားလေသည်။

“ကျနော် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးနယ်ရောက်ပြီး နှစ်အတော်ကြာပြီးနောက်ပိုင်း ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်ကလည်း စကားစပ်မိပြီး ကျနော့်ကိုပြောတာက ဖက်ဆစ်တော်လှန်ရေးပြီးခါစ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းအပေါ် အတော်တူးတူးခါးခါးမကျေ နပ်မှုတွေဖြစ်ပြီး စစ်တပ်က အပြီးအပိုင်ဖယ်ရှားထုတ်ပယ်ချင်နေတာကို နိုင်ငံရေးခေါင်းဆောင်အချို့နှင့် တိုင်ပင်ကြောင်းကို သခင်သန်းထွန်း က ဗဟိုကော်မတီဝင်အချို့ကို ပြောခဲ့ကြောင်းပြောပြသည်ကို ကျနော်မှတ်မိနေပါသည်။

ဒီလိုထုတ်ပစ်လိုက်ဖို့ စိုင်းပြင်းနေရင်းနောက်ပိုင်း မထုတ်ပစ်နိုင်ခဲ့ချေ။ ယင်းတွင် အကြောင်းအရင်း (၂) ခုရှိသည်ဟု ထင်ရသည်။ ပထမအ ကြောင်းက ဗိုလ်နေဝင်းရဲ့အကင်းပါပြီး ကောက်ကျစ်လှည့်စားနိုင်မှုဖြစ်သည်။ ဘယ်အချိန် ဘယ်သူတွေနှင့်ပေါင်းပြီး ဘယ်သူတွေကို ခွာရ မည်။ ဘယ်သူတွေကို ကန်ထုတ်နင်းချေရမည်တို့ကို နားလည်ကျင့်သုံးတတ်သူဖြစ် ခြင်းတို့ကြောင့်ဖြစ်သည်။

ဗိုလ်နေဝင်းကိုမထုတ်ပစ်နိုင်သည့်အကြောင်းနှစ်ခုအနက် အခြားအကြောင်းတစ်ခု ကျနော့်အထင် ထိုအချိန် ဗိုလ်ချုပ်အောင်ဆန်းမှာ တော် လှန်ရေးအပြီး ရန်ကုန်ပြန်ရောက်တော့ နေစရာအိုးအိမ်မရှိဘဲ အိမ်ထောင်နှင့်ကလေးတွေနှင့် များစွာအခက်အခဲဖြစ်နေသည်။ ထိုအချိန်က ဗိုလ်နေဝင်းမှာ သူစစ်ဦးစီးချုပ်ဘဝက တိုက်အိမ်ကြီးနှစ်လုံးကို ဘယ်လိုနည်းနှင့် ပိုင်ဆိုင်ထားသည်မသိ။ တစ်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့၍ ယခု ဗိုလ်ချုပ်ပြတိုက်လုပ်ထားသော တာဝါလိန်းလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း) က တိုက်အိမ်ကြီးဖြစ်ပြီး၊ ဖက်ဆစ်တော်လှန်ရေးပြီးခါစက သူတက်နေသည်။ နောက်တစ်လုံးမှာ ထိုတာဝါလိန်းကုန်းအိမ်ကြီး၏ခြေရင်း ကားလမ်းဘေးရှိ တိုက်အိမ် ဖြစ်သည်။ ၎င်းအိမ်မှာ အပေါ်အိမ်ကြီးလောက် မကောင်းပေ။ ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကိုဆွဲခေါ်လာပြီး တာဝါလိန်းကုန်းပေါ်ရှိ တိုက်အိမ်ကြီးကိုအတင်းထိုးပေးပြီး သူကိုယ်တိုင်က ထိုအိမ်လောက်မကောင်းသော ကုန်းအောက်ခြေကတိုက်အိမ်တွင်ဆင်းနေသည်။

ဤတွင် ရိုးသားသောဗိုလ်ချုပ်အောင်ဆန်းအဖို့ ဗိုလ်နေဝင်းသည် စိတ်ရင်းမဆိုး မကောင်းသည့်အကျင့်စရိုက်အချို့ကြောင့် တချို့အားနည်းချက်တွေရှိနေတာဖြစ်သည်။ ပြုပြင်သွားရင် ရနိုင်သည်။ အထူးသဖြင့် သူ့အပေါ် ဒီလောက်လေးစားသဖြင့် သူကြိုးကိုင်သွားလို့ ရနိုင်သည်။ စွန့်ပစ်လိုက်ရအောင်အထိမဆိုးဟု တွက်ချက်ပုံရသွားသည်ဟု ထင်ရသည်။

ထိုအကြောင်းနှစ်ခုကြောင့် ဗိုလ်နေဝင်းကို ထိုစဉ်က တပ်ကထုတ်ပစ်ရေးကိုမလုပ်ဖြစ်ကြတာဟု ယူဆပါသည်။”

ထို့နောက် ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့တွင် ဗမာ့မျိုးချစ်တပ်မတော် (ဘီအင်န်အေ) သည် ရန်ကုန်မြို့ကိုသိမ်းယူခဲ့သည်။ မေ ၇ ရက်တွင် ရေဒီယိုမှတဆင့် ရန်ကုန်မြို့ကိုသိမ်းယူခဲ့ကြောင်း ဗိုလ်နေဝင်း စစ်ဦးစီးချုပ်ရာထူးဖြင့် အသံလွှင့်ကြေညာခဲ့သည်။ ယင်းအသံလွှင့်ကြေညာ ချက်မှာ ဗိုလ်အောင်ကြီးနှင့်ဦးကျော်ငြိမ်းတို့တိုင်ပင်စီစဉ်၍ ဦးခင်မောင်လတ် (တော်လှန်ရေးကောင်စီအစိုးရလက်ထက် လုပ်သားပြည်သူ့နေ့ စဉ်အင်္ဂလိပ်သတင်းစာ အယ်ဒီတာချုပ်) က အင်္ဂလိပ်လိုရေးသားခြင်းဖြစ်သည်။ မိန့်ခွန်းပါရာထူးအဆင့်ကို အကြောင်းပြု၍ တာဝန်မဲ့လုပ်ရပ် ဟု ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗြိတိသျှစစ်တပ်အား ဝန်ခံခဲ့ရသည်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော နေသူရိန်လူထုအစည်းအဝေးတွင် ဗိုလ်နေဝင်းသည် ဖဆပလအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင်စတင်တည်ထောင်သော ပြည်သူ့လွတ်လပ်ရေးပါတီ (ဆိုရှယ်လစ်ပါ တီ၊မြန်မာပြည်) တွင်လည်းကောင်း ပါဝင်ခဲ့သည်။

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် တပ်မတော်ရေးရာဆွေးနွေးရန် သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ) ကန္ဒီမြို့သို့ သွားရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည်။

ကန္ဒီစာချုပ်သဘောတူညီချက်အရ ပြန်လည်ဖွဲ့စည်းသည့် ဗမာ့တပ်မတော်တွင် ဗိုလ်မှူးအဆင့်ဖြင့် ဗမာ့သေနတ်ကိုင် တပ်ရင်း (၄) ဒုတိယ တပ်ရင်းမှူး၊ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး၊ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ဗိုလ်မှူးချုပ်၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။

၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်၌ စတင်ဖွဲ့စည်းသည့် လက်ဝဲညီညွတ်ရေးကောင်စီတွင် ဗိုလ်မှူးချုပ်နေဝင်းသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ သည်။ အတွင်းရေးမှူးမှာ ဦးသိန်းဖေမြင့်ဖြစ်သည်။ သို့သော် လက်ဝဲညီညွတ်ရေးကောင်စီ၏ အာဏာသိမ်းရေးအစီအစဉ်ကို ငြင်းပယ်ခဲ့သည်။ ထို့နောက် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဗမာ့တပ်မတော်ဒုတိယစစ်ဦးချုပ်၊ ဒုတိယစစ်သေနာပတိ၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်ဖြစ်လာသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ကေအင်ဒီအို) အရေးအခင်းကြောင့် အစိုးရက တပ်မတော်စစ်ဦးစီးချုပ် ဗိုလ် ချုပ်စမစ်ဒွန်းအား ရာထူးမှဖယ်ရှား၍ ဗိုလ်ချုပ်နေဝင်းအား ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗမာ့တပ်မတော်စစ်ဦးစီးချုပ်၊ စစ်သေ နာပတိ ခန့်အပ်ခံရသည်။

လွတ်လပ်ရေးရပြီးစ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရောင်စုံသူပုန်များ၏ ဆူပူသောင်းကျန်းမှုများကြောင့် မြန်မာအစိုးရသည် ရန်ကုန်အစိုး ရဟုခေါ်ရလောက်အောင် အခြေအနေဆိုးရွားလာခဲ့သည်။ ထိုသို့နိုင်ငံရေးအခြေအနေ ဆိုးရွားနေသည့်အတွက် ဖဆပလအစိုးရက ဗိုလ်ချုပ် နေဝင်းအား တိုင်းပြည်အခြေအနေကို ဝင်ရောက်ထိန်းသိမ်းပေးရန်အတွက် အစိုးရအဖွဲ့သို့ဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည် ၁၉၄၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ၌ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၉ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းအား အစိုးရက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။ ယင်းနောက် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အစိုးရအဖွဲ့မှ ပြန်လည်နှုတ်ထွက်၍ စစ်တပ်သို့ ပြန်သွားခဲ့သည်။

၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရသည်။ ၁၉၅၈ ခုနှစ် မေလ ၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်သည် သန့်ရှင်းဖဆပလနှင့် တည်မြဲဖဆပလဟူ၍ နှစ်ခြမ်းအတိအလင်းကွဲခဲ့သည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပါလီမန်ပြည်သူ့လွှတ်တော်အထူးအစည်းအဝေးတွင် တည်မြဲဖဆပလမှ ဦးဗဆွေက ဦးနုခေါင်းဆောင်သောအစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ရာ အဆိုကို ထောက်ခံသူ ၁၁၉ မဲ၊ ကန့်ကွက်သူ ၁၂၇ မဲရရှိပြီး ကန့်ကွက်သည့်ဘက်က ၈ မဲအသာဖြင့် ရှုံးနိမ့်သွားသည့် အတွက် ဦးနုအစိုးရသည် ဆက်လက်အာဏာတည်မြဲခဲ့သော်လည်း သန့်ရှင်း တည်မြဲဖဆပလ နှစ်ဖက်အုပ်စုကွဲပြားမှုဂယက်ကြောင့် နိုင်ငံ ရေးအခြေအနေများ တနေ့တခြား တင်းမာလာခဲ့သည်။ ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ်ဦးနုအား အာဏာလွှဲပြောင်းပေးရန် ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်မှူးချုပ်မောင်မောင်တို့မှတဆင့်တောင်းဆိုခိုင်းရာ ဦးနုက စစ်တပ်မှ အာဏာသိမ်း ရေးအစီအစဉ်ကိုလက်မခံဘဲ လွှတ်တော်မှတဆင့် အာဏာလွှဲပြောင်းပေးမှုအဖြစ် နိုင်ငံရေးကုလားဖန်ထိုးကာ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် အစိုးရအဖွဲ့သစ်တစ်ဖွဲ့ကိုဖွဲ့စည်းပြီးလျှင် ၁၉၅၉ ခုနှစ် ဧပြီလမကုန်မီအ တွင်း လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပနိုင်အောင် လိုအပ်သည့်အစီအစဉ်များကို ဆောင်ရွက်ပေးရန် ပန်ကြားထားသည့်စာကိုပေးပို့ခဲ့သည်။ ယင်းနေ့မှာပင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုထံ အစီအစဉ်ကိုလက်ခံသည့် ပြန် ကြားစာကို ပေးပို့ခဲ့သည်။ သို့သော် အဆိုပါပေးစာနှစ်စောင်စလုံးကို ဝန်ကြီးချုပ်ဦးနုပင် ရေးသားခဲ့ကြောင်း သိရှိရပေသည်။

ယင်းနောက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) အပါအဝင် အတိုက်အခံနိုင်ငံရေးသမားများက ကန့် ကွက်နေသည့်ကြားမှပင် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဗိုလ် ချုပ်ကြီးနေဝင်းခေါင်းဆောင်သော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို၍ နိုင်ငံတော်သမ္မတဦးဝင်းမောင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပဒေပုဒ်မ ၅၆ (၂) အရ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ခန့်အပ်သည်။

အစိုးရအဖွဲ့ယင်ဝန်ကြီးများမှာ ..
(၁) ဗိုလ်ချုပ်ကြီးနေဝင်း - နိုင်ငံတော်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ အမျိုးသားစီမံကိန်းဌာန။
(၂) အဂ္ဂမဟာသရေစည်သူသတိုးသီရိသုဓမ္မ ဦးသိမ်းမောင် - ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးဌာန၊ သာသနာရေးဌာန၊ ကျန်းမာရေးဌာန၊ ပြည်သူ့ဝန်ထမ်းဌာန။
(၃) စဝ်ဝဏ္ဏ - ကယားပြည်နယ်ဌာန။
(၄) မဟာသရေစည်သူဦးခင်မောင်ဖြူ - ပည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန၊ ဒီမိုကရေစီဒေသန္တရအဖွဲ့များ ဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန။
(၅) သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင် - တရားရေးဝန်ကြီးဌာန။
(၆) ဦးကျော်ငြိမ်း - ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။
(၇) စည်သူဦးဘကြား - ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေး ဝန်ကြီး ဌာန။
(၈) သရေစည်သူ ဦးစံညွန့် - သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေး နှင့်ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန။
(၉) ဦးကာ - ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန။
(၁၀) သီရိပျံချီ ဦးချစ်သောင် - စက်မှုလက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းနှင့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန တို့ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော အိမ်စောင့်အစိုးရသည် (၆) လပြည့်သည့်တိုင်အောင် ရွေးကောက်ပွဲကျင်းပမပေးနိုင်၍ ပါလီ မန်အမတ်မဟုတ်သူတစ်ယောက် (၆) လထက်ကျော်လွန်ပြီး ဝန်ကြီး (သို့မဟုတ်) ဝန်ကြီးချုပ်လုပ်ခွင့်မပြုဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ (၁၁၆) ကိုပြင်ဆင်၍ နောက်ထပ် (၆) လတိုးပေးရန်တောင်းဆိုခဲ့ရာ ပါလီမန်၌ အတိုက်အခံများ၏ အပြင်းအထန်ကန့်ကွက်ခြင်း ခံရသည်။ ယင်းနောက် ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်သမ္မတထံ ဝန်ကြီးချုပ်ရာ ထူးမှ နှုတ်ထွက်လွှာတင်သွင်းသည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ကျင်းပသော ပါလီမန်ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် လွှတ်တော် ၂ ရပ် တွဲဖက်ညီ လာခံတွင် သိမ်ဖြူတောင်ပိုင်းအမတ် ဦးကျော်ငြိမ်းက အခြေခံဥပဒေပုဒ်မ (၁၁၆) ကိုပြင်ဆင်ရန် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့်ရေးဆွဲထား သည့် ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ ဥပဒေကြမ်းကို သဘောတူသူ ၃၀၄မဲ၊ ကန့်ကွက်မဲ ၂၉ မဲဖြင့် အဆိုကိုအတည်ပြုခဲ့သည်။

ဤသို့ဖြင့် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါလီမန်တွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရပြီး ညနေ ၅ နာရီတွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အစိုးရသစ်ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၀ ပြည့်နှစ် ဧပြီလအထိ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်-မြန်မာနှစ်နိုင်ငံနယ်နိမိတ်ပြဿနာဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပါလီမန်ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲကိုကျင်းပပြီးနောက် အနိုင်ရရှိသော သန့်ရှင်းဖဆပလအဖွဲ့(နောင်ပထစပါတီ) အား အာဏာလွှဲပြောင်းပေးခဲ့သည်။

အာဏာလွှဲအပ်ပြီး ၁ နှစ် ၁၀ လ ၂ ရက်အကြာ ၁၉၆၂ ခု နှစ်မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေး ကောင်စီက ပထစအစိုးရကိုဖြုတ်ချဖယ်ရှားကာ နိုင်ငံတော်အာဏာကို ဒုတိယအကြိမ်သိမ်းယူခဲ့သည်။ တော်လှန်ရေးကောင်စီသည် နိုင်ငံ တော်အာဏာသိမ်းယူပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကိုဖျက်သိမ်း၍ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို စတင်တည်ထောင်၍ ပါတီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ ၁၉၇၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အငြိမ်းစားယူ၍ ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲအတည်ပြုပြဋ္ဌာန်း၍ တစ်ပါတီအာဏာရှင်စနစ်ဖြင့် ဆို ရှယ်လစ်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ရာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိလည်းကောင်း၊ မဆလပါတီ ဥက္ကဋ္ဌအဖြစ် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိလည်းကောင်း၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌအဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိလည်းကောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိလည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဦးနေဝင်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါ် တစ်ပါတီအာဏာရှင်ခေတ်အတွင်း လေးနှစ်စီမံကိန်းများဖြင့် အကောင်အ ထည်ဖော်ခဲ့သော်လည်း အောင်မြင်မှုမရရှိခြင်း၊ ပြည်ပဈေးကွက်သို့ ပို့ကုန်များတိုးချဲ့မတင်ပို့နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုခွဲဝေပုံမှားယွင်းခြင်း၊ အုပ်ချုပ်ရေးညံ့ဖျင်းခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလိုငွေကြီးမားလာခြင်း၊ ပြည်ပကြွေးမြီများ အဆမတန် မြင့်မားလာခြင်း၊ ပြည်သူလူထုစားဝတ်နေရေးတဖြည်းဖြည်းကျပ်တည်းလာခြင်း၊ အကျင့်ပျက်ခြစားမှုများမသမာမှုများ၊ ကိုယ်ကျိုးရှာမှုများတိုးပွားလာကာ ပြည်သူလူထုသည် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံ ဒုက္ခဆင်းရဲမှုမျိုးစုံ ကြုံတွေ့လာခဲ့ရသည်။ ဤသို့ဖြင့် သယံဇာတပေါကြွယ်ဝလှသော မြန်မာနိုင်ငံသည် မဆလ၂၆ နှစ်တာကာလအတွင်း ဒုက္ခဆင်းရဲတွင်း နက်သည်ထက်နက်ကာ နောက်ဆုံးတွင် မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာ လ၁၁ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေညီလာခံတွင် (၉၆) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် (၄၂/၄၈) အရ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် စာရင်းဝင်သွားခဲ့ရပေသည်။

ဤသို့ လူထုတရပ်လုံးဆင်းရဲတွင်းနက်နေစဉ်အတွင်း ‘ဗူးလေးရာဖရုံဆင့်ပမာ’ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တနိုင်ငံလုံး၌ လှည့် ပတ်သုံးစွဲလျက်ရှိသော ကျပ် ၁၀၀ တန်၊ ၂၅ ကျပ်တန်၊ ၂၀ တန်တို့ကိုလည်းကောင်း၊ ပြည်ထောင်စုဘဏ်မှ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင်ထုတ်ဝေထားသော ၇၅ ကျပ်တန်၊ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ငွေစက္ကူများကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်မှုကြောင့်လည်းကောင်း လူထုတရပ်လုံး ချွေးနဲစာဖြင့် စုဆောင်းသိမ်းဆည်းထားသောငွေစက္ကူများသည် စက္ကူစုတ်ဖြစ်ကာ မကျေနပ်မှုများ ပေါက်ကွဲအုံကြွလာတော့သည်။

ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ်အတွင်း ၁၉၈၈ ခုနှစ် မတ်လ ၁၂ ၇က်နေ့တွင် ရန်ကုန်မြို့ ကြို့ကုန်း ဘူတာအနီး စန္ဒာဝင်းလ္ဘက်ရည်ဆိုင်၌ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားနှင့် ရပ်ကွက်ကောင်စီဥက္ကဋ္ဌ၏သားတို့ ခိုက်ရန်ဖြစ်ပွားရာမှစ၍ အထွေထွေမကျေနပ်မှုစတင်ပေါက်ကွဲကာ လူထုအုံကြွသော ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံဖြစ်ပွားနေစဉ်၊ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အရေးပေါ်ပါတီညီလာခံကျင်းပ၍ တစ်ပါတီစနစ်မှ ပါတီစုံ စနစ်အဖြစ်ပြောင်းလဲရန်ကြေညာပြီး ပါတီဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ခဲ့သည်။ နှုတ်ထွက်သည့်နေ့၌ ပါတီညီလာခံတွင် ဦးနေဝင်းက “နောက် ကို လူစုလူဝေးနဲ့ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာမှတ်ပေတော့လို့ ကျွန်တော် ဒီကနေ့ ပြောပါတယ်”ဟူ၍ပြောကြားကာ တပ်နှင့်ပြည်သူကို သွေးခွဲခဲ့လေသည်။

ဦးနေဝင်းသည် ၎င်း၏ဘဝတလျှောက် တရားဝင်အိမ်ထောင်ပေါင်း (၇) ကြိမ်ခန့်ကျခဲ့ပြီး ပထမဆုံးအိမ်ထောင်အဖြစ် ဒေါ်သိန်းညွန့်နှင့်လက် ထပ်၍ သားကျော်သိန်း (တာတီး) ထွန်းကားခဲ့သည်။ ထို့နောက် ဒေါ်တင်တင်နှင့် ၁၉၃၅ ခုနှစ်တွင် ဒုတိယအိမ်ထောင်ပြုကာ သားငွေစိုးနှင့် အေးအောင်တို့ ထွန်းကားသည်။ ယင်းနောက် ခွဲစိတ်ကုသမားတော်ကြီးဒေါက်တာဘသန်း၏သမီး ကစ်ကီဘသန်းခေါ် ဒေါ်ခင်မေသန်းနှင့် ၁၉၅၀ ခုနှစ်တွင်ထိမ်းမြားလက်ထပ်၍ သမီးစန္ဒာဝင်း၊ ကြေးမုံဝင်း၊ ဖြိုးနေဝင်းတို့ထွန်းကားခဲ့သည်။ ဒေါ်ခင်မေသန်း၏ ပထမအိမ်ထောင်မှာ ဒေါက်တာတောင်ကြီး (ဝန်ကြီးချုပ်ဦးနုသမီး ဒေါ်စန်းစန်းနု၏ခင်ပွန်း ဗိုလ်မှူးသက်တင်၏အစ်ကို) ဖြစ်ပြီး ၎င်းနှင့် သမီးလီလီဝင်းနှင့် အမြွှာ သမီးများဖြစ်ကြသော သီတာဝင်း၊ သော်တာဝင်းတို့ ထွန်းကားခဲ့သည်။ ဒေါက်တာတောင်ကြီးနှင့် တရားဝင်ပြတ်စဲခြင်းမရှိဘဲ ဒေါ်ခင်မေ သန်းအားလက်ထပ်ခဲ့မှုကြောင့် တပ်မတော်ဥပဒေဖြင့် ဝန်ကြီးချုပ်ဦးနုက ဦးနေဝင်းအား ကာကွယ်ရေးဦးစီးချုပ်ရာထူးမှဖယ်ရှားရန် စီစဉ်နေ စဉ်အတွင်း ဝိဓူရသခင်ချစ်မောင်အပါအဝင် အခြားနိုင်ငံရေးခေါင်းဆောင်များ ဝိုင်းဝန်းတာမြစ်ခဲ့သဖြင့် မဖြုတ်ပစ်ခဲ့ရပေ။ ၁၉၇၂ ခုနှစ်တွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီ...

[Message clipped]  View entire message

Wednesday, May 9, 2012

နေအလင်းနဲ့ အမှောင်ခွင်းသူ ကျော်ဟုန်း မေလ ၉၊ ၂၀၁၂

တကယ်ပါ မသိဘူးလား
(မျက်သားလွှာရဲ့ဆေး
ဦးနှောက်ရဲ့တေး
အသည်းနှလုံးရဲ့သွေး) ဟာ
“စာနယ်ဇင်း” ပါ ...။

စာနယ်ဇင်းဆိုတာ
လူ့သမိုင်းတိုးတက်ဖို့
လူ့အရိုင်း ယဉ်ပါးဖို့
လူ့အနှိုင်း စံထားဖို့
လူ့လောကအတွက်
ပန်းတခင်း စမ်းတစင်းပမာ
သဘောထားနိုင်သူတွေရှိသလို
မြှားတစင်း ငရဲမီးတခွက်ပမာထား
သဘောရိုင်းသူတွေလဲရှိတော့
ကလောင်သွေးသူတချို့
စေတနာအလျှောက် ဒုက္ခရောက်ရရှာ

ကျောင်းထိုင်သာသနာပြုနည်း အရှင်ဝီရသူ မေလ ၉၊ ၂၀၁၂

မျက်မှောက်ခေတ်သာသနာ၌ သာသနာပြု ရဟန်းတော်များ၏ သာသနာရေးဆောင်ရွက်ချက် တနည်းအားဖြင့် သာသနာပြုနည်းဗျူဟာ (၆) မျိုး ရှိပါသည်။ ၎င်းတို့မှာ ...
(၁) တရားဟောသာသနာပြုနည်း
(၂) တရားပြသာသနာပြုနည်း
(၃) စာချသာသနာပြုနည်း
(၄) သင်တန်းပို့ချသာသနာပြုနည်း
(၅) စာရေး (ကျမ်းပြု) သာသနာပြုနည်း
(၆) အသင်းအဖွဲ့တည်ထောင် သာသနာပြုနည်း တို့ဖြစ်ပါသည်။

၁။ တရားဟောသာသနာပြုနည်း ။ ။ မြတ်စွာဘုရားမှစ၍ တရားဟောသာသနာပြုခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၂၆၀၀ နီးပါးရှိပါပြီ။ မြတ် စွာဘုရားသည် မိဂဒါဝုန်တော၌ ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟော၍ သာသနာပြုခဲ့ပါသည်။ ရှင်သာရိပုတ္တရာသည်ပင် ရှင်မဟာအဿဇိထံမှ တရားနာရ၍ သောတာပန်တည်ခဲ့ပါသည်။ သာသနာထွန်းကားပြန့်ပွားရေး သာသနာတည်တန့်ခိုင်မြဲရေးတို့အတွက် တရားဟောခြင်းသည် များစွာကျေးဇူးပြုပါသည်။ သာသနာမကွယ်သေးဘဲ တည်ရှိနေဦးမည့် ကာလတစ်လျှောက် တရားဟောသာသနာပြုခြင်းသည် မဖြစ်မနေ ရှိနေဦးမည့် သာသနာပြုလုပ်ငန်း ဖြစ်ပါသည်။ ရှင်အရဟံထံတော်မှတရားနာရ၍ အနော်ရထာ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အချိန်မှစ၍ မြန်မာ ပြည်၌ တရားဟောသာသနာပြုနည်း တွင်ကျယ်လာခဲ့ပါသည်။ လယ်တီဆရာတော်၊ အနီးစခန်းဆရာတော်၊ ထူးကြီးဆရာတော်၊ မင်းကွန်း ဆရာတော်၊ သီတဂူဆရာတော်၊ မြစကြ်ာဆရာတော်၊ ၀ါးခင်းကုန်းဆရာတော် စသည်တို့မှာ တရားဟောသာသနာပြုရာ၌ ထင်ရှားသော ဆရာတော်ကြီးများဖြစ်ပါသည်။

၂။ တရားပြသာသနာပြုနည်း ။ ။ မြတ်စွာဘုရား ဟောပြောညွှန်ပြသည့် နည်းနာများကို လက်တွေ့ကျင့်ကြံ ကြိုးကုတ် အားထုတ်တော်မူကြရာမှ အမြိုက်တရားအရသာကိုခံစားကြရပြီး မိမိတို့ရရှိခံစားဖူးသည့် တရားထူးတရားမြတ်များကို ပြန်လည်ပို့ချရင်း သာသနာပြုသည့်နည်းသည် တရားပြသာသနာပြုနည်းဖြစ်ပါသည်။ မြတ်စွာဘုရားသည် ပရိတ်သတ်လေးပါးအား ဆိုင်ရာဆိုင်ရာ ဝေနေယျတို့နှင့် သင့်တော်မည့် ကမ္မ ဋ္ဌာန်းတရားကို ဟောပြောပို့ချပြသ ညွှန်ကြားခဲ့ပါသည်။ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များက ကမ္မဌာန်းနည်းများကိုနာယူပြီး ကိုယ်တိုင်ကျင့်ကြံပွား များ အားထုတ်ကြရင်းမှ တရားထူး တရားမြတ်များ ရရှိခဲ့ကြပါသည်။ ထို့သို့ တရားပြသာသနာပြုနည်းသည်လည်း မြတ်စွာဘုရားရှင်၏ သာသနာပြုနည်းဖြစ်၍ မြတ်စွာဘုရားသာသနာတည်ရှိနေသမျှ ကာလပတ်လုံး တည်ရှိနေဦးမည့် သာသနာပြုနည်းဗျူဟာတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ကမ္မဋ္ဌာန်းရိပ်သာများတည်ထောင်ပြီး တရားပြသာသနာပြုခဲ့သည့် ဆရာတော်ကြီးများ၊ လက်ရှိလည်း တရားပြနေ သည့် ဆရာတော်ကြီးများ များစွာရှိပါသည်။ လယ်တီဆရာတော်၊ ဝေဘူဆရာတော်၊ စွန်းလွန်းဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ် ဆရာတော်၊ မိုးညှင်းဆရာတော်၊ သဲအင်းဂူဆရာတော်၊ ကသစ်ဝိုင်ဆရာတော်၊ တော်ကူးဆရာတော်၊ ရွှေတောင်ကုန်းဆရာတော်၊ ချမ်းမြေ့ ဆရာတော်၊ သဒ္ဓမ္မရံသီဆရာတော်၊ ရွှေဥမင်ဆရာတော်၊ ဖားအောက်ဆရာတော် စသည်တို့မှာ ကမ္မဋ္ဌာန်းရိပ်သာများ တည်ထောင်ဖွင့်လှစ်၍ တရားပြ သာသနာပြုရာ၌ ထင်ရှားသော ဆရာတော်ကြီများဖြစ်ပါသည်။

၃။ စာချသာသနာပြုနည်း ။ ။ စာချသာသနာပြုလုပ်ငန်းသည်လည်း မြတ်စွာဘုရားလက်ထက်ကပင် တည်ရှိခဲ့သည့် သာသာနာပြုနည်းဗျူဟာ ဖြစ်ပါသည်။ ပိဋကသုံးပုံတတ်၍ တပည့်များကို စာပေပို့ချသာသနာပြုရာ၌ ပေါဋ္ဌိလမထေရ်ကြီးမှာ ထင်ရှားပါသည်။ မြန်မာပြည်၌လည်း ပုဂံခေတ် ကျမ်းတတ်အကျော်ဆရာတော်ကြီးများမှအစ ပခုက္ကူခေတ် ကျမ်းပြုအကျော်ဆရာတော်ကြီးများ၊ စံကင်းဆရာတော်၊ မစိုးရိမ် ဆရာတော်၊ မြတောင်ဆရာတော်၊ ၀ိသုဒ္ဓါရုံဆရာတော်၊ မိုးကောင်းဆရာတော်၊ ခင်မကန်ဆရာတော်၊ တောင်သမန်ဆရာတော်၊ ဂွေးချိုဆရာ တော်၊ ဘုရားကြီးဆရာတော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၊ ဓမ္မိကာရာမဆရာတော်၊ ထီးလင်းဆရာတော်၊ နန္ဒီသေနာရာမဆရာတော်၊ ဆီဘန်နီဆရာတော်၊ မင်းကွန်းဆရာတော်စသည်တို့မှာ စာသင်တိုက်ကြီးများတည်ထောင်၍ စာပေပို့ချပြီး သာသနာပြုရာ၌ ထင်ရှားသော ဆရာတော်ကြီးများ ဖြစ်ပါသည်။

၎။ သင်တန်းပို့ချသာသနာပြုနည်း။ ။ ရှေးခေတ် ရှေးအခါက ယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာသင်တန်း၊ ပရိတ်ပဋ္ဌာန်းသင်တန်းစသည်ဖြင့် ၀ိဇ္ဇာပညာရပ်ဆိုင်ရာ ဘာသာရေးသင်တန်းများ မရှိသေးပါ။ ရှိစရာလည်းမလိုပါ။ ရှိလျှင်လည်း အောင်မြင်မည်မဟုတ်ပါ၊ အကြောင်းမှာ ရှေး ဆရာတော်ကြီးများသည် မြန်မာနိုင်ငံ၏ပညာရေးကို ချုပ်ကိုင်ထိန်းသိမ်းထားသောကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်ကလေးများမှန်သမျှ ဘုရားရှိခိုးအမျိုးမျိုး၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း အပါအ၀င် ဆယ်စောင်တွဲလာပရိတ်ကြီးများ လောကနီတိတို့မှစ၍ သဒ္ဒါ၊ သင်္ဂြိုဟ်စသည်တို့ကို မသင်မနေရ သင်ကြားရသောကြောင့် လူပုဂ္ဂိုလ်တိုင်းနီးပါး ဘာသာရေးအခြေခံရှိကြပါသည်။ အဘိဓမ္မာတတ်သိကြ ပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုသင်တန်းဟူ၍လည်းကောင်း၊ အဘိဓဓ္မာသင်တန်းဟူ၍လည်းကောင်း သီးခြားပို့ချစရာမလိုတော့ပါ။ လွတ် လပ်ရေးရပြီးနောက်ပိုင်းကာလ၌ ခေတ်ပညာတတ် ခရစ်ယာန်သာသနာပြုကျောင်းများ ပေါ်ပေါက်လာရာမှစ၍ ခေတ်မီလိုသော မိဘများက ရဟန်းတော်များ အရိပ်အာဝါသထဲမှ ကလေးများကိုဆွဲထုတ်ခေါ်ယူသွားရာမှ တစ်စစဖြင့် ဘက (ဘုန်းကြီး ကျောင်းသင်) ပညာရေးများ ဆုံးရှုံးလာခဲ့ခြင်းဖြစ်ပါသည်။ မျက်မှောက်ခေတ်၌ကား သာသနာပြုရဟန်းတော်များသည် ဘွဲ့တံဆိပ်ပညာရေးနောက် အပူတပြင်းလိုက်နေ ကြ၍ ကလေးများ၏ ဘာသာယဉ်ကျေးမှုဖြစ်သည့် ဗုဒ္ဓစာပေ၀ိဇ္ဇာပညာရေးကို လျစ်လျူရှုလာခဲ့ကြပါသည်။ ထိုအခါ ကလေးများ၏ ရင်ထဲနှ လုံးသားထဲ၌ ဘုရားတည်ပေးရန်အလို့ငှါ ဘာသာတရားကို လက်ဆင့်ကမ်း ပေးရန်အလို့ငှာ၊ အခြေခံယဉ်ကျေးမှုသင်တန်းများမှအစ အဘိ ဓမ္မာသင်တန်းများအထိ သင်တန်းများပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ ထို့အပြင် ရဟန်းတော်များ သာသနာပြုရာ၌ အထောက်အကူဖြစ် အောင် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများ၊ ပရိယတ္တိတက္ကသိုလ်ကြီးများလည်း တည်ထောင်ဖွင့်လှစ်လာခဲ့ကြပါသည်။

၅။ စာရေး (ကျမ်းပြု) သာသနာပြုနည်း ။ ။ သီဟိုဠ်ခေတ် အရှင်မဟာဗုဒ္ဓဃောသ၏ မြတ်စွာဘုရားဟောတော်မူသည့် ပိဋကတ်သုံးပုံ ပါဠိတော်များကို ဖွင့်ဆိုသည့်ကျမ်းများဖြစ်သော အဋ္ဌကထာကျမ်းများမှစတင်၍ စာရေးသားခြင်း၊ ကျမ်းပြုခြင်း၊ သာသနာပြုနည်းပညာများ ထွန်းကားလာခဲ့သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပါသည်။ စာသင်၊ စာချ၊ စာဖတ်ပရိတ်သတ်များ အသိအလိမ္မာတိုးပွားရန် အလို့ငှာစာရေး သားခြင်း၊ ကျမ်းပြုခြင်း သာသနာပြုလုပ်ငန်းများသည်လည်း အမှန်တကယ်လိုအပ်သည့်နည်းပညာဖြစ်ပါသည်။ ရှင်မဟာသီလ၀ံသ၊ ရှင်မ ဟာရဋ္ဌသာရ၊ မင်းဘူးအရှင် ဦးသြဘာသ၊ ဆရာတော် ဦးဗုဓ်၊ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ ညောင်ကန်ဆရာတော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၊ မင်းကွန်းဆရာတော်၊ တောင်တန်းဆရာတော် စသည်တို့မှာ စာပေကျမ်းဂန်ရေးသားပြုစုရင်း သာသနာပြုရာ၌ ထင်ရှားသော ဆရာတောကြီးများ ဖြစ်ပါသည်။

၆။ အသင်းအဖွဲ့ တည်ထောင်သာသနာပြုနည်း ။ ။ ခေတ်၏တောင်းဆိုမှု ခေတ်၏လိုအပ်ချက် အရ ခေတ်နှင့်လိုက်လျောညီထွေရှိအောင် သာသနာပြုလိုကြသူများသည် အသင်းအဖွဲ့များတည်ထောင်၍ သာသနာပြုလာခဲ့ကြပါသည်။ လူမှုရေးကိုအခြေခံသည့်အသင်းများ၊ ဘာ သာရေးကိုအခြေခံသည့်အသင်းများ၊ ကျန်းမားရေးကိုအခြေခံသည့်အသင်းများ စသည်ဖြင့် များစွာရှိပါသည်။ ယခုအခါ၌ နှစ်တစ်ရာ ကျော်ပြီ ဖြစ်သော သာသနာပြုအသင်းကြီးများဖြစ်သည့် မင်းကွန်းဘိုးဘွားရိပ်သာ၊ ၀ိုင်အမ်ဘီအေအသင်း၊ မလွန်ဆန်လှုအသင်း၊ ပရိယတ္တိသာသနဟိ တ (သကျသီဟ) အသင်းတို့မှာ အသင်းအဖွဲ့များတည်ထောင်၍ သာသနာပြုရာ၌ ထင်းရှားသောအသင်းကြီးများ၊ သာသနာ့မိခင်ကြီးများ ဖြစ်ကြပါသည်။ ယခုခေတ်တွင်လည်း သီတဂူဆေးရုံ၊ ၀ါးချက်ဆေးရုံ၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးများ၊ ဗြဟ္မစိုရ်အသင်း၊ ရွှေပြည်ဟိန်း ကု သိုလ်ဖြစ်ဆေးခန်းနှင့် သွေးလှူအသင်းများ၊ သန့်ရှင်းရေးအသင်းများသည်လည်း ခေတ်၏တောင်းဆိုမှုကို ဖြည့်ဆည်းသည့်အနေဖြင့် ပေါ် ပေါက်လာသော သာသနာပြုအသင်းများဖြစ်ကြပါသည်။

ထိုသာသနာပြုနည်း (၆) မျိုးတွင် အနည်းဆုံး နှစ်ခုသုံးခုကိုလုပ်ဆောင်ရင်း ဘက်စုံအောင်မြင်သည့်ဆရာတော်ကြီးများ လည်းရှိပါသည်။

(၁) လယ်တီဆရာတော်ဘုရားကြီးသည် စာသင်တိုက်ဖွင့်လှစ်၍ စာချ၏၊ အောင်မြင်၏။ တရားဟော၏၊ အောင်မြင်၏။ တရားပြ၏၊ အောင် မြင်၏။ စာရေး (ကျမ်းပြု) ၏၊ အောင်မြင်၏။ သုံးလူ့ရှင်ပင် ခုနှစ်နေ့ဘုရားရှိခိုးမှစ၍ တေးထပ်များ အလယ်၊ ဒီပနီကျမ်းများအဆုံး ဆရားတော် ကြီးပြုစုခဲ့သမျှ ထင်းရှားသည့်ကျမ်းများပင်ဖြစ်ပါသည်။ အင်္ဂလိပ်ခေတ်၌ ဆရာတော်၏ အရွယ်မရွေး လူတန်းစားမရွေး ဖတ်ရှုနိုင်သော စာပေများ၏ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ဘာသာရေးအခြေခံရခဲ့ကြပါသည်။ ကိုးကွယ်မှု အဆင့်အတန်းမြင့်မားခဲ့ပါသည်။ ခရစ် ယာန်သာသနာပြုဆရာတို့ ဆရာတော်ကြီးကို တိုးမပေါက်ပါ။ ယခုချိန်ထိ လယ်တီတိုက်ဟူ၍ မုံရွာမှာထင်ရှားစွာရှိပြီး လယ်တီဆရာတော် အဆက်ဆက်အုပ်ချုပ်လျှက် ပရိယတ္တိသာသနာထွန်းကား ပြန့်ပွားအောင် ဆောင်ရွက်လျှက်ရှိပါသည်။ ပဋိပတ္တိဘက်မှာလည်း လယ်တီ ၀ိပဿနာသည် ယနေ့ထက်တိုင် မရိုးနိုင်သည့် ၀ိပဿနာရှုနည်းအဖြစ် အများစုကလက်ခံနေပါသည်။ လယ်တီ ဦးပဒုမ၊ လယ်တီ ဦးဝိလာသ၊ လယ်တီ ဦးကောဝိဒ၊ လယ်တီ ပဏ္ဍိတဦးမောင်ကြီးစသည်ဖြင့် ဘက်စုံထူးချွန်ထက်မြက်သော သာသနာပြုသူရဲကောင်းများမှာ လယ်တီ ဆရာတော်ဘုရားကြီး၏ လက်ရုံးတပည့်ရင်းများ ဖြစ်ကြပါသည်။

(၂) ပထမမစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ (အဂ္ဂါဘိဓဇ) သည်လည်း ထူးချွန်သောဆရာတော်ကြီးဖြစ်ပါသည်။ ဆရာတော်ကြီး သည် မစိုးရိမ်တိုက်ကြီးနှစ်တိုက်ကို တည်ထောင်နိုင်ခဲ့ပါသည်။ စာသင်သားတို့ ညအခါကျမ်းများ လေ့လာရာတွင် လွယ်ကူအောင် ပဋ္ဌာန်းနှစ် ချက်စုလေ့လာနည်းကို တီထွင်ဆန်းသစ်ခဲ့ပါသည်။ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကြီးနှင့်သာ အံဝင်ခွင်ကျ ကိုက်ညီမှုရှိလှသော သိမ့်မွေ့နက်နဲခက်ခဲသည့် ပဋ္ဌာန်းတရားတော်ကို လူသာမန် ရဟန်းသာမန်တို့ လေ့လာဖို့မလွယ်ကူလှပါ။ တိပိဋိက စာမေးပွဲများတွင်လည်း နှစ်ပုံအောင်ပြီးမှ အဘိဓမ္မာပဋ္ဌာန်းပိုင်းရောက်လျှင် အခက်တွေ့နေပြီး တစ်နေလေ့ ထစ်နေလေ့ရှိကြပါသည်။ အာဒိကမ္မိက တိပိဋိကဓရ မင်း ကွန်းဆရာတော်ကြီးသည်ပင် ပဋ္ဌာန်းကျမ်းများ အာဂုံဆောင်ရန်ခက်ခဲနေ၍ မစိုးရိမ်ဆရာတော်ကြီးထံ နည်းခံခဲ့ရပါသည်။ မစိုးရိမ် ပဋ္ဌာန်းနှစ် ချက်စုနည်းဖြင့်လေ့လာသည့်အခါတွင် ပဋ္ဌာန်းတရားသည် အလွန်လွယ်ကူလွန်းသည်ဟုထင်ရကြောင်း မင်းကွန်းဆရာတော်ကြီးက မိန့်ဖူးပါ သည်။ မစိုးရိမ်ဆရာတော်ကြီး၏ ပဋ္ဌာန်းလေ့လာနည်းသည် ဤမျှထိအောင် ပေါက်မြောက်ခဲ့ပါသည်။ မစိုးရိမ်ဆရာတော်ကြီးသည် လယ်တီ ဆရာတော် မင်းကွန်းဆရာတော်တို့ကဲ့သို့ နယ်လှည့်တရားမဟောသော်လည်း ဘာသာရေး အခမ်းအနားများ၌ ဆရာတော်သြ၀ါဒပေးခဲ့သည့် အဆုံးအမများမှာ မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြ၀ါဒတရားများကဲ့သို့ပင် ဘ၀ကိုပြောင်းလဲစေခဲ့ပါသည်။ ချမ်းမြေ့စေခဲ့ပါသည်။ ထို့ အပြင် ဆရာတော်သည် စာသင်သားသံဃာထုအတွက် အလုပ်တွေအမျာကြီးလုပ်သွားခဲ့ပါသည်။ မန္တလေး-ပရိယတ္တိသာသနာဟိတ အ သင်း ကြီးက တစ်နှစ်တစ်ကြိမ် ကျင်းပသည့် နိကာယ်စာမေးပွဲ၊ မိုးကုတ်မြို့ နိကာယ်စာမေးပွဲနှင့် အနယ်နယ်အရပ်ရပ်၌ နိကာယ်စာမေးပွဲများကို တည်ထောင်ကာ နိကာယ်သာသနာပြုနိုင်ခဲ့ပါသည်။ ဆရာတော်ကြီး၏တပည့်များသည်လည်း ဆရာတော်ကြီးနည်းတူ စွမ်းဆောင်နိုင် ခဲ့ကြပါသည်။ ပရိယတ္တိဘက်မှရော ပဋိပတ္တိဘက်မှာပါ ထူးချွန်ထင်ရှားလှသည့် ဆရာတော်အများစုမှာ ဆရာတော်ကြီး၏ တပည့်ကြီးများဖြစ် ပါသည်။ မစိုးရိမ်တိုက်များမှ ဆရာတော်ကြီးများအပြင် မော်လမြိုင်မြို့ အဂ္ဂါဘိဓဇ တောင်လေးလုံးဆရာတော်ကြီးနှင့် ကျောက်ဆည်မြို့ ဝေဘူဆရာတော်ကြီးတို့မှာ ထင်ရှားသောတပည့်ကြီးများဖြစ်ပါသည်။ ထို့အပြင် ပရိယတ္တိသာသနာကို အဓွန့်ရှည် ထိန်းသိမ်းနိုင်ရန်အတွက် ကျောင်းထိုင်နာယက အရည်အချင်းသတ်မှတ်မှုကလည်း စံတင်ထိုက်လှပါသည်။ အသက်သိက္ခာတော်များနှင့် လုပ်သက်သမ္ဘာများကို ဦးစားပေးမရွေးချယ်ပါ။ ဆွေမျိုးညာတိဟူ၍လည်း ကျောသားရင်သား မခွဲခြားပါ။ စွမ်းနိုင်သူများကိုသာ ရွေးခြယ်သတ်မှတ်တော်မူပါသည်။ ပရိယတ္တိသာသနဟိတ (သကျသီဟ) ဓမ္မာစရိယ (အဘိဝံသ) ဘွဲ့ရပုဂ္ဂိုလ်များကိုသာလျှင် ကျောင်းထိုင်နာယကအဖြစ် ရွေးခြယ်သတ်မှတ် တော်မူပါသည်။ မစိုးရိမ်တိုက်ကြီးများရှိမည်သည့် ရဟန်းတော်များမဆို အဘိဝံသဘွဲ့ရက အလိုအလျောက် (အော်တိုမက်တစ်) ဖြင့် တိုက် တာအုပ်ချုပ်ရေးအဖွဲ့ နာယကစာချစာရင်းဝင် ကျောင်းထိုင်ကျောင်းပိုင် ပုဂ္ဂိုလ်ဖြစ်ခွင့်ရှိပါသည်။ ထို့ကြောင့်လည်း မစိုးရိမ်တိုက်ကြီးများ၌ အဘိဝံသဘွဲ့ရ စာချအကျော် အပါး (၃၀) ကျော်တို့ဖြင့် ပရိယတ္တိသာသနာကို တည်ငြိမ်ခန့်ညား ယနေ့ထိတိုင် စွမ်းဆောင်နိုင်ကြခြင်းဖြစ် ပါသည်။

(၃) ဘာသာဋီကာ ကျမ်းပြုအကျော် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီးသည်လည်း စာသင်တိုက်ဖွင့်သည်၊ အောင်မြင်သည်။ ကျမ်းများ ပြုစုသည်၊ အောင်မြင်သည်။ စာရေးသည်၊ အောင်မြင်သည်။ ဧရာမစာသင်တိုက်ကြီးအဖြစ်အောင်မြင်ခဲ့၍ ဓမ္မကထိကများကဲ့သို့ နည်လှည့် တရားမဟောသော်လည်း ဆရာတော်၏ နံနက်ခင်းသြ၀ါဒများမှာ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များအတွက် ဘ၀တစ်ခုလုံး အကျိုးရှိခဲ့သည့် တရားတော်များအဖြစ် အောင်မြင်ခဲ့ပါသည်။ မဟာဂန္ဓာရုံဆရာတော်များ အဆက်ဆက်အုပ်ချုပ် ဆောင်ရွက်လျှက်ရှိပြီး ပရိယတ္တိဝိသာရဒဂုဏ်နှင့်ပြည့်စုံသော ကျမ်းတတ်အကျော်အမော် တပည့်ကြီးငယ်များ များစွာပေါ်ထွန်းခဲ့ပါသည်။ ရဟန်းပုဂ္ဂိုလ်များအတွက် ဘာသာဋီကာ ကျမ်းပေါင်းများစွာကို ပြုစု၍ အောင်မြင်ခဲ့သလို လူပုဂ္ဂိုလ်များအတွက်လည်း ရတနာ့ဂုဏ်ရည်၊ ကိုယ့်ကျင့်အဘိဓမ္မာဘာသာသွေး၊ ဘုရားဥပ ဒေတော်ကြီး၊ တစ်ဘ၀သံသရာ၊ အနာဂတ်သာသနာ၊ သင်္ဂြိုဟ်ဘာသာဋီကာ စသည့်ကျမ်းများကို ရေးသားပြုစုရာ၌လည်း အောင်မြင်ခဲ့ပါသည်။ နေတတ် ထိုင်တတ် သာသနာပြုတတ်အောင် နိုင်ငံတကာက လေးစားအားကျလောက်အောင် ကျောင်းတိုက်ကြီးကို ခေတ်မီခမ်းနားစွာ တည်ထောင်ခဲ့ပါသည်။ ထူးချွန်ထက်မြက်သော တပည့်ကြီးများနှင့် မဟာဂန္ဓာရုံတိုက်ခွဲများမှာ ရာဂဏန်းမက ထောင်ဂဏန်းမျှထိ ရှိပါသည်။ ထိုအထဲတွင် ကမ္ဘာအေး မဟာဂန္ဓာရုံတိပိဋကဓရဆရာတော် ဦးသုမင်္ဂလာလင်္ကာရလည်း တစ်ပါးအပါအ၀င် ဖြစ်ပါသည်။ တောင်မြို့ မဟာ ဂန္ဓာရုံဆရာတော်ကြီး၏ သာသနာပြုနည်း နည်းစနစ်၊ အုပ်ချုပ်ဖွဲ့စည်းသည့်ပုံစံ၊ ပြုစုသည့်ကျမ်းများနှင့်ရေးသားသည့်စာပေများကြောင့် နှစ်ဆယ်ရာစု မြန်မာ့အထူးချွန်ဆုံး ဂန္ထ၀င်စာရင်းဝင် စာရေးဆရာအဖြစ် မော်ကွန်းအတင်ခံရပါသည်။ ကိုယ်ကျင့်အဘိဓမ္မာ၊ ရတနာ့ဂုဏ်ရည်၊ သင်္ဂြိုဟ်ဘာသာဋီကာတို့မှာ လူပုဂ္ဂိုလ် ပညာရှိများ အနှစ်သက်ဆုံးကျမ်းစာအုပ်များဖြစ်ပါသည်။ ယခု ချိန်ထိလည်း အကြိမ်ကြိမ် ရိုက်နှိပ် ထုတ်ဝေနေရသည့် ခေတ်အဆက်ဆက်ပညာရှိများ လက်ခံနေမည့်စာအုပ်များ ဖြစ်ပါသည်။

(၄) မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးသည်လည်း ဘက်စုံ ထူးချွန်သည့်ဆရာတော်၊ စွယ်စုံရဆရာတော် ဖြစ်ပါသည်။ မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋကလောင်းလျာများ မွေးထုတ်သည့် တိပိဋက စာသင်တိုက် ကြီးနှင့် ရန်ကုန် စကားဝါတိပိဋက စာသင်တိုက်ကြီးများကို တည်ထောင်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီး မရှိတော့သည့် ယနေ့ထိတိုင် ပိဋကတ်အာဇာနည်းများ ပေါ်ထွန်းလျှက်ရှိပါသည်။ ဆဋ္ဌတိပိဋကဆရာတော် ဘဒ္ဒန္တ၀ါယာမိန္ဒမှ အစ ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၊ ဘဒ္ဒန္တ၀ံသပါလာလင်္ကာရစသည်ဖြင့် ပိဋကသုံးပုံ အာဂုံဆောင် ဆရာတော်များ၊ ရေးဖြေအောင် ဆရာတော်များ ပေါ်ထွန်းလျှက်ရှိပါသည်။ ထို့ပြင် မင်းကွန်းဆရာတော်ကြီးသည် ရန်ကုန်မန္တလေး ပရိယတ္တိတက္ကသိုလ် ကြီးများအတွက် တစ်နိုင်ငံလုံး လိုက်လံအလှူခံပေးရင်း တရားဟော သာသနာပြုခဲ့ပါသည်။ ဆရာတော်ကြီး၏ တိပိဋက ဟောစဉ်တရားများမှာ ပါဠိ+အနက်+မြန်မာလို ဖွင့်ဆိုချက်များဖြင့် အဆင့်အတန်းမြင့်လှပါသည်။ ယခုထိတိုင် ရဟန်းပညာရှိ လူပညာရှိများ လက်ကိုင်ထားရ ကိုးကားနေရသည့် ခိုင်ခန့်သော ကျမ်းကြီးများ သဖွယ်ဖြစ်ပါသည်။ ဆဋ္ဌသင်္ဂါယနာ အထိမ်းအမှတ်အဖြစ် ထုတ်ဝေရန် သာသနာ့ဥသျှောင် ဆရာတော်ကြီး၏ တောင်းပန်တိုက်တွန်းမှုအရ ရေးသားပြုစုသော မဟာဗုဒ္ဓ၀င် ၆-တွဲ ၈-အုပ်။ ကျမ်းကြီးများမှာ သာမန်ပုဂ္ဂိုလ်များ တော်တန်ရုံ ကျမ်းဂန်နှံ့စပ်သူးများ၏ ပညာအရည် အချင်းဇွဲလုံ့လ ၀ီရိယဖြင့် မရေးသားနိုင်သည့် ကျမ်းကြီးများဖြစ်ပါသည်။ ရဟန်းပညာရှိ လူပညာရှိများ လက်ကိုင်သုံးစွဲ၍ အားကိုးအားထားပြုရသည့် ဂန္ထ၀င်မြောက် ခိုင်မာသော ကျမ်းကြီးများဖြစ်ပါသည်။ လယ်တီဆရာတော်ကြီး ကဲ့သို့ပင် တေးထပ် ကဗျာများ ရေးစပ်ရာမှာလည်း ကျွမ်းကျင် ပြောင်မြောက်လှပါသည်။ ဆရာတော်ကြီး ငယ်စဉ်မှစ၍ စပ်ဆိုရေးသားခဲ့သော တိပိဋက ကာဗျမာလာ လင်္ကာစာအုပ်ကြီးမှာလည်း ၀ါသနာရှင်များ အားထားရသည့် စာအုပ်ကြီးဖြစ်ပါသည်။ တိုင်းနှင့် ပြည်နယ် ဒေသကြီးများရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တိပိဋက ကျောင်းတော်ကြီးများ သည် ဆရာတော်ကြီး၏ ကျေးဇူးတရားများဖြစ်ပါသည်။

(၅) တောင်စွန်း ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီးဆိုလျှင် စာသင်တိုက်ဖွင့်ပြီး စာချသည်။ နှစ်စဉ်နီးပါး ထိုစာသင်တိုက်မှ အကျော်အမော်များ ထွက်သည်။ အောင်ချက်ကောင်းသည်၊ ရိပ်သာဖွင့်၍ တရားပြသည်။ နှစ်စဉ်ယောဂီဦးရေ လျော့သည်မရှိ တိုးမြဲတိုးသည်။ စာရေးကျမ်းပြုသည်။ ဆရာတော်ပြုစုသော တရားစာအုပ်များမှာ ပရိယတ်ကျမ်းဂန်နှံ့စပ်သော စာချအကျော် ဆရာတော်များကတောင် ချီးကျူးအံ့သြရသည်။ တရားဟောသည်။ အနယ်နယ် အရပ်ရပ်မှ တရားပွဲများကို အချိန်အခါပေးတိုင်း ကြွရောက်ချီးမြှင့်သည်။ တရားနာ ပရိသတ်များမှာ ကိုယ်တွေ့တရားများ၊ သာမန်လူတို့ လက်လှမ်းမမီနိုင်သော သိမ်မွေ့ခက်ခဲနက်နဲသော တရားတော်များကိုနာရ၍ ပင့်ရကျိုး နပ်သည်။ ဤသို့လျှင် တောင်စွန်းဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီးသည် စာချ၊ စာရေး၊ တရားဟော၊ တရားပြရင်းဖြင့် သာသနာပြု တော်မူရာ ဘက်စုံအောင်မြင်သည့်ဆရာတော်ကြီး ဖြစ်ခဲ့ပေသည်။ ဘက်စုံထူးချွန်သည့်တပည့်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပေသည်။ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ ဓမ္မဒူတ အရှင်ပညိဿရ၊ ဓမ္မဒူတ အရှင်ပညာသာရတို့မှာ ဆရာတော်နည်းတူ ဘက်စုံထူးချွန်သည့် သာသနာပြု သူရဲကောင်း ရဟန်းတော်များဖြစ်ပါသည်။

(၆) ကျွန်ုပ်သည် မြန်မာပြည်ရှိ ထင်ရှားကျော်ကြားသည့်ဆရာတော်ကြီးများကို သရုပ်ခွဲကြည့်မိပါသည်။ သံဃာထု၏ လေးစားကြည်ညိုမှု ခံယူရသော ဆရာတော်ကြီးများ၊ လူထု၏လေးစားကြည်ညိုမှုကို ခံယူရသော ဆရာတော်ကြီးများ၊ သံဃာထုရော လူထုပါမကျန် ရဟန်းရှင်လူ ပုဂ္ဂိုလ်အားလုံး၏ လေးစားကြည်ညိုမှုကိုခံယူရသော ဆရာတော်ကြီးများဟူ၍ သုံးမျိုးသုံးစားတွေ့ရပါသည်။ စာချသက်သက်ဖြင့် ပရိယတ္တိသာ သနာပြုတော်မူခဲ့သော ဆရာတော်ကြီးများမှာ သံဃာထု၏လေးစားကြည်ညိုမှုကို ခံယူခဲ့ရပါသည်။ လူထုအတွက် တရားဟော တရားပြ သက်သက်ဖြင့် ပဋိပတ္တိသာသနာပြုတော်မူခဲ့သော ဆရာတော်ကြီးများမှာ လူထု၏လေးစားကြည်ညိုမှုကို ခံယူခဲ့ရပါသည်။ သံဃာထုရော လူထုအတွက်ပါ သာသနာပြုတော်မူခဲ့သော ဆရာတော်ကြီးများမှာ ရဟန်းရှင်လူ ပြည်သူအားလုံး၏ တမ်းတမ်းတတ လွမ်းတသသဖြင့် ပါးစပ်ဖျားမှ မချနိုင်လောက်အောင်၊ နှလုံးသည်းဆိုင်တွင် ခိုင်ခိုင်မာမာ စွဲမြဲနေလောက်အောင် ယုံကြည်လေးစား အားထားကိုးကွယ်မှုကို ခံယူခဲ့ရပါသည်။ ဥပမာ- လယ်တီဆရာတော်၊ မင်းကွန်းတိပိဋကဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံဆရာတော်၊ ဓမ္မဒူတ အရှင်ပညာဇောတဆရာတော်တို့ဖြစ်ပါသည်။

မြတ်ဘုရား၏ သာသနာသည် သံဃာများ စံစားရန်အတွက်သာ မဟုတ်ပါ။ လူပုဂ္ဂိုလ်များ အတွက်လည်း ဖြစ်ပါသည်။ လူပုဂ္ဂိုလ်များအတွက်သာ မဟုတ်ပါ။ သံဃာများအတွက်လည်း ဖြစ်ပါသည်။ လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း ခံစားနိုင်ခွင့် ရှိသည့် သာသနာဖြစ်ပါသည်။ မွေးကင်းစ ကလေးငယ်များမှစ၍ သေမင်း၏ခံတွင်းဝရှိ လူကြီးများအထိ ခံစားပိုင်ခွင့်ရှိပါသည်။ ထို့ကြောင့် အရည်အချင်းရှိသော စွမ်းနိုင်သော ပိဋိကတ် အကျော်အမော် ဆရာတော်များသည် သံဃာထုအတွက်ရော လူထုအတွက်ပါ အလုပ်လုပ်သင့်လှပါသည်။ သာသနာပြုရဟန်းတော်များ မွေးထုတ်ပေးဖို့လိုသလို လူသားတိုင်း အသိအလိမ္မာရှိအောင် ဘ၀နေနည်းထိုင်နည်းသိအောင် နေတတ်ထိုင်တတ် သွားတတ်လာတတ် ပြု မူဆောင်ရွက်တတ် ပြောဆိုဆက်ဆံတတ် နှလုံးသွင်းတတ် အနေတတ် အသေမြတ်အောင် သာသနာပြုဖို့လည်း လိုအပ်လှပါသည်။

ယနေ့သံဃာအများစုသည် ဒကာပေါများရန်အတွက် ဒကာရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်၍ သာသနာပြုနေကြပါသည်။ စင်စစ် ဆရာ ဒကာတော်စပ်မှုမှာ ခိုင်မြဲသောသဒ္ဓါတရားမရှိလှပါ။ အပေါ်ယံတော်စပ်မှု သဒ္ဓါအတုသာဖြစ်ပါသည်။ “ဒကာက လှူမည် ဆရာက ယူမည်” ဆိုသည့် အတိုင်းအတာသည် သဒ္ဓါတရားပေါ်မှာ အခြေခံနေပါသည်။ ထိုအခါ ဆရာက ဒကာမှာ အမြင်မတော်တာရှိလျှင်ပင် မဆုံးမရဲ မပြောရဲတော့ပါ။ ဆုံးမပဲ့ပြင်လိုက်လျှင် ဒကာဘက်မှ သဒ္ဓါတရားပျက်သွားမှာ စိုးရိမ်လာပါသည်။ ထို့ကြောင့် ဒကာများကို အလိုလိုက်ရင်း ဆရာရော ဒကာပါ တဖြည်းဖြည်းဖြင့် ပျက်စီးလာတတ်ပါသည်။ ဒကာဘက်မှကြည့်လျှင်လည်း ဆရာကိုကြည်ညိုလျှင် လှူမည်။ အကြည် ညိုပျက်လျှင် လှူမည်မဟုတ်တော့ပါ။ အကြောင်းမှာ ဆရာ ဒကာတော်စပ်မှု သဒ္ဓါတရားဖြင့် တည်ဆောက်ထားသောကြောင့် ဖြစ်ပါသည်။

ယနေ့ သံဃာအများစုသည် တပည့်ပေါများရန်အတွက် တပည့်ပျိုးထောင်ရေးလုပ်ငန်းများကို မသိကျိုးကျွံပြုလျှက် ရှိပါသည်။ ဆရာ တ ပည့်တော်စပ်မှုသည် မေတ္တာ စေတနာ ကရုဏာ မုဒိတာ သြဇာတို့ဖြင့် တည်ဆောက်ထားသောကြောင့် ခိုင်မြဲပါသည်။ ဆူပူကြိမ်းမောင်း ရုံဖြင့်လည်း အကြည်ညိုမပျက်ပါ၊ ရိုက်နှက်ဆုံးမလျှင်လည်း အကြည်ညို မပျက်ပါ။ တကယ့်သဒ္ဓါတရားအစစ်ဖြစ်ပါသည်။ အပေါ်ယံ ကြည် ညိုမှုမဟုတ်ပါ။ အတွင်းကျကျ ထဲထဲဝင်ဝင် ချစ်ကြောက်ရိုသေမှုဖြစ်ပါသည်။ ထို့ကြောင့် သိက္ခာရှိရှိ ဘုန်းကံကြီးလို လာဘ်များလိုသော သံဃာများသည် တပည့်များ ပြုစုပျိုးထောင်သင့်လှပါသည်။

ဆရာဒကာ ဆက်ဆံရေးနှင့် ဆရာတပည့်ဆက်ဆံရေးကွာဟမှုကို ဥပမာပြုပါဦးမည်။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးသည် အနေအထိုင် ကောင်း၏။ ဆက်ဆံရေးတော်၏။ ကြည်ညိုဖွယ်ဆောင်၏။ ထို့ကြောင့် ရပ်ရွာက လေးစားကြည်ညို၏။ ထောက်ပံ့လှူဒါန်းကြ၏။ တစ်နေ့တွင် ကျောင်းဒကာမိသားစုက ဆွမ်းချိုင့်လာယူရာတွင် ဆရာဘုန်းကြီး ညစာစားနေသည်ကို တွေ့သွားကြ၏။ ကျောင်းဒကာများ အကြည် ညိုပျက်ကာ တသက်လုံး ဆွမ်းမပို့တော့ပါ။ ဆရာဒကာတော်စပ်မှုမှာ ဒကာ့အပေါ်တွင် ဆရာကမှီနေရသဖြင့် အချိန်မရွေး အကြည်ညို ပျက် နိုင်ပါသည်။ အချိန်မရွေး ဆက်ဆံရေးပြိုကွဲနိုင်ပါသည်။ ထို့ကြောင့်ပင် ကျောင်းဆောက်ပြီးကာမှ ရေစက်မချနိုင်တော့ဘဲ ပစ်ထားခံရသည့် ဘုန်းကြီးများ ကျောင်းဆောက်ပြီးကာမှ ပန္နက်အုတ်မြစ်ပါမကျန် ပြန်ဖျက်ယူသွားကြသည့်ဒကာများဖြင့် ဆရာဒကာပြိုကွဲမှုများ တွေးမြင်နေ ရခြင်း ဖြစ်ပါသည်။

ကျောင်းထိုင်ဘုန်းကြီးတစ်ပါးသည် အနေအထိုင်ကောင်း၏။ သာသနာအတွက် အလုပ်လုပ်၏။ ရပ်ရွာကျိုးဆောင်ရွက်၏။ သို့သော် ထို ဘုန်းကြီးမှာ လူမှုဆက်ဆံရေးမတတ်ပါ။ အပေါက်ဆိုးလှပါ၏။ ထိုသို့အပြောဆိုးသော်လည်း သဘောရိုးကိုသိနေကြ၍ တပည့်များက လေး စားရိုသေကြပါသည်။ တစ်နေ့ ထိုဘုန်းကြီး ညစာစားနေစဉ် တပည့်ကျောင်းဒကာ မိသားစုများနှင့် ပက်ပင်းတွေ့ပါသည်။ ထိုအခါ ကျောင်း ဒကာနှင့် ကျောင်းအမက ကလေးများကိုပထုတ်ကာ ဘုန်းကြီးစားပြီးသည်များကို ဆေးကြောသန့်ရှင်းပေးခဲ့ပါသည်။ နောင်အခါများတွင် ဆရာဘုန်းကြီးဗိုက်ဆာလျှင် အလွယ်တကူစားနိုင်သည့် အစာအာဟာရများ၊ ဆရာဘုန်းကြီးကြိုက်တတ်သော အစာအာဟာရများ ပို့လှူ ထားပါတော့သည်။ ဆရာတပည့်တော်စပ်မှုသည် ခိုင်မြဲသောသဒ္ဓါတရားဖြင့် ချီနှောင်ထားခြင်းဖြစ်ကြောင်း သက်သေဖြစ်ပါသည်။ မေတ္တာ ကရုဏာ မုဒိတာတို့ဖြင့် အပြန်အလှန် လေးစားကြည်ညို ချစ်ခင်နေကြ၍ ဆရာဘုန်းကြီး မှားကွက်များကို အပြစ်မမြင်ပါ။ သြော် . . . သူလဲ ဆာရှာပေမည်ကိုးဆိုသည့် ကိုယ်ချင်းစာတရား ကိန်းဝပ်နေပါသည်။

ဆရာတော်ကြီးတစ်ပါးသည် ငယ်စဉ်အခါ တပည့်ကျောင်းသားများကို စာပေသင်ကြားပို့ချပေးတော်မူခဲ့ပြီး ထိုဆရာတော် သက်တော်ကြီး ရင့်လာသည့်အခါ ထိုဆရာတော်၏တပည့်တစ်ယောက်သည် အစိုးအရအဖွဲ့တွင် ထိပ်တန်းအရာရှိကြီးတစ်ယောက် ဖြစ်နေသည်ကို တွေ့ရ လေ၏။ ထိုအရာရှိကြီးက မိမိဆရာကိုကျေးဇူးဆပ်လို၍ ဆရာအကြောင်းစုံးစမ်းသည့်အခါ ထိုဆရာတော်ကြီးမှာ ရဟန်းသိက္ခာ ပျက်စီးနေ ပေပြီ။ ရပ်သိရွာသိ အကုန်လုံးသိနေကြပါသည်။ သို့တိုင် ထိုတပည့်ကြီးမှာ အကြည်ညိုမပျက်ပါ။ ကျောင်းဆောက်လှူသည်၊ ကား ၀ယ် လှူသည်။ ကျန်းမာရေးအတွက် စောင့်ရှောက်ခဲ့ပါသည်။ ဆရာတပည့်တော်စပ်မှုသည် ဘယ်သူဖျက်ဖျက် မပျက်နိုင်သည့် သဒ္ဓါတရားအပေါ် မူတည်နေသည်ကို ဆရာတော်ကြီးက သက်သေပြသွားခြင်းဖြစ်ပါ၏။

ထို့ကြောင့် အနာဂတ်သာသနာ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ညီငယ်သံဃာများကိုမှာကြားလိုသည်မှာ အတိမ်းအစောင်းမခံ သည့် ဒကာ/မ ရှာဖွေရေးလုပ်ငန်းများဖြင့် သာသနာပြုခြင်းကိုရှောင်ကြဉ်ပြီး ခိုင်မြဲသောသဒ္ဓါတရားဖြင့် သာသနာကို တကယ်ကြည်ညိုမည့် အစစ်အမှန်သဒ္ဓါတရားများတိုးပွားအောင် တပည့်များကိုပြုစုပျိုးထောင်ပေးဖို့ ဖြစ်ပါသည်။ အကျိုးအမြတ်ကြီးသလို အရင်းအနှီးလည်း ကြီး မားပါသည်။ ရယူလိုလျှင် ပေးဆပ်ရမည် ဖြစ်ပါသည်။

ကိုယ်ကျင့် သိက္ခာမြင့်မားရမည်၊ စိတ်ရင်းကောင်းရမည်၊ သဘောထားကြီးရမည်။ စေတနာကောင်းဖြင့် အလုပ်များများ လုပ်ရမည်။ ဤ သည်မှာ ဆရာဘက်မှ ပေးဆပ်ရမည့် အရင်းအနှီးများ ဖြစ်ပါ၏။ ထိုအရင်းအနှီးများမှ ဘုန်းကံကြီးခြင်း လာဘ်များခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း၊ သြဇာကြီးခြင်း၊ ပါရမီပြည့်၍ နိဗ္ဗာန်ရောက်သည့် တိုင်အောင် ကောင်းကျိုးခံစားရခြင်းစသည့် အသီးအပွင့် အကျိုး အမြတ်များ ဖြစ်ထွန်းလာမည် ဖြစ်ပါ၏။ ရှေးဆရားတော်ကြီးများသည် ဤနည်းဖြင့် သြဇာတည်ဆောက်ခဲ့ပါ၏။ သာသနာပြုတော်မူခဲ့ပါ၏။ အပင်မပျိုးဘဲ အညွန့်မချိုးကြပါ၊ ရေတွင်းမတူးဘဲ ရေကြည် မသောက်ခဲ့ကြပါ၊ မရင်းနှီးဘဲ မသီးမပွင့်ချင်ကြပါ၊ ဤသည်ကို ညီနောင်အများ သတိထားဘို့လိုပါ၏။

မိမိသည် သာသနာဥသျှောင်မထေရ်ကြီးများကို အကဲခတ်လေ့လာကြည့်ဖူးပါ၏။ ဂဏာဓိပတိ ဆရာတော်ကြီးတစ်ပါးကပြောသည်မှာ “ငါ တို့ ဂိုဏ်းက ဒကာဦးရေသာများတာ၊ သံဃာဦးရေအနည်းသား” ဟု ဖြစ်၏။ တခြားဂိုဏ်းမှ သံဃာ့ဥသျှောင် ဆရာတော်ကြီး တစ်ပါးကလည်း “ငါတို့ဂိုဏ်းက သံဃာသာများကျတာ၊ ဒကာကျတော့ သူတို့ကိုမမီဘူးဗျ”ဟု သြ၀ါဒ ပေးသည်ကို တွေ့ရပါသည်။ လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွင်ရင်း သာသနာပြုလျှင် လူထုမေတ္တာခံစားရမှာ ဖြစ်ပြီး သံဃာအကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရင်း သာသနာပြုလျှင် သံဃာထု၏ မေတ္တာကို ခံစားရမည်ဖြစ်ပါသည်။ လူထုရော သံဃာထုပါမကျန် သာသနာတော်တစ်ရပ်လုံးအတွက် အလုပ်လုပ်ပါမူ လူထုမေတ္တာရော သံဃာထု၏ မေတ္တာပါခံယူရမှာ ဖြစ်ပါသည်။

မည်သည့်ဂိုဏ်းပင်ဖြစ်စေကာမူ အလုပ်မလုပ်လျှင် မကြီးပွားနိုင်ပါ။ မြတ်စွာဘုရားသည် သံဃာထုရော လူထုအတွက်ပါမကျန် အလုပ်လုပ်ခဲ့ သည်။ သာသနာပြုခဲ့သည်။ အပင်ပန်းခံ၊ အဆင်းရဲခံ၊ အနစ်နာခံခဲ့သည်ကို မမေ့ကြဘို့လိုပါ၏။

(ဤစာမူကို မန္တလေးအိုးဘိုထောင်၌ နေစဉ် ၂- ၃- ၂၀၀၅ (၁၃၆၆ ခု၊ တပို့တွဲလဆုတ် ၇ ရက်) ခုနှစ်ကရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရပါ သည်။)

Posted by Aung Htet at 8:58 AM 0 comments